top of page
Search

အဖွဲ့မတူသော်လည်း ရည်ရွယ်ချက်တူသောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 14, 2020
  • 1 min read

ree

ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ စာရေးသူတို့က သိပါတယ်။ အဘတို့လဲသိပါတယ်။ဖွတ်နိုင်ဖို့က သိကြားမင်းကိုယ်တိုင် မဲလာပေးတောင် မရပါ။ နောက်မှ အသေးစိတ်ရေးပါ့မယ်။


ဒါကြောင့်ဖွတ်နဲ့ သူ့ညီနောင်ပါတီတွေက ရွေးကောက်ပွဲရက်ရွှေ့ဖို့ တောင်းဆိုပါတယ်။ တပ်ချုပ်ကိုကယ်ခိုင်းပါတယ်။ မထူးလာပါ။ နောက်ပိုင်း ကိုဗစ်ကြီးဟာ အနောက်ခြံစည်းရိုးကိုကျော်ပြီး ရန်ကုန်ကိုလေယဉ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်။ ဒီကိစ္စဟာ အင်မတန်စိတ်ပူစရာပါ။ ခရီးသည်တစ်ဝက်ပျောက်တာဟာလဲ ရှာမရတော့ပါ။ ဒီအချိန်မှာ ကိုဗစ်ဖြစ်လို့ အာဏာရပါတီဟာ လူထုထောက်ခံမှုပိုကျသွားဖို့သာ ပုံမှန်မှာရှိပါတယ်။ လူနာတိုင်းကို ဆေးရုံမှာထားပြီး ရောဂါထိန်းလိုတဲ့ ပေါ်လစီက ဗဟိုအစိုးရရောရန်ကုန်အစိုးရအတွက်ပါ စိန်ခေါ်ခဲ့ပါတယ်။ ရန်ကုန်အစိုးရက ပြည်သူ့အကူအညီယူပြီး အိမ်ရာအချို့ကို ဆေးရုံပြောင်း၊ ဧရာနဲ့ KBZ တို့က ကူ၊ We Love Yangon က ပြည်သူ့ထံကအလှူခံ လူအား ငွေအားစိုက်ပြီး ကြီးမားတဲ့ တပ်မနှစ်ခုလောက်သာ သုံးပြီးလုပ်မှရတယ့်အလုပ်ကို ပြည်သူ့အင်အားနဲ့ လုပ်သွားခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ အကျပ်အတည်းကြောင့် ဖြစ်ပေါ်တယ့်ဖိအားဟာ လျော့သွားခဲ့ပါတယ်။ ဒါနဲ့မရချိန်မှာ အလုပ်သမားတွေက အလုပ်မရှိရင် ငတ်မယ်ဆိုပြီး ဝိုင်းအော်ပါတယ်။ DASSK နဲ့ဗဟိုအစိုးရဟာ ပြည်သူ့အသံနားထောင်ပြီး ရန်ကုန်က ကွီးဖြိုးနဲ့ Video conference ခေါ်ကာ အလုပ်ရှင်၊အလုပ်သမားနဲ့ ကျန်းမာရေးကြားက အဖြေတစ်ခုကိုရှာပြီး အကန့်အသတ်နဲ့ ဖွင့်ခဲ့ပါတယ်။ ဒါကြောင့်အလုပ်သမားအရေးနဲ့ ဆူဖို့ဟာလဲ မဖြစ်လာနိုင်ခဲ့ပါ။

အဘတို့အတွက် Project K က တင်ပြချိန် နည်းပညာအမှားကို အဘသားခိုင်းနွားများနဲ့ လူလိမ်ကျော်မြင့်ပါတီက ဆန္ဒပြပြီး ဆွဖို့ ကြိုးစားခဲ့ပါတယ်။ ပြည်သူက အရေးမလုပ်ခဲ့ပါ။

ဒါကြောင့် နောက်နေ့မှာ NLD ပါတီက ကိုယ်စားလှယ်တွေကို အကြမ်းဖက်အဖွဲ့ ဓာတ်ခဲက အဘတို့လုံခြုံရေးချထားတဲ့ တောင်ကုတ်ကနေ ပြန်ပေးစွဲခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က ရွေးကောက်ပွဲ ရပ်အောင်ပါ။ သူက တပ်ကို အသေမုန်းပေမယ့် အဘသားဖွတ်ပါတီကအမတ်ကို လက်ဖျားနဲ့တောင်မတို့တာ ထူးဆန်းစွာတွေ့ရပါတယ်။ သူယုတ်မာအချင်းချင်း ဆောင်မတာပေါ့။

ယခုလို ဓာတ်ခဲက အကြမ်းဖက်မှု ကျူးလွန်အပြီးမှာဘဲ ဓာတ်ခဲကို ထောက်ခံရေးသားလေ့ရှိတဲ့ Khit Thit Media ကနေ အရပ်ဘက်အဖွဲ့ ၅၇၅ ဖွဲ့က သမ္မတထံ အိတ်ဖွင့်စာပို့ပြီး ဖွတ်နဲ့ ညီနောင်ပါတီတွေလိုဘဲ ရွေးကောက်ပွဲရွှေ့ဖို့ သူတို့သမ္မတနဲ့တွေ့လိုကြောင်း စာထုတ်ပါတယ်။

ရုတ်တရက်မှာ အဖွဲ့ ၅၇၅ ဖွဲ့ဆိုတော့ အများကြီးပါ။ ဒါပေမယ့် အဖွဲ့ ၃၅၀ လောက်ကရခိုင်ပြည်ကနာမည်မျိုးစုံနဲ့ဖြစ်ပြီး အခြား ၁၀၀ လောက်က ပြည်မရောက် ဓာတ်ခဲ့ထောက်ပံ့ခံ အဖွဲ့များပါ။ နောက်၅၀ လောက်က ပြည်မက အဖွဲ့အချို့က အဘနဲ့ဖွတ်ထောက်ပံ့ထားတဲ့ မိတ္ထိလာ၊ တနင်္သာရီနဲ့ အဘထောက်ခံတဲ့ အင်းသားနဲ့ ချင်းအဖွဲ့အချို့ပါ။

အကျဉ်းချုပ်ရရင် သူတို့တွေရဲ့ နာမည်တွေက ကွဲပြားပါတယ်။ အဆိုပါအဖွဲ့တွေမှာ တူညီတာကအဆိုပါ အရပ်ဘက်အဖွဲ့တွေက ကိုဗစ်မှာ မကူတာ၊ NLD ကို ဆန့်ကျင်တာ၊ လက်နက်အားကိုးတာနဲ့ပြည်သူကို မကောင်းစားစေချင်တာပါ။ အဆိုပါ အရပ်ဘက်အဖွဲ့တွေက NLD ကိုယ်စားလှယ်ကို ပြန်လွှတ်ပါတို့၊ ရခိုင်ဝန်ကြီးချုပ်ကို အကြမ်းဖက်ဗုံးခွဲလုပ်ကြံလို့ ရှုတ်ချတာ မကြားဘူးပါ။ သူတို့အားလုံးမှာတူညီတာက NLD အာဏာမရရေးပါ။ ဒါမှ အရပ်ဘက်အဖွဲ့အချို့ကလဲ ပြည်ပက ဒေါ်လာရမှာဖြစ်သလို ဓာတ်ခဲတို့ကလဲ လူမျိုး​ရေးမီးမွှေးလို့ရ၊ အဘတို့ကလဲ ပြန်ခိုးလို့ရမှာပါ။

အဖမ်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် စိတ်မပူပါနဲ့။ ဓာတ်ခဲက သတ်ရင် ဓာတ်ခဲခေါင်းဆောင်လဲ ICC သွားရမှာပါ။ ICC မရောက်ခင် သူ့ကိုလက်ခံထားတဲ့ နိုင်ငံက ထိုးကျွေးမှာပါ။NLD ကိုယ်စားလှယ်ကို ဓာတ်ခဲဘာမှ မလုပ်ရဲပါ။ NLD မှာ တပ်မရှိပေမယ့် ဒီကောင်တွေရဲ့ အဘကိုဖိအားပေးလို့ရပါတယ်။ NLD မှာ လက်နက်မရှိပေမယ့် ပြည်သူရှိပါတယ်။

ပြည်သူတွေကတော့ သူခိုးတွေပြန်မတက်အောင် နိုဝင်ဘာ ၈ ရက်မှာ NLD ကိုသာ မဲပေးလိုက်ပါလို့ပြောပါရစေ။ ဒါဆိုမကောင်းဆိုးဝါးတွေကို တိုက်ထုတ်နိုင်မှာပါ။


News Credit: Myanmar Now, Khit Thit Media

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 15, 2020

ဦးမြတ် ! တိုက်ဆိုင်မှု နေ့စွဲနှင့် တိုက်ဆိုင်နေသော ဖြစ်ရပ်မှာ တိုက်ဆိုင်ပါဝင်မှုများကို မှတ်တမ်းအဖြစ် သိမ်းထားမှုမှတဆင့် ကူးယူဖော်ပြအပ်ပါသည်။


¿¿¿ကိုဗစ် ဒုတိယလှိုင်း ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပေးခြင်း¿¿¿

အမှတ် ၂၉. / ၂၀၂၀

၂၀၂၀ ပြည့် စက်တင်ဘာလ ၁၄ ရက်


ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် (MNDAA) တအောင်း(TNLA) ရခိုင် (AA)တို့သည် တရုတ်ခေါင်းဆောင်တို့ ကိုယ်စား ကိုဗစ်ရောဂါကာကွယ်နိုင်ရန် ပြည်ခိုင်ဖြိုးကို မဲပေးကြပါ။


ညီနောင်မဟာမိတ် ၃. ဖွဲ့

အတွင်းရေးမှုး

ဗိုလ်ကြီး အိုက်စန်


အောက်ဆုံးမှာက ဆိုင်ရာအဖွဲ့ရဲ့ တံဆိပ်တုံးများ ရိုက်နှိပ်ထားကြပါသည်။


**************************


အဖြေက ရှင်း နေပါပြီ။ ရှင်းနေတာကို ရှုပ် အောင် လုပ်ခြင်းပါ။

ရှုပ် မှ ပြုတ်မယ် အထင်နဲ့။

စပျစ်သီး တလုံးချင်း ချဥ်ပါသည်။စပျစ်သီးသည် အတွဲလိုက် အခိုင်လိုက် သီးသည့်အနွယ်မျိုး ဖြစ်ပါသည်။ အသီးတွေများနေသော်လည်း##အညှာ#တစ်ခုတည်းပါ။

ဦးမြတ် fb ပေါ် တင်ထားတဲ့အဖွဲ့ပေါင်း ၅၀၀ ကိုကြည့်လိုက်တော့

**ကွန် ရက်**ဆိုတာတွေ့လိုက်ရပါသည်။ ကွန် ဆိုတာ ငါးဖမ်းတဲ့နေရာမှာ သုံးတဲ့ ပိုက်ကွန်။ ကွန် တဖုံ ဖြစ်ဖို့ ကွက်စိပ်သေးသေးလေးတွေများစွာနှင့် **ရက်/ယက်**လုပ်ထားရပါသည်။နောက်ဆုံးတော့ အရင်းစစ်လိုက်ရင် ငါးစားချင်သူ တံငါ၏ လက်တွင်း သက်ဆင်းရပါသည်။

ဒါကြောင့် ငါး ပွက် ရာ ၊ ငါး စာ ချ ။ ပွတက်လာမှ ကွန် နဲ့ အုပ်ဖမ်း။ လုပ်ငန်း ပြီးပေမယ်ပေါ့။ ငါးွပွက်ရာ ငါးစာချငြား ငါးတွေက မပွက် ၊ မထွက်တော့ အကြံ အိုက်ပြီပေါ့။ ငါးစာကလည်း အဆိပ်ပါတော့ ငါးကလည်း သဘောပေါက်သွားပါသည်။ မဟုတ်ရင် ကျောပေါက် ပျောက်သွားမှာကိုး။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page