top of page
Search

အင်္ဂလိပ်ဗီဇာပိတ်မှုမှ ပေးသော ရဲဝင်းဦးသားအတွက် သတင်းစကား

  • Writer: Myat Tun Oo
    Myat Tun Oo
  • 3 minutes ago
  • 2 min read

အင်္ဂလိပ်ဗီဇာပိတ်မှုမှ ပေးသော ရဲဝင်းဦးသားအတွက် သတင်းစကား


ထရမ့်တက်အပြီး ထရမ့်က အမေရိကန်ဗီဇာကို မြန်မာအပါအဝင် ဆင်းရဲတဲ့ နိုင်ငံအများစုကို ပိတ်ခဲ့ပါတယ်။ ဒါကို အားလုံးက ဝိုင်းပြစ်တင်ခဲ့ကြပါတယ်။ ဒုက္ခသည်လက်ခံဖို့လည်း ရပ်ခဲ့ပါတယ်။ ဒါတွေက မကောင်းပါ။ ဒါပေမဲ့ ထရမ့်ဟာ ရွေးကောက်ပွဲမှာ ဒါလုပ်မယ်ပြောပြီး တက်လာသူပါ။ ပြောတဲ့အတိုင်း လက်ယာမူဝါဒတွေကို လုပ်ပါတယ်။ ဗြောင်ပြောပြီး လုပ်တာပါ။ အပြောတစ်မျိုး အလုပ်တစ်မျိုး မဟုတ်ပါ။ အချို့ ဒုက္ခသည်တွေ ဥပမာ တပ်ကမိုးညို၊ ရူးရှယ်လေး၊ ဆေးချတဲ့ DVB သတင်းထောက်ဟောင်းတို့ဟာ ဒီမိုအစိုးရကို ဒုက္ခပိုပေးသူတွေပါ။ သူတို့တွေ မြန်မာပြည်ပြန်ပို့ခံရရင်လည်း နဂါးလို သေချာပြုစုတာ ခံရမှာပါ။ ပြောချင်တာက ထရမ့်က မြန်မာကို ကွက်မလုပ်ဘဲ နိုင်ငံတိုင်းကိုလုပ်တာပါ။ ထရမ့်က ယူကရိန်းကိုကူတာ လျော့ချိန်မှာ အချို့ လက်ဝဲယိမ်း မီဒီယာတွေက ဥရောပက ပိုကူသလို ရေးကြပါတယ်။ သူတို့က အမေရိကန်မပါဘဲ ကူနိုင်ရင် ယူကရိန်း နိုင်သွားတာ ကြပါပြီ။


အင်္ဂလန်က လေဘာပါတီဟာ လက်ဝဲမူဝါဒတွေ၊ နိုင်ငံခြားသားတွေကို ထရမ့်လိုမဟုတ်ဘဲ ပျော့ပြောင်းသလို မူဝါဒနဲ့ မဲရလာခဲ့တာပါ။ အဆိုပါ လက်ဝဲအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဟာ သူမမိဘတွေ လာတဲ့ ပါကစ္စတန်ကို ဗီဇာမပိတ်ဘဲ ဂဏန်းလိမ်ပြီး ဗမာကို ဗီဇာပိတ်တာပါ။ သူ့အဖေနိုင်ငံက လူတွေထဲ ထောင်ချီပြီး ဒုက္ခသည်လျှောက်တာကို မပိတ်ဘဲ ဗမာက ဒုက္ခသည်လျှောက်တာက ရာဂဏန်းကို ပိတ်တာပါ။ သူ့အကြောင်းပြချက်က ရာခိုင်နှုန်းနဲ့ ယှဉ်ရင် များလို့လို့ ဆိုပါတယ်။ ဗမာလူမျိုးတွေက ယခင်က မလျှောက်ဘဲ ၂၀၂၁ မတိုင်ခင်က ဘင်္ဂလားက ရိုဟင်ဂျာ လျှောက်သူသာ ရှိခဲ့တာပါ။ သူ့မိဘမွေးတဲ့ ပါကစ္စတန်က ယခင်ကလည်း ထောင်ဂဏန်း၊ ယခုလည်း ထောင်ဂဏန်းမို့ ရာခိုင်နှုန်း ပိုမတက်လို့ဆိုပြီး ရူးချင်ယောင်ဆောင် မပိတ်တာပါ။ ဒါပေမဲ့ အင်္ဂလိပ်တွေကလည်း လည်မှာပါ။


ဒါဆိုရင် ထိခိုက်မလား? တကယ် ပညာသင်ကြားလိုတဲ့ ကလေးအချို့တော့ ထိခိုက်နိုင်ပါတယ်။ ဒီအတွက် စိတ်မကောင်းပါ။ ဒါပေမဲ့ သိရကြားရတာက တပ်ထဲက ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ထွေအုပ်ကြီးကြီးတွေရဲ့ သားသမီးတွေ၊ နန်း ပါမောက္ခ ဆရာ/ဆရာမကြီးတွေရဲ့ သားသမီးတွေ၊ နန်းဆရာဝန်ကြီးရဲ့ သား/သမီးတွေ၊ ဘဘနဲ့ပေါင်းတဲ့ သူဌေးရဲ့ သားသမီးတွေ၊ လခကောင်းတဲ့ NUG ဖောင်းထု NGO ရဲ့ သားသမီးတွေက ပိုများများ ထိနေတာ တွေ့ရပါတယ်။ သူတို့ကသာ အင်္ဂလန်၊ အမေရိကန် သွားနိုင်တာပါ။


စစ်ကိုင်း၊ ကချင်၊ ချင်း၊ မကွေး စစ်ဖြစ်နေတဲ့ ဒေသက ကလေးတွေ၊ CDM ရဲ့ သားသမီးတွေက အင်္ဂလန်မပြောနဲ့ မဲဆောက်ရောက်ဖို့တောင် မလွယ်ပါ။


ဒါဆို သူတို့ ဗိုလ်ချုပ်တွေကို ဗီဇာမပိတ်ဖူးလားဆိုတော့ အဖေနာမည်၊ အမေနာမည် အလုပ်အကိုင်က အကုန်ပြောင်းရလို့ သူတို့က လွတ်နေပါတယ်။ ဥပမာ ကြည်းချုပ် နှစ်ဖက်ချွန် ရဲဝင်းဦးသား ထက်ရဲနောင်ဟာ မြန်မာပြည်မှာ လာဖွင့်တဲ့ MIU ကနေ Northampton University ကပေးတဲ့ ဘွဲ့ကို ယူခဲ့ပြီး သွားယူခဲ့ပါတယ်။ ဘာဗီဇာမှ အပိတ်မခံခဲ့ရပါ။ ယခုလည်း တပ်ထဲမှာ စစ်မတိုက်ဘဲ ကျွန်ပျူတာရှေ့ထိုင် ပြန်သွားတာပါ။


ပြောလိုတာက ယခင်က ဥရောပက ပိတ်တယ်ဆိုတာက တကယ်မထိဘဲ နန်းသားသမီး၊ အဘသားသမီး၊ အဘနဲ့ပေါင်းတဲ့ သူဌေးသားသမီးက လွတ်နေတာပါ။ ပိုပြီးရင်နာဖို့ကောင်းတာက အဆိုပါ နန်းတွေရဲ့ သားသမီး၊ အဘသားသမီး၊ ထွေအုပ် သားသမီးက PDF ကိုတောင် ဘာမှန်းမသိဘဲ အင်္ဂလန်မှာ ဒုက္ခသည်လျှောက်ပြီး ကျန်သူများကိုလည်း ဒုက္ခဆက်ပေးတာပါ။ ဒါကြောင့်မို့ အင်္ဂလန်က ဗီဇာပိတ်တာက မင်းသားမျက်နှာဖုံးကို ခွာချလိုက်တာဖြစ်ပြီး အင်္ဂလန်ဝန်ကြီးရဲ့ မိမိအမျိုးက ယတင်ရေးမူဝါဒကိုသာ ပြလိုက်တာပါ။ ဒါ့အပြင် သူတို့တွေက ဝန်ကြီးတွေ၊ အမတ်တွေဖြစ်နေလို့ ရခိုင့်အရေးဟာ သတိထားရမယ်ဆိုတာပါ။ AA ကို မတရားအသင်းလိုမျိုး ကြေညာဖို့ Burma campaign UK က လုပ်တာဟာ တိုင်းပြည်အတွက် မကောင်းပါ။ အဆိုပါအဖွဲ့မှ လူများဟာ NUG ပွဲ ဘာမှမလာဘဲ ရိုအရေးသာလုပ်လို့ အစကထဲက မြန်မာပြည်အတွက်မဟုတ်လို့တော့ ယူကေက မြန်မာများက ပြောကြပါတယ်။ သူက ရဲဝင်းဦးသား ဘွဲ့ယူသွားတာ ဘာမှမလုပ်နိုင်ခဲ့ပါ။


အကျဉ်းချုပ်ပြောလိုတာက အမေရိကန်၊ အင်္ဂလိပ်ဟာ သူ့အကျိုးစီးပွားသာ လုပ်မှာပါ။ ထရမ့်က ဗြောင်ပြောတာနဲ့ အင်္ဂလိပ်က ဗြောင်မပြောတာသာ ကွာမှာပါ။ စစ်ကိုင်းနဲ့ မကွေးက ဗမာပြည်သူတွေက ဗီဇာပိတ်တာကို လက်ခလယ်ထောင်ပြမှာပါ။ ပြည်သူက မိမိအစိုးရ NUG နဲ့ သူ့အောက်က PDF ကို အားကောင်းအောင်သာ ရတာလေးနဲ့ PRF ကတဆင့် လှူကြပါ။ ပြည်သူညီရင် မနိုင်စရာ ဘာမှမရှိပါ။ ဗီဇာပိတ်တော့ အားလုံးခံစားရတာ ညီသွားတယ်လို့သာ မှတ်လိုက်ပါ။ NUG မလှူဘဲ မိမိသား/သမီး လွတ်မယ်ထင်နေသူများလည်း ဒီကိစ္စကနေ အသိတရားရနိုင်မယ်လို့ ထင်ပါတယ်။ တပ်မတော်သာအမိ တပ်မတော်သာအဖ မဟုတ်သလို တရုတ်သာအမိ တရုတ်သာပဖ၊ ဥရောပသာအမိ ဥရောပသာပဖ၊ ကုလသာ အမိအဖ၊ NGO သာ အမိအဖ မဟုတ်ပါ။ ပြည်သူသာ အမိ ပြည်သူသာ အဖ ပြည်သူသာအဓိကပါ။ ပြည်သူညီလို့ ငွေတွေလှူရင် တော်လှန်ရေးက မုချ အောင်မှာပါ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page