အသံတိတ်ပေမယ့် အလံမလိပ်ဘူး
- Myat Tun Oo
- Mar 24, 2021
- 1 min read
ဆန္ဒပြပွဲတွေဟာ မအလရဲ့ အကြမ်းဖက်အဖွဲ့က ရက်စက်စွာနှိပ်နင်းနေတဲ့ကြားက ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။ ရန်ကုန်မှာတော့ ယခင်ကလိုလူအုပ်ကြီးတွေထွက်ဖို့က ပစ်အားများနေလို့ မြေပြင်ပေါ်ကလက်တွေ့လုပ်နေသူရတွေအတွက် ခက်ခဲလာပါတယ်။ အချို့ကလဲ ပြောက်ကျားသပိတ်၊ အချို့ကလဲလူမဲ့သပိတ်တွေနဲ့ နည်းမျိုးစုံနဲ့ မအလအာဏာသိမ်းတာကို မကျေနပ်ကြောင်း ဆက်လက်ပြသနေခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ တိုင်းပြည်တစ်ခုလုံး မအလကို အလိုမရှိကြောင်း ဘယ်လိုဆက်လက်ဆန္ဒပြမလဲဆိုတဲ့မေးခွန်းရှိလာခဲ့ပါတယ်။
အစပိုင်းမှာ silent strike လို့ပြောတော့ စာရေးသူလဲ မိမိမသိတဲ့ကိစ္စမိုလို့ ဝင်မပါခဲ့ပါ။ silent strike လုပ်သင့် မလုပ်သင့်လဲ အစပိုင်းမှာ ငြင်းခုံမှုတွေရှိခဲ့ပါတယ်။ မနေ့ကညမှာ ပြည်သူတွေကို ပုံမှန်အတိုင်းလမ်းပေါ်ထွက်ပါလို့ မအလနောက်လိုက်များက လိုက်အော်ချိန်မှာတော့ သူတို့ဒီဟာကိုဖြစ်မှာ ကြောက်နေပြန်ပြီဆိုတာ သိလိုက်ရပါတယ်။
ဒီနေ့မှာတော့ တစ်တိုင်းပြည်လုံးမှာ ကချင်မှသည် မြိတ်အထိ ပြည်နယ် ပြည်မ အားလုံးက အသံတိတ်နဲ့လူညီစွာနဲ့ ဆန္ဒပြတာကို တွေ့လိုက်ရပါတယ်။ အဆိုပါသပိတ်ကို နိုင်ငံခြားက အသံလွှင့်ဌာနတွေကလဲတကူးတက လွှင့်သွားတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုသပိတ်က သူတို့လဲမတွေ့ဖူးဘဲထူးဆန်းနေလို့ပါ။ ဒါ့ကြောင့် ဒီနေ့သပိတ်ဟာ အောင်မြင်စွာနဲ့ မအလကို ပြည်သူတွေကာမကြိုက်ဖူးဆိုတာ ပြလိုက်တာပါ။
ဒါဆို silent strike သာ လုပ်ရမလား? ယခုဟာ ပစ်ခတ်နှိပ်နင်းမှုကြောင့် ဗျူဟာအရ ခဏပြောင်းလိုက်ပုံပါ။ အချိန်တန်ရင် လမ်းပေါ်ပြန်ထွက်ရအုံးမှာပါ။ အထူးသဖြင့် မတ် ၂၇ ရက်မှာ ငြိမ်သွားမလား ဆက်ပြီးပြည်သူတွေက အာခံနေမလားဆိုတာ စမ်းသပ်ပွဲပါ။ နောက်ပိုင်းမှာ ပြည်သူတွေကို စောင့်ရှောက်တဲ့လက်နက်ကိုင်တွေ မြို့ပေါ်ရောက်လာရင် ဆန္ဒပြရတာ ပိုအဆင်ပြေလာမှာပါ။ လက်ရှိမှာတော့ ပြည်သူတွေက တိတ်လိုက် လမ်းပေါ်ထွင်လိုက် လုပ်နေရမှာပါ။ ယခုအချိန်မှာ ခံစစ်နဲ့တင်းထားပြီး စစ်ကူလာရင် တိုက်စစ်ပြန်စရမှာပါ။
Photo Credit: Myanmar Now




















Comments