top of page
Search

ကြက်ဥမှ ပြောသော မအလ ရက် ၁၀၀ ဘာတွေ အောင်မြင်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • 2 minutes ago
  • 2 min read

သတင်းသမားများက NUG ကို မကောင်းကြောင်းသာ အများစု ရေးပြီး သူတို့ အင်တာဗျူးသူကလည်း NUG ဖောင်းထုသူများသာ ဖြစ်လို့ သာမန် ပြည်သူတွေအနေနဲ့ တွေဝေသွားနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက ပညာတတ်၊ ကိုယ်သိ ကိုယ်တတ်၊ စောက်ရမ်းတော်တယ်လို့ မိမိကိုယ်ကို သတ်မှတ်သူ ပညာရှင် လူတန်းစား၊ သတင်းသမား လူတန်းစားကို လက်ခလယ် ထောင်ပြခဲ့တာက ယူကေက ခွဲထွက်ရေး (Brexit) မဲခွဲမှု၊ အမေရိကန်က သမ္မတ ထရမ့် ရွေးကောက်ပွဲတို့က ထင်ရှားတဲ့ ကမ္ဘာ့ ဥပမာတွေပါ။ မြန်မာပြည်မှာလည်း NLD ကို လူတွေ စိတ်ပျက်နေသယောင် ထင်ယောင်ထင်မှား ဖြစ်အောင် စရဖနဲ့ သတင်းသမား အချို့ ပေါင်းလုပ်ခဲ့သလို ကွန်ကြောင်တွေကလည်း မဲမပေးရေး လှုပ်ရှားခဲ့ပေမဲ့ ပြည်သူက အမေစုကိုသာ သောင်ပြိုကမ်းပြို ရွေးခဲ့ကြပါတယ်။

ယခု မအလက ရွေးတုကနေ စစ်ခွေးသမ္မတတု လုပ်ပြီး ရက် ၁၀၀ အကြာမှာ ဘာတွေ တိုးတက်သွားခဲ့ပါပြီလဲ။


စစ်ရေး

မအလဟာ ရက် ၁၀၀ အတွင်း NUG အောက်က မြို့အချို့ကို သိမ်းနိုင်ခဲ့တာက အမှန်တရားပါ။ ဒါပေမဲ့ ထိခိုက်သေဆုံး စာရင်းက ၅၀၀၀ ကျော်တာ တွေ့ရပါတယ်။ ဒါက ရခိုင်ဒေသ၊ ချင်းဒေသလည်း ပါလို့ NUG ဒေသသာလို့ ပြောရခက်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရလို့ ပင်စင်ပေးတာ၊ ပြန်လည်နေရာချထားဖို့က သောင်းဂဏန်းပါ။ ဒီနေရာမှာ အချို့က စစ်မတိုက်ချင်လို့ အရပ်ဘက် ပြောင်းလိုသူ အရာရှိအဆင့်တွေလည်း ရှိလို့ ဒါက စစ်ကြောင့် ဒဏ်ရာရသူလို့ သတ်မှတ်ဖို့တော့ ခက်ပါတယ်။

ဒါဆိုရင် NUG ထံက သိမ်းပြီးတဲ့ မြို့တွေမှာ မအလတပ်က လုံးဝ ထိန်းချုပ်သွားနိုင်ပြီလား။ မန္တလေးနားက မြို့တွေအနားမှာတောင် ပြန်အတိုက်ခံနေရလို့ မအလတပ်က သေတာတွေ ရှိနေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ကချင်နဲ့ နယ်စပ် စစ်ကိုင်းက မြို့တွေမှာက ကာကင်းစခန်းတွေ ပြန်အတိုက်ခံရလို့ သေဆုံး ဒဏ်ရာရသူတွေက ရာဂဏန်းပါ။ ပြန်ဆုတ်ပေးရတာတွေလည်း ရှိနေပါတယ်။

နောက် NUG က မြို့မသိမ်းဘဲ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ စစ်ကိုင်း၊ မကွေးမှာလည်း မအလတပ်ဟာ စစ်ကြောင်းလိုက် အတိုက်ခံနေရပါတယ်။ ဒါက မြို့မပေးလိုက်ရပေမဲ့ မအလတပ်ဟာ စစ်ကြောင်းကြီးကြီးနဲ့သာ ထွက်ရဲပြီး ဒါကိုလည်း NUG အောက်က PDF တွေ၊ ပကဖတွေက ဝိုင်းတိုက်လို့ အသေအပျောက် ရှိနေပါတယ်။

ဒါဆိုရင် ဘာလို့ လိုင်းပေါ်မှာ မတွေ့လဲ။

မြောက်ပိုင်း စစ်ဒေသဟာ ယခင်က ဆယ်လီများခဲ့ပေမဲ့ နဂါးအပြီးမှာ ဆယ်လီတွေ ခြေငြိမ်လာပြီး NUG ရဲ့ MOD ရဲ့ အမိန့်နဲ့ အသံတိတ် တိုက်ပွဲဝင်နေတာ တွေ့ရပါတယ်။ အချို့ ကိစ္စတွေမှာက ဘီဘီစီလို သတင်းဌာနမျိုးက PDF တွေ အသက်ပေးရရင် အောက်က PDF တွေက ချက်ခြင်း တင်လို့ အတည်ပြုချက် ရသလိုနဲ့ သူက သတင်းတင်ပေမဲ့ မအလတပ်က တပ်ရင်းမှူး တိုက်ပွဲမှာ ခွေးဖြစ်သွားတာ၊ မအလတပ်ရင်းမှူးကို သူ့အောက်က ပြန်ပစ်သတ်တာကိုတော့ သတင်းခေါင်းစဉ်နဲ့ မတင်ဘဲ မအလ ဆိုက်ဝါး လုပ်ပေးလို့ပါ။ သူက သတင်း အတည်မပြုနိုင်လို့ဆိုပြီး ဆင်ခြေပေးပါတယ်။ ဒါကြောင့် အချို့ ကိစ္စတွေက မအလတပ်ထဲမှာ ပြဿနာ မရှိသလို ဘီဘီစီ မြန်မာပိုင်းက ဖုံးဖိပြီး တပ်ပြဿနာဟာ NUG အောက်က PDF မှာသာ ရှိသလို ပြည်သူတွေ အထင်ရောက်စေအောင် ဝိုင်းတင်ကြတာပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အချို့ တောင်ပိုင်းက နယ်စပ်နားမှာ ဘာမှ မတိုက်ဘဲ လိုင်းပေါ်တက်သူ ယခင် PDF ဟောင်းတွေ ရှိပေမဲ့ စစ်တောင်းမြစ်နားက တကယ် တိုက်နေတဲ့ အဖွဲ့တွေကလည်း လက်သံပြောင်နေပါတယ်။

ဒီနေရာမှာ NUG PDF က နေပြည်တော်ကို ဘယ်တော့ သိမ်းနိုင်မလဲ အတိအကျ မပြောနိုင်ပေမဲ့ မအလတပ်ကတော့ စစ်ကိုင်း၊ မကွေးကို ထိန်းမရဘူးဆိုတာ ရက် ၁၀၀ မပြောနဲ့ ရက် ၁၀၀၀ လည်း မရနိုင်တာ သေချာပါတယ်။ ရက် ၁၀၀ မှာ မရခဲ့တာက ပြည်သူများ သိပြီးသားပါ။

နောက် မအလတပ်ထဲ ပြဿနာက စစ်သားသစ် ကိစ္စပါ။ စစ်သားစုဆောင်းရာမှာ အစပိုင်း အဆင်ပြေခဲ့ပေမဲ့ ယခု ပြည်တွင်းက ယောကျာ်းလေးတွေ ကုန်လာနေပါပြီ။ ဒါကြောင့် အတင်းဖမ်း၊ ပြန်ပေးဆွဲသလိုမျိုး ပေါ်တင် စလုပ်လာနေတာပါ။ နောက် နိုင်ငံခြားရောက်သူတွေကို မိဘတွေ ဖိအားပေးပြီး ပြန်ခေါ်ဖို့ ကြိုးစားမှာပါ။ ဒါပြီးရင် အမျိုးသမီးတွေကို စခေါ်ပါတော့မယ်။ ဘာလို့လဲဆိုတော့ စစ်ပွဲတွေမှာ မအလတပ်က အသေများနေလို့ပါ။ လူအင်အား ဖြည့်နိုင်မှသာ လက်ရှိ အခြေအနေကို ထိန်းထားနိုင်မှာပါ။ ဒါက နေပြည်တော် မကျအောင်ပါ။


နိုင်ငံရေး

မအလကို ဘယ်သူမှ အသိအမှတ် မပြုပေမဲ့ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေက အသိအမှတ်ပြုတာ အဆင်မပြေဘူးလားလို့ မေးသူများ ရှိနိုင်ပါတယ်။ ဆီးရီးယားက အာဆတ်ကိုလည်း ရုရှား၊ တရုတ်နဲ့ သူ့အိမ်နီးချင်းတွေက အသိအမှတ်ပြုခဲ့ကြတာပါဘဲ။ နောက်ဆုံးကတော့ ထွက်ပြေးရတယ်ဆိုတာ မမေ့ပါနဲ့။ အရေးကြီးတာက ပြည်သူပါ။ သူ ပြည်သူကို ကြောက်နေတယ်ဆိုတာက အမေစုကို ပြန်မလွှတ်ရဲတာ၊ ဘယ်သူနဲ့မှ ပေးမတွေ့ရဲတာတွေက ပြနေပါတယ်။

သူ့ကို ထောက်ခံတဲ့ တရုတ်၊ ထိုင်းတို့ကလည်း အမေစု ကိစ္စကို ပြောဆိုနေလို့ သူ အမေစုကို လွှတ်မှသာ အာဆီယံနဲ့က အဆင်ပြေမှာပါ။ အနောက်အုပ်စုကိုတော့ မအလက သေတောင် ဂရုမစိုက်ပါ။ ထရမ့်က ထအော်ရင်တော့ ကြောက်မှာပါ။ သူ ကြောက်တာ ထရမ့်သာ ရှိပြီး အီရန် ကိစ္စကိုလည်း သူ့ထံ အမြဲ သတင်းပို့နေကြရတာပါ။

နိုင်ငံရေးမှာ ပထဝီ အနေအထားအရ အာဏာရှင် အချို့က သူ့ကို ဆက်ဆံနိုင်ပေမဲ့ ပြည်သူ မပါရင် ဘာမှ မထူးနိုင်ပါ။


စီးပွားရေး

ဘယ်သူတွေ ဘာပြောပြော မအလက စီးပွားရေး ကောင်းအောင် လုပ်ပေးနိုင်ရင်တော့ ကွန်မြူနစ်လည်း အုပ်ချုပ်နိုင်မှာပါ။ ဒါပေမဲ့ စစ်တက္ကသိုလ်က အကုန် သင်ပေးလိုက်သလို ရှိပေမဲ့ တကယ်တမ်း စီးပွားရေးမှာ ခိုးတာကလွဲလို့ ဘာမှ မတတ်ပါ။


ပြည်သူတွေက နိုင်ငံခြားက လာတဲ့ ကုန်ပစ္စည်းတွေ၊ ဆေးတွေ မရနိုင်တာက အများစုကို မထိပေမဲ့ ကြက်ဥဈေးက တက်နေလို့ ကြက်ဥတောင် စားရဖို့ ခက်နေပါပြီ။ ဆန်တက်ရင် ဆန်ကုန်သည် ဖမ်း၊ ရွှေတက်ရင် ရွှေကုန်သည် ဖမ်း စနစ်နဲ့ သွားလို့ ကြက်ခြံတွေပါ လိုက်ဖမ်းဖို့ လုပ်နေပါတယ်။

စီးပွားရေးဟာ ဦးပိုင် မဟုတ်လို့ ညိုစောလည်း ခိုးသည်ထက် ဘာမှ မလုပ်တတ်ပါ။ ညိုစော ဦးပိုင် ကိုင်စဉ် စီးပွား ဖြစ်ခဲ့တာက ဘစိန် လက်ထက် ဖွင့်ချိန်မှာ မြေတွေ ငှားတာ၊ ရောင်းတာ၊ တပ်ပိုင် ပစ္စည်းတွေ ထုတ်ရောင်း ခိုးတာကြောင့်သာ စီးပွား ဖြစ်ခဲ့ပြီး စီးပွားရေးကို စီမံခန့်ခွဲတတ်လို့ မဟုတ်ပါ။ ယခု ကြက်ဥကို ၅၅၀ နဲ့ ရောင်းဖို့ လုပ်ပေမဲ့ တပ်ထဲကလည်း ပြန်လိုချင်နေလို့ ကြက်ဥ ပြဿနာက ဖြေရှင်းလို့ မရပါ။ ယခင် မအလ သွားစစ်ရင် ကြက်တွေ မွေးပြတာကလည်း အချို့ တိုင်းမှာသာ ရှိပြီး နယ်တွေမှာက ဟိုတပ်က ချေး၊ အရပ်သားထံက ချေးယူပြတာတွေပါ။

အကျဉ်းချုပ်ရရင် ရက် ၁၀၀ မှာ ဘာ အောင်မြင်လဲ မေးရင် ဘာမှ မအောင်မြင်ပါ။ ကြက်ဥကိုတောင် ပြည်တွင်းမှာ လုံလုံလောက်လောက် မွေးပြီး ပြည်သူတွေ ကြက်ဥဈေး ပေါပေါနဲ့ စားနိုင်အောင် မအလ မလုပ်ပေးနိုင်ပါ။ စီးပွားရေး မကောင်း၊ လင်က တိုက်ပွဲမှာ ကျလို့ မအလ စစ်တန်းလျားက ဆင်းပေးရပြီး အခြား တပ်ကြပ်ကြီး၊ တပ်ရေးဗိုလ်ကြီးနဲ့ ဖောက်ပြန်ရာကနေ ရဲတင်းသွားတဲ့ လူကြက်တွေသာ ပေါလာနေတာပါ။ မအလ ဆက်အုပ်ချုပ်ရင်တော့ ကြက်တွေဟာ တပ်ထဲမှာတင် မဟုတ် အပြင်မှာပါ ပေါလာနိုင်ပြီး စားလို့ရတဲ့ ကြက်ဥကတော့ မအလတပ် မရှိမှသာ ဈေးကျမယ်လို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page