ပထမဆုံး LGBTတပ်ချုပ်လား?
- Myat Tun Oo
- 3 minutes ago
- 1 min read

ရဲဝင်းဦးကိစ္စက မအလယုံတာသိပေမယ့် သူက တိုင်းမှူးအပြီး စရဖညွှန်ချုပ်သာလုပ်လို့ ဘယ်သူကမှ ဒီရာထူးပေးမယ်လို့ မထင်ထားပါဘူး။ သူက လူသတ်တာ၊ ဘောမတာကလွဲလို့ စစ်ရေးအတွေ့အကြုံမရှိပါဘူး။ ဒီရာထူးကို ပေးလို့ရပေမယ့် စစ်မနိုင်နိုင်ပါဘူး။ ဒါကြောင့် မအလက စစ်တိုက်နိုင်သူထက် အမိန့်နာခံသူကိုရွေးတာ ထင်ရှားနေပါတယ်။ နောက်သူက အရက်သမား၊ နှစ်ဖက်ချွန် အမျိုးသမီးငယ်တွေရော လိင်တူပါဆက်ဆံသူပါ။ သူ့ ယခင် ဧရာဝတီတိုင်းထဲက PSO ကောင်လေးနဲ့ ဖြစ်နေတာပါ။ ထူးခြားတာက တရုတ်သမ္မတကို မိတ်ဆက်စဉ်က အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်က ကျော်စွာလင်းဖြစ်ပြီး အားလုံးရှေ့မှာ မိတ်ဆက်ထားတာပါ။ ကျော်စွာလင်းလဲ ရဲဝင်းဦးကို တပ်ချုပ်ပေးရလောက်အောင် ဘာတွေ ဖြစ်ခဲ့လဲ ယခုအထိတော့ မသိသေးပါ။ သိတာက ကျော်စွာလင်းက တပ်ချုပ်ပါ။ ဘာပဲပြောပြော စိန်လွင်ကို သမ္မတပေးလိုက်သလိုပါဘဲ။ တိုင်းပြည်ရော တပ်ပါ ကောင်းဖို့မရှိဘဲ ပြည်သူက တိုက်ရုံမှတစ်ပါး အခြားမရှိတာပိုသေချာသွားခဲ့ပါပြီ။ ဟိုလေချူပ်က မိန်းမကိစ္စနဲ့ပြုတ် ပေမယ့်ဒီကောင်က အဘအကြောင်းသိလို့ ခိုင်နေပါတယ်။ ဒါကြောင့် ပြည်သူက ပြည်သူ့တပ်ကိုသာ ထောက်ပံ့ပေးပါ။ ဒါမှငါတို့နိုင်မှာပါ။


Comments