top of page
Search

အဘက ပေါက်ဖော်ကြီးကို အာခံရဲလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 19, 2020
  • 1 min read

အဘကို ရုရှားမီဒီယာတွေက အင်တာဗျူးပါတယ်။ မေးခွန်းကရှင်းပါတယ်။ အကြမ်းဖက်အဖွဲ့တွေကိုဘယ်လိုတိုက်မလဲ? အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံတဲ့ နိုင်ငံတွေရှိရင် တိုက်ရခက်ပါတယ်ဆိုပြီးပြန်ဖြေပါတယ်။ ဒီထောက်ခံတဲ့ နိုင်ငံဆိုတာက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်လို့ရပါတယ်။ ဥပမာ ဓာတ်ခဲကိုထောက်ပံ့တာ တရုတ်လား ဓာတ်ခဲမိန်းမကို ခိုလှုံခွင့်ပေးတဲ့ အနောက်နိုင်ငံတွေလား မျိုးစုံပေါ့။ အာဆာဆိုရင်လဲ သူနဲ့ ဘာသာတူနိုင်ငံအချို့ပေါ့။ ဒါကို အဘသားမီဒီယာများက တပ်ဗိုလ်ချုပ်ကြီးများကတရုတ်ဩဇာခံမဟုတ်တော့ပြီဆိုပြီး အဘကိုအရောင်တင်ပေးကြပါတယ်။ သူတို့ရေးလိုတာက မြန်မာလူမျိုးရဲ့ အမျိုးသားရေးဝါဒကို ဆွပေးပြီး တရုတ်နိုင်ငံမုန်းတီးရေးနဲ့ မဲဆွယ်ဖို့ပါ။ မီဒီယာက တပ်သတင်းမှန်ကို အဆိုပါထောက်ပံ့နေတဲ့ နိုင်ငံတွေက ဘယ်နိုင်ငံလဲ မေးရာမှာ သူက ရူးချင်ယောင်ဆောင်သွားခဲ့ပါတယ်။


တပ်ထဲမှာက တရုတ်နိုင်ငံလုပ်နေတာကို မကြိုက်တာရှိနိုင်ပေမယ့် မိမိတပ်ချုပ်ကို လုံခြုံရေးကောင်စီမှာကယ်ဖို့ သေချာတာက တရုတ်နိုင်ငံသာ ရှိပါတယ်။ ဒါကြောင့် မလှန်နိုင်ပါ။ အင်္ဂလိပ်လိုဆိုရင်တော့တပ်ချုပ်က compromise ဖြစ်သွားတာပေါ့။


အဲ့ဒီလို မီဒီယာတွေကတဆင့် တရုတ်နိုင်ငံဆန့်ကျင်ရေး အာခြောင်အပြီးမှာ တရုတ်သံအမတ်ကြီးကတပ်ချုပ်နဲ့တွေ့ခဲ့ပါတယ်။ သူတွေ့ဖို့တောင်းတာကတော့ အတိုင်ပင်ခံရယ် တပ်ချုပ်ရယ်ပါ။ ဒါပေမယ့်သူ့ကို အတိုင်ပင်ခံရုံးဝန်ကြီးကသာ တွေ့ခဲ့ပြီး တပ်ချုပ်ကတော့ သူကိုယ်တိုင်တွေ့ခဲ့ပါတယ်။ သူပြောတာတွေကို တရုတ်သံရုံးက ထုတ်ပြန်ရာမှာတော့ တပ်ချုပ်ကြီးက တရုတ်စီမံကိန်းအားလုံးကို ဝမ်ဆွေ့ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့လို့ ပြောသွားတာပါ။ ဘာမှရာဇသံမပေးရဲဘဲ ဆရာနေကောင်းလားဆိုပြီး ပြီးသွားခဲ့တာပါ။

အချို့ကိစ္စတွေမှာက နိုင်ငံရေးသမားက နိုင်ငံရေးလုပ်ပြီး စစ်သားက စစ်သားအလုပ်လုပ်တာအကောင်းဆုံးပါ။ မဟုတ်ရင် ယခုတမျိုး တော်ကြာတမျိုးနဲ့ ဟိုပါးစပ်နဲ့ တူသွားပါမယ်လို့ ပြောပါရစေ။ရွှေကြာက သူ့အလုပ်လုပ်ရင် ပိုတန်ဘိုးရှိနိုင်ပါတယ်။ အာမခံရဲရင်လဲ ပါးစပ်ပိတ်ထားတာကအကောင်းဆုံးပါ။


News Source: Chinese Embassy in Myanmar, Irrawaddy

 
 
 

1 Comment


Sunny Aung
Sunny Aung
Jul 25, 2020



ပေါက်ဖော်ကြီးက အဘကို ဝယ်ပြီး ဖင်ကြားညှပ်ထားပြီးသားပါကွယ်..

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page