ဘာလုပ်လုပ် မအလဟာ မအလပါဘဲ
- Myat Tun Oo
- 2 days ago
- 2 min read

ဘာလုပ်လုပ် မအလဟာ မအလပါဘဲ?
မအလကိစ္စ ရေးလိုပေမယ့် သူကလဲ Facebook ဖတ်လို့ သူ့အစီအစဉ်ကို ပြန်ပြင်မှာ စိုးလို့ မရေးသေးပဲ စောင့်နေခဲ့ရပါတယ်။ ယခုတော့ သူစီစဉ်တဲ့ ပွဲ ပြီးသွားပြီမို့ ရေးပါတော့မယ်။
ပထမဆုံး က မအလ သမ္မတဖြစ်ရင် ဘာထူးသွားမလဲ။ ဒီကောင့်ကို ယခင် တပ်ချုပ်အဆင့်ထဲက ညွှန်ချုပ် မအလ (Ma Aae Loe) လို့သာ စာရေးသူ စခေါ်ခဲ့ပါတယ်။ မအလလို့ အတိုခေါ်တာက ဆဲပြီးရေးတာကို DASSK က မကြိုက်လို့ပါ။ ယခု မအလက သမ္မတလုပ်တော့ တိုင်းပြည် ပြန်ကောင်းသွားမလား၊ ဘစိန်ခေတ်လို ဖြစ်မလားဆိုရင် အတိုချုပ်က ဘာမှ ထူးလာမှာ မဟုတ်ပါ။ တိုင်းပြည် တိုးတက်လာမှာ မဟုတ်ပါ။ သူ ငါးနှစ်ဆက် အုပ်ချုပ်ရင် တိုင်းပြည် နောက်ငါးနှစ်ဆက် ဒုက္ခရောက်မှာပါ။ ဒါက စာဆက်မဖတ်လိုသူများအတွက်ပါ။ ဒါဆိုရင် ဘာကြောင့်လဲ။
စစ်ရေး
တပ်ချုပ် ရဲဝင်းဦးက ခိုင်းတာလုပ်၊ သစ္စာခံပြီး စစ်မတိုက်တတ်ပါ။ ဒုတပ်ချုပ်ကလဲ ကိုယ်ရေးအရာရှိဘဝကနေ သာ လာသူပါ။ သူက ရဲဝင်းဦးထက်တော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စစ်တပ်ကို ပိုစီမံခန့်ခွဲဖူးသူပါ။ သူတို့ကြောင့် စစ်ပွဲတွေဟာ ပိုနိုင်လာစရာ အကြောင်း မရှိပါ။ စစ်ပွဲတွေက မအလက တရုတ်ကို ကတိပေးထားတဲ့ အပေါ်မူတည်ပြီး တရုတ်ခိုင်းတာ လုပ်မလုပ် အပေါ်မူတည်ပြီး အနိုင်အရှုံး ဖြစ်လာမှာပါ။ ရဲဝင်းဦးက ဆန္ဒပြသူတွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့သူ မို့လို့ ဘာမှ မူဝါဒ ပြောင်းလဲစရာ မရှိပါ။ ဒါပေမယ့် သူ့ကို တပ်ထဲမှာ မကြိုက်သူက အလွန်များပါတယ်။ ကျော်စွာလင်းကလဲ သူ့ရာထူးကျော်ပေးထားလို့ သူ့နေရာမှာ ဝင်ပြီး ခံစားကြည့်လိုက်ပါ။ ဒါကြောင့် စစ်ရေးဟာ ဘာမှ ထူးခြားလာနိုင်စရာ မရှိဘဲ တရုတ်က ဟပေးလို့ အမေရိကန်က စိတ်ပြောင်းလို့ ကျားဖြန့်နှိမ်နင်းဖို့ လက်နက်လမ်းကြောင်း ဖွင့်ပေးရင် မအလနဲ့ ရဲဝင်းဦးတို့ဟာ စစ်ရှုံးဖို့သာ ရှိပါတယ်။
နိုင်ငံရေး
မအလ ခန့်တာတွေကို ကြည့်ရင် NLD လက်ထက် ဆန္ဒပြပွဲ စီစဉ်သူတွေကို နေရာပေးတာ၊ ဦးကိုနီသတ်ရာမှာ ပါဝင်ခဲ့တဲ့၊ စီစဉ်ခဲ့တဲ့ သူ့အမိန့်နာခံပြီး သတ်ခဲ့တဲ့ သူ့ကိုယ်ရေးအရာရှိမှ သည် ရဲ၊ တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူးအထိ နေရာပေးတာကို ကြည့်ရင် ဘာမှ မပြောင်းလဲတာ ထင်ရှားပါတယ်။ V ကိစ္စ သူဆင်တဲ့ အကွက်အတိုင်း လုပ်ပေးတဲ့ ရဲကို နေရာပေးတာကလဲ ဒီပြဿနာတွေဟာ သူနဲ့ စရဖ လုပ်ခဲ့တယ်ဆိုတာ ထင်ရှားစေပါတယ်။
ဒါပေမယ့် မအလ ပြဿနာက ဒီကြားထဲက တရုတ်ခိုင်းတာကိုလဲ လုပ်ရမှာပါ။ ဥပမာ DASSK နဲ့ ပတ်သက်ပြီး ထောင်ထဲက နေရာရွှေ့တာမျိုး၊ တရုတ်ကိုယ်စားလှယ်/အာဆီယံနဲ့ ပေးတွေ့တာမျိုးကို ထင်သာမြင်သာ လုပ်ပြရမှာ ဖြစ်ပြီး အခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လဲ NCA ထဲက ဖြစ်ဖြစ် သိသိသာသာ နဲ့ စစ်ပွဲရပ်ပြနိုင်အောင် တရုတ်ကုန်လမ်းကြောင်း ရှမ်းမြောက်မှာ ပြန်ပွင့်နိုင်အောင်၊ တရုတ်ပိုက်လိုင်းကို လုံခြုံအောင် လုပ်ပေး/လုပ်ပြရပါမယ်။ ဒါတွေ မလုပ်နိုင်ရင် တရုတ်ရဲ့ ၁၀၂၇ ထက် ပြင်းတဲ့ ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမတာ ခံရနိုင်ပါတယ်။
စီးပွားရေး
ဒါကလဲ ကောင်းလာနိုင်စရာ မရှိဘဲ ပြည်သူတွေက ဆင်းရဲဒုက္ခ ပိုများလာဖို့သာ ရှိပါတယ်။ စီးပွားရေးဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေလို့ နိုင်ငံရေး မကောင်းတဲ့ တိုင်းပြည်မှာ စီးပွားရေးကလဲ ကောင်းလာစရာ ဘာမှ မရှိပါ။
ဒါဆို မအလက ဆက်အုပ်ချုပ်သွားမှာလား။ မအလဟာ အထက်မှာ ပြောခဲ့သလို တပ်ထဲမှာကလဲ သူ့ပြဿနာနဲ့ သူပါ။ ပထမ နှစ်နှစ်လောက်မှာ သူ့ပြောစကား နားထောင်နိုင်ပေမယ့် ထိုနောက်ပိုင်းက ပြောမရပါ။ ဒါ့အပြင် စားရခါနီးမှ စားခွက်လုခံထားရတဲ့ မကျေလည်မှုလေးတွေကလဲ ရှိနေတာ စကြားနေရပါပြီ။
နောက်ဆုံး မအလ အာဏာမြဲ မမြဲ ဆုံးဖြတ်မှာက ပြည်သူတွေပါ။ ဒါပေမယ့် ပြည်သူတွေ စဉ်းစားရမှာက အီရန်မှာလို အမေရိကန်က ဝင်တိုက် ဗုံးကြဲပေးရင်တောင် မြေပြင်မှာ မိမိတပ်မရှိရင် ဘာမှ မပြောင်းလဲနိုင်ပါ။ ဒါကြောင့် မိမိတပ်ဖြစ်တဲ့ NUG အောက်က PDF ကို အားကောင်းအောင် ထောက်ပံ့ပါ။ သူကသာ အခြေအနေ ပြောင်းပြီး ဗုံးကြဲသူ ဒါမှမဟုတ် ၁၀၂၇ လို လှိုင်းလာရင် မိမိတပ်က အားကောင်းစွာ ရှိနေမှာပါ။ အောင်ဇဗျူနဲ့ အချိန်ကုန်၊ ညီနောင်သုံးဖော်မျှော်၊ SRA မျှော်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါလို့ ပြောပါရစေ။ NUG အနေနဲ့ကတော့ မိမိရဲ့ စစ်တပ်ထဲမှာ ဖြစ်ဖြစ် ဝန်ကြီးနေရာမှာ ဖြစ်ဖြစ် စစ်တပ်နဲ့ ရဲဖက်ကလာတဲ့ CDM တွေကို ရာထူးကြီးကြီး မပေးမိပါစေနဲ့။
မအလကတော့ ဘာရာထူးယူယူ မအလဟာ မအလပါလို့ ပြောပါရစေ။ ခွေးဟာ ပုလင်ပေါ်တက်လဲ ခွေးက ခွေးသာ ဆက်ဖြစ်နေမှာပါ။



Comments