top of page
Search

အမ်းဗုံးကြဲမှုကပြောသော မအလနှင့် နှစ်ဖက်ချွန် ရဲဝင်းဦး

  • Writer: Myat Tun Oo
    Myat Tun Oo
  • 1 minute ago
  • 1 min read

အမ်းမှာ မအလဗုံးကြဲတာဟာ အခြားဒေသတွေလိုမဟုတ်ဘဲ သူ့တပ်ကလူတွေကို သူက ဗုံးပြန်ကြဲပြီး သတ်တာကို တွေ့ရပါတယ်။ ဒါကို တပ်ထဲမှာ သတင်းလွှင့်ရာမှာတော့ AA က သတ်တယ်ဆိုပြီး သတင်းလွှင့်တာပါ။ မေးခွန်းက AA က သတ်တာလား မအလက သတ်တာလားဆိုတာနဲ့ မအလကသတ်ရင် ဘာကြောင့်လဲဆိုတာပါ။


AA ဟာ အင်မတန် သတင်းလုံခြုံမှုကောင်းပါတယ်။ PDF တပ်ရင်းတိုင်းမှာ သတင်းပြန်ကြားရေးလို ရှိနေပေမယ့် AA က ခိုင်သုခက ကိုင်ထားတာပါ။ ဒါကြောင့် စရဖက ဘယ်တပ်က ဘယ်သူဆိုတာ စုံစမ်းရခက်ပါတယ်။ နောက် သူက လူမျိုးစုအပေါ်မူတည်လို့ ရခိုင်လူမျိုး သစ္စာဖောက်၊ အချို့လူမျိုးခြားနဲ့ ဝေဟင်သတင်းပေါ်မူတည်ပြီးသာ တိုက်ခိုက်ဖို့ သတင်းရတာပါ။


ရဲဝင်းဦးဟာ သတင်းရယူနိုင်မှုမှာ ရခိုင်ထဲက သစ္စာဖောက်တွေ၊ ဒရုံးတွေ၊ ဆက်သွယ်ရေး ကြားဖြတ်နားထောင်မှုတွေ၊ AA ထံရောက်ခဲ့တဲ့ အခြားအဖွဲ့တွေထံကရပါတယ်။


AA ဟာ မအလတပ်က ခွေးတွေကို ဖမ်းပြီးထားတဲ့နေရာက ဗျူဟာကျပါတယ်။ အခြားသူ့လူများလဲရှိပါတယ်။ ဒီကိစ္စမှာ မအလက သူ့ခွေးတွေ အများကြီးရှိတာကိုသိပေမယ့် ရဲဝင်းဦးကတဆင့် တမင်ဗုံးကြဲဖို့ အမိန့်ပေးခဲ့တာပါ။ ကိစ္စအများစုမှာ သူတို့ဝင်ပါလေ့မရှိပေမယ့် ဒီကိစ္စမှာ သူတို့လူတွေပါရှိနေလို့ အထက်အထိ တင်ပြပြီးမှ မအလအမိန့်မျိုးနဲ့ ကြဲတာပါ။ သေသူတွေထဲ ရာထူးကြီးသူပါလို့ တပ်ထဲမှာ တန်ပြန်ရိုက်ခတ်မှုကြီးမှသာ ရူးချင်ယောင်ဆောင်ပြီး AA ကို လွှဲချတာပါ။

ဒီကိစ္စကနေ တော်လှန်ရေးတပ် PDF တွေ အတုယူရမှာက ရန်သူ့ခွေးတွေကို မိမိမပစ်စေချင်တဲ့နေရာမှာ စုထားထားပါ။ စစ်ပွဲမှာ သူဗုံးကြဲလို့ သူ့လူထိသွားတာက ဆန်ကုန်သက်သာပါတယ်။ လုံခြုံရေးအရတော့ မိမိဒေသက မိမိအမိန့်အောက်မရှိတဲ့ နဂါးလိုအဖွဲ့မျိုးကို မိမိဘာလုပ်လုပ် သွားမပြောမိပါစေနဲ့။ ဆက်သွယ်ရေးစက်ကိုလဲ သတိထား သုံးစွဲပါ။ အချို့ကိစ္စတွေက ရန်သူ့ဗုံးက သူ့လူသူပြန်ထိရင် ထမင်းကျွေးရတာ သက်သာပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ နောက်ခွေးတွေက လူစကားမတတ်ပါ။ ခွေးသက်ကြီးရင် လူစကားသင်ရပိုခက်ပါတယ်။ ခွေးက ရာထူးကြီးလေ ခေါင်းမာလေပါ။ ဒါကြောင့် AA ကို အစမှ အဆုံး ၉၀% လောက် စစ်ရေးမှာ အတုယူပါလို့ ပြောပါရစေ။



 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page