top of page
Search

အမေရိကန်မှပြောသော ခေါင်းဆောင်မှုမကောင်းရင်ဘာဖြစ်နိုင်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 31, 2020
  • 1 min read

အမေရိကန်ကြီးက ကမ္ဘာမှာ နံပတ်တစ်ပါ။ အကြီးဆုံးစစ်တပ်ရှိသလို သမ္မတက စစ်သေနာပတိချုပ်ပါ။ သူ့အောက်မှာ တပ်ရှိသလို ပြည်နယ်အစောင့်တပ် National Guard လဲရှိပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကြီးပါ။ အမေရိကန်မှာ သူပုန်လဲမရှိ ပြည်တွင်းစစ်လဲ မရှိပါ။ ယခု Lockdown ကာလမှာလဲ အချို့အိမ်တွေက ဒေါ်လာ ၁၂၀၀ ဘဏ့်အကောင့်ထဲကို ထည့်ပေးထားပါတယ်။ ဒါကြောင့် အားလုံးပြည့်စုံတာပေါ့။ ကြယ်တွေစုံတဲ့ညပေါ့။


ree

အမေရိကန်မှာ လူဖြူ လူမဲပြဿနာကတော့ နဂိုထဲက ရှိခဲ့ပါတယ်။ အမေရိကန်မှာ ကျွန်စနစ်ကိုပြည်တွင်းစစ်အပြီး ၁၈၆၅မှာမ ဖြည်းဖြည်းချင်း ဖျက်ခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံသားပြဿနာတွေ မဲပေးခွင့်ပြဿနာတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘတ်စကားတွေ၊ ဆိုင်တွေမှာ အဖြူအမဲ ခွဲခြားဆက်ဆံလို့ မာတင်လူသာကင်း က ၁၉၆၃ ဩဂုတ်လ ၂၈ ရက်မှာ “ငါ့ရဲ့အိပ်မက်လေးတစ်ခု” “ I have a dream” မိန့်ခွန်းပြောပြီး တောင်းဆိုလို့ ၁၉၆၄ မှာ ပြည်သူ့အခွင့်အရေးဥပဒေ the Civil Rights act နဲ့ပြဌာန်းပြီး အဖြူအမဲခွဲခြားရင် ဖမ်းလို့ရအောင်လုပ်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို Second Founding ဆိုတဲ့စာအုပ်မှာEric Foner က ရေးထားခဲ့ပါတယ်။ DASSK အဲ့ဒီစာအုပ်ဖတ်ပြီးပါပြီ။ စာရေးသူလဲလိုက်ဖတ်ထားပါတယ်။ ဒါကနောက်မှရေးပါ့မယ်။ နောက်ပိုင်း အိုဘားမားက လူမဲသမ္မတဖြစ်လို့အားလုံးပြီးပြည့်စုံပြီလို့ထင်ခဲ့ရပါတယ်။


ree

ကိုဗစ်စဖြစ်ချိန်မှာ အမေရိကန်ဟာ ကျန်းမာရေးစနစ်အကောင်းဆုံးတွေထဲမှာ ပါခဲ့ပေမယ့် နယ်စပ်ပိတ်တာ နောက်ကျခဲ့သလို ဖြစ်သူကိုခွဲထားတာ၊ လိုက်တာတွေမှာ ဟာသွားခဲ့ပါတယ်။ သူက ဖယ်ဒရယ်စနစ်မိုလို့ ကောင်းတဲ့ ကယ်လီဖိုးနီးယားလို ပြည်နယ်ကကောင်းပြီး နယူးယောက်ဆို ရောဂါဖြစ်သူများပြီး တိုင်ပတ်ခဲ့ပါတယ်။ ထရမ့်က ပိတ်မလို၊ ပြည်နယ်တွေက ကိုင်တွယ်ရမလိုနဲ့ အပြစ်တွေအပြန်အလှန်တင်ပြီး တိုင်ပတ်နေခဲ့ပါတယ်။


ree

ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ လူမည်း George Floydကို ရဲကအသက်ရူကျပ်အောင်လုပ်လို့ သေသွားခဲ့ပါတယ်။ ထရမ့်ကြီးဟာ သမ္မတဖြစ်လို့ ပြဿနာနည်းအောင် ထိန်းရမှာပါ။ ဒါပေမယ့်သူ့ရဲ့ Twitter မှာရေးတာတွေက မီးလောင်ရာလေပင့်ဖြစ်ခဲ့ပါတယ်။ ယခုတော့ဆန္ဒပြပွဲတွေ မင်းမဲ့စရိုက်တွေနဲ့ပေါ့။ စာရေးသူတို့တိုင်းပြည်မှာသာဆို အဘက ဝင်ကယ်မှာပါ။ ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာပေါ့။


ree

သူနဲ့ဆန့်ကျင်ဖက် မြန်မာပြည်ကိုကြည့်ပါ။ သူပုန်ရှိတယ်၊ ဒီမိုက ၇၅%၊ တပ်က အစိုးရအောက်မှာမရှိ၊ကျန်းမာရေးစနစ်ကလဲ နှစ်ပေါင်း ၅၀ နောက်ကျနေခဲ့ပါတယ်။ ဖယ်ဒရယ်မရှိသလို ဘာသာပေါင်းစုံ၊အသံစုံနဲ့ပေါ့။ မီးခဲပြာဖုံးပေါ့။ ဒါပေမယ့် စာရေးသူတို့ တိုင်းပြည်မှာကံကောင်ူတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်အဖြစ်ရှိနေခဲ့တာပါ။ ကျန်းမာရေးအတွက်က ကျွမ်းကျင်တဲ့ ဝန်ကြီးဦးမြင့်ထွေးရှိသလို၊ လိုအပ်တဲ့နေရာတွေကို ကယ်ဆယ်ရေးလုပ်ဖို့က လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေးရှိနေခဲ့ပါတယ်။ လူအများဆုံးနေတဲ့ ရန်ကုန်ကို စီမံခန့်ခွဲဖို့က ကွီးဖြိုးရှိနေခဲ့ပါတယ်။ ဒါက စာရေးသူတို့တိုင်းပြည် ကံကောင်းသွားခဲ့တာပါ။ ကျန်းမာရေးဝန်ကြီးက တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ်နဲ့ကိုင်တွယ်မယ့်ပေါ်လစီကို ရေးစွဲခဲ့ပြီး DASSKက နိုင်ငံရေးသမားအနေနဲ့ ပြည်သူကို Facebook အသုံးပြုကာ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဆင်းရဲသားတွေကို လိုအပ်တာတွေပေးဖို့ လုပ်အားပေးတွေကို စီမံခန့်ခွဲဖို့ ဆရာဝင်းမြတ်အေးက အားဖြည့်ခဲ့ပါတယ်။ ကွီးဖြိုးက လိုအပ်တဲ့ Q နေရာတွေပြင်ဆင်တာ၊ ဖောင်ကြီးကိုဆေးရုံပြောင်းတာ၊ အလုပ်သမားပြဿနာကို အမေရိကန်က လူမဲပြဿနာလို မကြီးထွားသွားစေဘဲ ကိုင်တွယ်တာတွေနဲ့ လုပ်သွားခဲ့ပါတယ်။


ree

ခေါင်းဆောင်ကောင်းတွေရဲ့ ပြည်သူနဲ့အတူ စုပေါင်းလုပ်ဆောင်ချက်ကြောင့် ပြည်တွင်းရောဂါကူးမှုကိုထိန်းချုပ်နိုင်ခဲ့သလို အသေအပျောက်နည်းပြီး အိန္ဒိယလို နယ်ပြန်သူများ လမ်းပေါ်လျှောက်ရတဲ့ပြဿနာ၊ အစာငတ်တဲ့ပြဿနာ၊ တစ်မြို့လုံးပိတ်ရတဲ့ Lockdown တွေကို ရှောင်နိုင်ခဲ့ပြီး ဘာဆန္ဒပြမှုမှအကြီးအကျယ်မဖြစ်ဘဲ တပ်မခေါ်ရဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။



ဒါကဘာကိုပြလဲဆိုတော့ ခေါင်းဆောင်ကောင်းရှိတဲ့တိုင်းပြည်ဟာ ပြည်တွင်းစစ်တွေရှိတာတောင်ပြဿနာကို အဆင်ပြေစွာကျော်ဖြတ်နိုင်တာကို ပြတာပါ။ ကျေးဇူးပါ NLD။ အမေရိကန်မှာဖြစ်တာကခေါင်းဆောင်ကောင်းတွေရဲ့ တန်ဘိုးကို ပြလိုက်တာပါ။


Source: Al-Jazeera, BBC, local, France 24, CNN

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


naynanmyint629395
naynanmyint629395
Jun 01, 2020

NLD ကို ပေးခဲ့ကြတဲ့

မြန်မာပြည်သူ များ ကို

​​ကေ ျးဇူးတင်ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page