top of page
Search

ဘဘကို အန်ကယ်ဆမ် ဘာတွေပြောခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 23
  • 1 min read

အမေရိကန်စစ်တပ်က မအလတပ်နဲ့ စကားပြောတာကို အချို့လော်ဘီတွေက မအလကို အသိအမှတ်ပြုသလို လော်ခဲ့ကြတာ သတိထားမိမှာပါ။ တကယ်က မအလတပ်ကို တွေ့ခဲ့သူက ယခုအတွင်းမှာတင်ပြတဲ့ မှတ်တမ်းတွေအရ Indo pacific commander မဟုတ်၊ ဒုတိုင်းမှူးမဟုတ်ဘဲ ဂျပန်အခြေစိုက် ဒုတပ်မှူး ဗိုလ်မှူးချုပ် Wallace အဆင့်သာ တွေ့ခဲ့တာပါ။ သူနဲ့အတူ အရှေ့တောင်အာရှဆိုင်ရာ FBI က တာဝန်ရှိသူတွေ တက်ခဲ့ပါတယ်။ အလုပ်သဘောပါ။ မအလဟာ သူပေါက်ကြားစေလိုရင် ဘီဘီစီကနေ ပြောလေ့ရှိပေမယ့် ဒီကိစ္စကတော့ သူ့ကိုဟိုက ကျားဖြန့်ကိစ္စ နှိမ်နင်းဖို့၊ ဘိန်း၊ ဆေးပြားကိစ္စ ကိုင်တွယ်ဖို့၊ မွတ်ဆလင်အစွန်းရောက်တွေကို လက်နက်ထောက်ပံ့ရာမှာ အယ်လ်ကိုင်းဒါလိုအဖွဲ့တွေကို မထောက်ပံ့မိစေဖို့ မနှိမ်နင်းရင် သူက တာဝန်ရှိသူတွေကို ဗင်နီဇွဲလားမှာလို ဖမ်းဝရမ်းထုတ်မယ်ဆိုတာကို အလေးထားပြောသွားခဲ့ပါတယ်။ မအလဘက်က ရေတပ်စစ်ဦးစီးအရာရှိချုပ်နဲ့ စရဖဒုညွန်ချုပ်တို့ တက်ခဲ့ပြီး  ထုံးစံအတိုင်း ဝ၊ TNLA, AA နဲ့  ကိုးကန့်တို့က ဘိန်းလုပ်ပြီး တရုတ်ကထောက်ပံ့လို့ သူ့ထိန်းချုပ်မှုအောက်မှာမရှိကြောင်းကို သူတို့ပြနေကြ အထောက်အထားတွေနဲ့ တင်ပြခဲ့ကြပါတယ်။ သူက တရုတ်ကို မကောင်းကြောင်းပြောပြီး အမေရိကန်ကို လွမ်းပြခဲ့တာပါ။ သူတို့အစည်းဝေးခန်းထဲ ဘာပြောလဲဆိုတာ မရေးလိုပေမယ့် မအလအနေနဲ့ ထိုင်းနယ်စပ်က ကျားဖြန့်ကို နှိမ်နင်းဖို့ မနှိမ်နင်းရင် အမေရိကန်အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ရှိသူတွေကို ဖမ်းဆီးတရားစွဲနိုင်အောင် FBI ကနေ ဆောင်ရွက်သွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ မအလကို စောချစ်သူတို့က ကျားဖြန့်လုပ်တာ DKBA, BGF က လူတွေစာရင်းလည်း ဖမ်းဖို့ပေးခဲ့ပါတယ်။ အမေရိကန်ဟာ သူပြောလိုတဲ့စကားကို အရပ်သားအဆင့်ကပြောရင် မအလကို တရားဝင်မှုပေးရမှာဖြစ်သလို သူ့စကား အတိမ်အနက်ကလည်း အထက်ကို တင်ပြရာမှာ ထိရောက်ဖို့ခက်ပါတယ်။ မအလတပ်ထဲကလူကို တိုက်ရိုက်ပြောခြင်းဖြင့် စရဖကနေ မအလထံကို ရာဇသံပေးတာက ပိုထိရောက်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့က အမေရိကန်ကူမယ် တရုတ်ကူမယ်မဟုတ်ဘဲ သူတို့က သူတို့အကျိုးစီးပွားအတွက် သူတို့လုပ်နေတယ်ဆိုတာသိဖို့ပါ။ ဒီကနေ မိမိအကျိုးစီးပွားအတွက် မိမိဖာသာ လုပ်ယူရမှာပါ။ အမေရိကန်သည် အီရန်မှာ ဒီမိုကရေစီရဖို့ တိုက်ပေးနေတာမဟုတ်ဘဲ သူ့ဖာသာတိုက်ချိန်မှာ မိမိက ရအောင်ယူတတ်ဖို့ပါ။ သူ့အကျိုးအတွက် ဗုံးကြဲချိန် မိမိမှာ အားကောင်းတဲ့ မြေပြင်တပ်မရှိရင် ဒုက္ခရောက်တတ်ပါတယ်။ မအလကလည်း တရုတ်ကို ပြန်ခွချက်လုပ်ဖို့ အမေရိကန်ကို ကပ်ဖို့ကြိုးစားတာပါ။ ဒါပေမယ့် သူ့မှာလည်း တရုတ်က ဒေါသထွက်ရင် ပြဿနာရှိပြန်ပါတယ်။ ပြည်သူက မတွေဝေနေဘဲ NUG အားကောင်းအောင် သူ့အောက်က PDF အားကောင်းအောင်သာ PRF ကတဆင့် ဆက်လက်ထောက်ပံ့ပေးကြပါ။ ဒါမှသာ မိမိတို့ရောက်လိုရာ ပန်းတိုင်ကို အမြန်ရောက်မှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page