top of page
Search

အဘကံခေမှုမှတ်တမ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 24, 2022
  • 1 min read

ပြီးခဲ့တဲ့ရက်ပိုင်းက မအလကို တုန်လှုပ်သွားစေခဲ့တာအချို့ ရှိခဲ့ပါတယ်။ စစ်ကိုင်းမှာကလေးတွေသေတဲ့ကိစ္စမဟုတ်ခဲ့ပါ။ ထိုကိစ္စကြောင့် ပြည်သူတွေက သူ့ကိုပိုမုန်းသွားပြီး ခေတ်သစ်က သူ့မြေးကျောင်းကို နေရာအတိအကျဖော်ပြထားလို့ သူ့မြေးတွေကို ရန်ရှာမှာကိုပါ။ ဒါကြောင့် သူ့မြေးတွေကိုချက်ခြင်းကျောင်းတက်တာ ခဏရပ်ခိုင်းထားခဲ့တာပါ။ အခြေအနေတွေကောင်းရင် ပြန်တက်ဖို့ပါ။ သူ့မြေးတွေက နေပြည်တော်မှာတက်လို့ရပေမယ့် သူတို့သူငယ်ချင်းတွေအားလုံးကိုနေပြည်တော်ပြောင်းခိုင်းဖို့မလွယ်ပါ။ ဒါက အပြစ်မဲ့ရင်သွေးတွေကို လေတပ်နဲ့ပစ်သတ်အပြီး သူ့မြေးတွေကို ပြန်လုပ်မှာကြောက်သွားတာပါ။

ဒါထက်ကံဆိုးတာက သူ့လက်နက်ပွဲစား သူ့သားသမီးတွေရဲ့ စီးပွါးဖက်ကို အမေရိကန်ကဖမ်းလိုက်တာပါ။ ဒီလူတွေဟာ ထိုင်းမှာ အဆင့်တစ်ခုအထိ သိထားပြီး ထိုင်းမှာပြဿနာမရှိလုပ်ကိုင်နိုင်သူပါ။ ယခုကိစ္စမှာ အမေရိကန်က ဘိန်းကိစ္စဘာညာနဲ့ အမှုစွဲပြီး ထိုင်းက ဝန်ကြီးချုပ်အဆင့်နဲ့တိုက်ရိုက်ဖမ်းသွားခဲ့တာပါ။ မအလက သူ့စစ်သံမှူးနဲ့ သံအမတ်ကြီးကို ဘိန်းလက်နက်ပွဲစားနဲ့တွေ့ခွင့်တောင်းပေမယ့် ထိုင်းကဂရုမစိုက်ဘဲ ရူးချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာမှထုတ်မပြောရဲခဲ့ပါ။ အဆိုပါအကောင်ထံမှာ မအလမိသားစုရဲ့ခိုးထားသောဒေါ်လာအချို့ရှိနေခဲ့ပါတယ်။ ယခုသူခိုးထံက သူဝှက်လုတာပေါ့။ ပြဿနာက ဒီကောင်က မူးယစ်ဆေးဝါးတကယ်လုပ်ခဲ့ရင် မအလသားသမီးတွေ ဘိန်းမှုနဲ့ အမှုပတ်နိုင်ပြီးနိုင်ငံရေးမဟုတ်တဲ့ အင်တာပိုဝရမ်း အထုတ်ခံရနိုင်လို့ပါ။ ဒီကိစ္စက ကြီးပါတယ်။

မအလကံခေမှုက သူ့လက်ထောက်ကိုပါ ကူးစက်သွားတယ်လို့ ပြောရပါတယ်။ မနေ့က အသတ်ခံရသူဟာ စိုးဝင်းရဲ့ဆရာအရင်းပါ။ သူ့အသုဘကိုတောင် လုံခြုံရေးကောင်းရင် စိုးဝင်းလာပါမယ်။မအလနဲ့အဖွဲ့ဟာ ဘူးလက်လောက်အဆင့်ကိုတောင် အသတ်ခံရမှာစိိုးလို့ နေပြည်တော်ခေါ်ထားတာပါ။ မြဝတီ၊ NP News က ကျော်မျိုးမင်းနဲ့  မိုးဟိန်းတို့က လေထဲမှာ နိုင်နေပေမယ့်လဲ ဒါကဝါဒဖြန့်ဖို့အတွက်သာဖြစ်ပြီး လက်ရှိအခြေအနေမှာက တပ်မိသားစုအမျိုးတွေတောင် နေပြည်တော်ပြောင်းနေရတာပါ။

မအလဟာအရူးပါးပါ။ သူ့ဝါဒဖြန့်သမားတွေက တပ်မတော်ကြီးနိုင်နေပါပြီလို့ပြော​ပေမယ့် သူ့မြေးတွေတောင် ရန်ကုန်မှာကျောင်းမထားရဲပါ။ ယခုခံနေရတာက ထိုမြဝတီကြည့်တာများသွားတဲ့သူတွေက တကယ်လုံခြုံတယ်ထင်ပြီး သွားလာရင်သာ ဗိုလ်မှူးတွေ၊ ဒုဗိုလ်မှူးကြီးတွေ အဖမ်းခံရလာတာပါ။ ကျန်တာကပြဿနာမကြီးပေမယ့် ဘိန်းသမားကတော့ အဘသားသမီးတွေအတွက်ကံခေမှုအစပါ။ ဒီလူဘာပြောမလဲအပေါ်မူတည်ပြီး သူ့သားသမီးတွေပြဿနာတက်မှာပါ။ အမေရိကန်က မအလရဲ့ စရဖလို အမှုမဆင်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page