top of page
Search

ကျေးဇူးတင်သည် NUG

  • Writer: Myat Tun Oo
    Myat Tun Oo
  • 2 hours ago
  • 1 min read

NUG ရဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေကို အချို့က ဝေဖန်ကြသလို အချို့သတင်းသမားတွေကလည်း မိမိနှင့် သိသူ အဖမ်းခံရရင် တရားစီရင်တာက ကြာတယ်၊ မိမိလိုသလို ရလဒ် မဖြစ်လာရင် တရားမမျှတဘူးလို့ ထအော်ကြတာ တွေ့ရပါတယ်။

မနေ့က တတိယအုပ်စုတွေ၊ လူ့အခွင့်အရေးသမားတွေ လေးစားအားကျ အတုယူတဲ့ ကုလရဲ့ ဆက်စပ်အဖွဲ့ ICC ရဲ့ ရှေ့နေချုပ်ကို တိုင်ကြားသူ အမျိုးသမီးက CNN နှင့် အင်တာဗျူးပြီး သူမ တိုင်ကြားရတဲ့ အကြောင်းအရာကို စတင်ပြောပါတယ်။

သူမ တိုင်တာက NUG ကို တတိယအုပ်စုကတိုင်သလို မကြည်ပြာ ယောက်ျားကို အပုတ်ချသလို Love နှင့် Like က တူလားဆိုတဲ့ ကိစ္စလောက် မဟုတ်ပါ။ နောက်ပြီး သူမက NUG ကို အပုတ်ချသူများက အင်တာဗျူးတွေ ပေးပြီး လူထုရဲ့ အထင်မှားအောင် မြောက်ကျော်သူတို့နှင့် အင်တာဗျူးတွေ ကြိုပေးတာလည်း မဟုတ်ပါ။

သူမက မလေးရှားလူမျိုး မွတ်ဆလင်ပါ။ စွပ်စွဲခံရသူ ရှေ့နေချုပ်ကလည်း ပါကစ္စတန်နွယ်ဖွား မွတ်ဆလင်ပါ။ ပုံမှန်မှာ လူမျိုး၊ ဘာသာတွေ မရေးရပေမယ့် ဒီကိစ္စမှာတော့ အချို့က အစ္စရေးက လုပ်ကြံတာလို့ ရေးကြ၊ ပြောကြလို့ လူမျိုး၊ ဘာသာက အရေးကြီးသွားပါတယ်။ အချို့က ရှေ့နေချုပ်ရဲ့ ပါကစ္စတန်အနွယ်ကို ထည့်ရေးတာက သူနေထိုင်တဲ့ ယူကေမှာ အဆိုပါနွယ်ဖွားတွေက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းမှုကျူးလွန်လို့ စုံစမ်းစစ်မှုတွေ လုပ်ရလို့ ထောက်ပြရေးသင့်တယ်လို့ ဆိုကြပါတယ်။

သူမ ပြောသွားတာတွေက ဘာကို ပြသလဲဆိုတော့ သူမကို အကြိမ်ကြိမ် အခါခါ ကျူးလွန်ခဲ့တယ်ဆိုတာပါ။ Love နှင့် Like မှားတာ မဟုတ်ဘဲ သူမကို ICC ရှေ့နေချုပ်က သူ့ရဲ့ ရာထူး၊ အရှိန်အဝါကို အသုံးချပြီး မုဒိမ်းမှုလိုမျိုး ကျူးလွန်ခဲ့တာပါ။

ဒီနေရာမှာ NUG ဟာ ICC ထက် အချိန်တိုအတွင်းမှာ သူ့မှာ ရှိတဲ့ အရင်းအမြစ်နှင့် စုံစမ်းစစ်ဆေးနိုင်တယ်ဆိုတာပါ။ ICC အမှုက မပြီးသေးဘဲ ဒီရှေ့နေချုပ်ကိုတော့ သူ့ အင်္ဂလန် ဘားကောင်စီက လိုင်စင် ရပ်ထားလိုက်ပါတယ်။ သူ့ကို ကုလရဲ့ ICC အဖွဲ့ဝင် နိုင်ငံစုံအဖွဲ့က အပြစ်ရှိမရှိ ဒီနေ့ ၂၄ ဇူလိုင်မှာ မဲပေးဖို့ စောင့်နေပါတယ်။ နှစ်နှစ်ကျော်အထိ ဘာမှ တရားမစီရင်နိုင်သေးပါ။

ဒီ ICC အဖွဲ့နှင့် နှိုင်းယှဉ်ရင် NUG ရဲ့ စုံစမ်းစစ်ဆေးမှုဟာ မြန်မာ့စံတင်မက ကမ္ဘာ့အဆင့် ICC ထက်တောင် သာလွန်နေတာ တွေ့ရမှာပါ။ ဒီနေရာမှာ ICC ကို ကာကွယ်လိုသူတွေက ICC ရှေ့နေချုပ်ကို အစ္စရေး ထောက်လှမ်းရေးက လုပ်ကြံတာလို့ ထောက်ပြနိုင်သလို NUG ကိုလည်း စရဖတွေ၊ ကွန်မြူနစ်တွေ၊ အာဏာကို အချောင် လိုချင်တဲ့ တတိယအုပ်စုက လုပ်ကြံတာလို့ စာရေးသူတို့က ပြန်ထောက်ပြလို့ ရတယ်ဆိုတာ မမေ့ပါနှင့်။ ဒီကြားထဲက NUG ဟာ စုံစမ်းစစ်ဆေးသွားတာပါ။ ICC ထက်ပိုမြန်တာလဲ တွေ့ရပါတယ်။

NUG အနေနဲ့ ယခု ကုလနှင့် ညီတဲ့ ICC အဖွဲ့လို နောက်ပိုင်း မိမိ NUG တပ်က ရာထူးကြီးသူတွေ၊ ဝန်ကြီးတွေကို စွပ်စွဲရင် ဝန်ကြီးတစ်ယောက်ရဲ့ မှတ်ချက် မဟုတ်ဘဲ အများမဲနှင့် စီရင်ချက်ချတာလေးကိုတော့ ဆရာကြီး ဇော်ဝေစိုး အနေနဲ့ လေ့လာမိမယ် ထင်ပါတယ်။ ဘာပဲ ပြောပြော NUG က ICC ထက် လျင်မြန်စွာ စုံစမ်းနိုင်လို့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပြည်သူများ အနေနဲ့လည်း အမှန်ကို မြင်အောင် NUG ရဲ့ လုပ်ဆောင်ချက်တွေကို ကမ္ဘာ့အဖွဲ့ ICC နှင့် နှိုင်းယှဉ် မြင်တတ်ပါစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page