ဂုဏ်ယူလေးစားရသော မကြည်ပြာ
- Myat Tun Oo
- 5 minutes ago
- 1 min read

မကြည်ပြာကို စာရေးသူသိတာ ယခင်ရန်ကုန်အစိုးရလက်ထက်ထဲကပါ။ မကြည်ပြာတို့ ကိုနေဘုန်းလတ်တို့က စာရေးသူကြိုက်သူများတော့ မဟုတ်ခဲ့ပါ။ ဒါပေမဲ့ ရန်ကုန်အစိုးရအစည်းအဝေးမှတ်တမ်းကို သတင်းသမားတွေထံ ဖြန့်ရာမှာတော့ သူတို့နဲ့မဆိုင်ဘဲ ယခုမအလ ဘောမ ရခိုင်တိုင်းရင်းသားဝန်ကြီးဖြစ်ကြောင်း ထိုစဉ်ထဲက ထောက်ပြခဲ့ပါတယ်။
ယခု NUG ထဲက ဝန်ကြီးချုပ်ရုံးဝန်ကြီးက မကြည်ပြာဟာ တာဝန်သိစွာ မိမိအမှားမလုပ်သော်လည်း ရာထူးမမက်ဘဲ နုတ်ထွက်သွားတာ တွေ့ရပါတယ်။ ဒါက ဘာကွာလဲဆိုတော့ ICC က ရှေ့နေချုပ်ဟာ သူ့ကို သူနဲ့ မွတ်စလင်ဘာသာတူ ပါလက်စတိုင်းရေးထောက်ခံတဲ့ မလေးရှားနိုင်ငံသူက သက်သေအထောက်အထားနဲ့ တိုင်ကြားတာကို အရှက်မရှိ မနုတ်ထွက်ဘဲ နှစ်နှစ်ကျော် ပေကပ်နေခဲ့ပြီး နောက်ဆုံး မနေ့က ဇူလိုင် ၂၄ ရက် ICC နိုင်ငံများက မဲခွဲရာမှာ အဖွဲ့ဝင် ၁၂၅ နိုင်ငံအနက် ၈၅ နိုင်ငံက ရာထူးက ထုတ်ဖို့ မဲခွဲချိန်မှသာ အရှက်မရှိထွက်သွားခဲ့တာပါ။ ဒီနေရာမှာ NGO တွေ၊ တတိယအုပ်စုတွေ၊ စစ်ခွေးတွေ၊ NRA အဖွဲ့တွေ၊ ကွန်မြူနစ်တွေနဲ့ ICC ရှေ့နေချုပ်တို့ဟာ အကျင့်သွားတူတာ တွေ့ရပါတယ်။
သူမက ပြန်တိုင်ကြားချိန်မှာတော့ တိုင်ကြားခံရသူ စစ်ခွေးနဲ့အသွင်တူ တတိယခွေးအုပ်စု ၁၂ ယောက်ဟာ လာအစစ်မခံခဲ့ပါ။ သတင်းသမားတွေကလည်း ဘာမှ ထပ်မဖော်ပြတော့ပါ။ ယခင်ဖွခဲ့တဲ့ မြန်မာပြည်မှာ Karim Khan လို မုဒိမ်းမှုကျူးလွန်ခဲ့သူ သတင်းသမား မြောက်ကျော်သူလဲ မရေးပေးတာကို တွေ့ရပါတယ်။
ဒါက ဘာကိုပြသလဲဆိုတော့ ခွေးဟောင်တိုင်း NUG သမ္မတကြီးက ထထ အရေးယူနေရင် NUG မှာ သမ္မတကြီးသာ ကျန်ခဲ့မယ်ဆိုတာပါ။ မကြည်ပြာက တိုင်ကြားတာကို လာအစစ်မခံတာကို ဒေါ်စူဇနာလှလှစိုးလည်း ဘာမှမလုပ်ပေးနိုင်သလို ဆရာဇော်ဝေစိုးလည်း ဘာမှ အရေးမယူပေးနိုင်ခဲ့ပါ။ ထိုသူများက တရားဥပဒေရဲ့ အထက်မှာ ရှိနေလို့ပါ။ ယခင်ကလည်း NUG အဖွဲ့ဝင်တစ်ယောက်ကို ဒီလိုကိစ္စမျိုးနဲ့ အိန္ဒိယမှာ တိုင်ပြီး ဖြုတ်ချခဲ့ပြီးပါပြီ။ ထိုစဉ်ကလည်း အမျိုးသမီးရေးရာက မှတ်ချက်နဲ့ပါဘဲ။
NUG လည်း နောက်ပိုင်းမှာ ဝန်ကြီးတစ်ပါးမှတ်ချက်နဲ့ မိမိလူတွေကို မဖြုတ်ဘဲ မိမိစုံစမ်းတွေ့ရှိတာကို ICC လို ဝန်ကြီးအဖွဲ့ဝင်တွေ အားလုံး လျှို့ဝှက်မဲခွဲပြီး ဆုံးဖြတ်တာမျိုး ပြုပြင်သင့်ပါတယ်။ NUG ထဲကလူကိုတိုင်တာဆို NUG ကသာ ဆုံးဖြတ်သင့်ပါတယ်။ SCEF ကတောင် မဆုံးဖြတ်သင့်ပါ။
ဘာလို့ ထပ်ခါထပ်ခါ ရေးနေရလဲဆိုရင် ကွန်မြူနစ်နဲ့ SRA ထဲက အဖွဲ့တွေက MOD ထဲက လူအချို့ကို အဆိုပါ sexual harassment အမှုမျိုးနဲ့ စွဲချဖို့ ပြင်နေပြီး စရဖကလည်း ယခင် မန္တလေး PDF ထဲက ယခု အမှောင်ဝင်သွားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေလို့ပါ။ အချို့ သတင်းသမားလိုလို ဘာလိုလိုနဲ့ မဲဆောက်မှာနေ မိမိဘာသာတူအကြောင်းထရေး NUG မကောင်းကြောင်းသာရေးတဲ့ အကောင့်တွေက မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားတယ်ဆိုတာ မမေ့ပါနဲ့။
ဘာပဲပြောပြော မကြည်ပြာကတော့ ICC ရှေ့နေချုပ် Karim Khan ထက်အများကြီး ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်တတ်လို့ ဂုဏ်ယူပါတယ်လို့ ပြောပါရစေ။ NUG လည်း ICC ထံမှ လေ့လာသင်ယူနိုင်ပါစေ။ NUG သည် NGO မဟုတ်တာကို သမ္မတနဲ့ ဝန်ကြီးအဖွဲ့တွေ မမေ့ပါစေနဲ့။ ပြည်သူများ သတိရှိနိုင်ပါစေ။ ပြည်သူသာ အဓိကပါ။



Comments