top of page
Search

သတိထားရမည့် SRA အန္တရာယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • 3 minutes ago
  • 2 min read

SRA ဖွဲ့ချိန်မှာ ဒါဟာ တော်လှန်ရေးအတွက် ကောင်းဖို့ဆိုပြီး ပြောဆိုသူတွေရှိပါတယ်။ ဒါကြောင့် တော်လှန်ရေးမှာ နိုင်ငံရေးအမြင်မတူတဲ့ အခြားလက်နက်ကိုင်တွေရှိတာဟာ ကောင်း / မကောင်းဆိုတာကို ကမ္ဘာ့ဥပမာ၊ မြန်မာ့ဥပမာတွေနဲ့ လေ့လာကြည့်ရဖတ်ဩာဇာကျအောင် ၁၉၇၀ နှစ်တွေမှာ ယခုသူတိုက်နေတဲ့ ဟားမတ်ကို ငွေကြေး၊ လက်နက် ထောက်ပံ့ပေးခဲ့ပါတယ်။ အဆိုပါဟားမတ်က ပါလက်စတိုင်းအစိုးရ (PLO) ကို စိန်ခေါ်ပြီး ဂါဇာမှာ အုပ်ချုပ်ပြခဲ့ပါတယ်။ အစ္စရေးကို အောက်နိုဘာ ၂၇ မှာ အကြမ်းဖက်ပြီးထပ်စိန်ခေါ်လို့ အစ္စရေးက ထိုးစစ်ဆင်ခဲ့ပါတယ်။ ထိုအဖွဲ့ကြောင့် ပါလက်စတိုင်းတွေ လွတ်လပ်ရေးရဖို့ မနီးစပ်သွားခဲ့သလို ဂါဇာကပြည်သူတွေ ဆင်းရဲသွားတာသာ တွေ့ရပါတယ်။ ဘုံရန်သူ အစ္စရေးထက် အချင်းချင်းတိုက်တာ ပိုများခဲ့ပါတယ်။

ထိူ့အတူပါဘဲ လက်ဘနွန်နိုင်ငံထဲမှာ ဟစ်ဇဘိုလာအဖွဲ့ဟာ လက်ဘနွန်စစ်တပ်နဲ့ အစိုးရအောက်မှာ မရှိပါ။ သူက အစ္စရေးကိုတိုက်ဖို့ စဖွဲ့ခဲ့တာပါ။ သူ့ရဲ့ နိုင်ငံရေးဖခင်က အီရန်က ဘုန်းကြီးတွေပါ။ သူကလဲ SRA လို အစိုးရနဲ့ ညှိနှိုင်းလုပ်တယ်လို့ဆိုပါတယ်။ သူက လက်ဘနွန်စစ်တပ်နဲ့အတူ ဘုံရန်သူ အစ္စရေးကို တိုက်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူက အီရန်ကို သစ္စာခံတာဖြစ်လို့ အီရန်ကို အစ္စရေးကတိုက်ချိန်မှာ သူကလဲ အီရန်ကိုယ်စား အစ္စရေးကို လက်ဘနွန်ကနေတိုက်ပါတယ်။ လက်ဘနွန်အစိုးရရဲ့ အမိန့်ကိုလဲ မနာခံပါ။ ဒါကြောင့် အစ္စရေးက လက်ဘနွန်ကို ပြန်ပစ်ပြီး လက်ဘနွန်ပြည်သူတွေက ကြားထဲက ခံရပါတယ်။ ဒီလိုခံရတာက ဟစ်ဇဘိုလာတပ်ဟာ လက်ဘနွန်အစိုးရနဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိလို့ပါ။ သူက လက်ဘနွန်အစိုးရ ခွင့်ပြုချက်မရှိဘဲ အစ္စရေးကို ပစ်လို့ ဟိုကပြန်ပစ်ချိန် ကြားက လက်ဘနွန်ပြည်သူတွေ ခံရတာပါ။


အမေရိကန်မှာ ထရမ့်ထောက်ခံသူ၊ မုန်းသူက ၅၀-၅၀ ရှိမှာပါ။ ထရမ့်မုန်းသူတွေက လက်နက်ကိုင်အဖွဲ့တွေ၊ တပ်တွေရှိရင် ယခုအချိန်မှာ ထချကုန်မှာပါ။ ထိူ့အတူ ထရမ့်ထောက်ခံသူက လက်နက်ကိုင်တပ်ဖွဲ့တွေရှိရင်လဲ သူမတက်ခင်က ထချကြမှာပါ။ ဒါကြောင့် လက်နက်ကိုင်တပ်တွေဟာ ပြည်သူက ရွေးကောက်တဲ့ အစိုးရအောက်မှာ တစ်စုထဲရှိခြင်းကသာ တော်လှန်ရေးအတွက်၊ လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီအတွက် ကောင်းတယ်ဆိုတာ ပြနေပါတယ်။


မြန်မာ့ဥပမာ

စစ်နိုင်ခဲ့တဲ့ ကိုးကန့်နဲ့ TNLA အဖွဲ့တွေဟာ စစ်တိုက်ချိန်မှာသာ BPLA, KNDF, PLA နဲ့ အခြားအဖွဲ့တွေရဲ့ အကူအညီကို ယူခဲ့ပေမယ့် စစ်နိုင်အပြီးမှာ အဆိုပါဒေသတွေကို သူတို့သာ အုပ်ချုပ်ခဲ့သလို အဆိုပါအဖွဲ့တွေကိုလဲ သူတို့နယ်မြေကနေ ထွက်ခိုင်းခဲ့ပါတယ်။ AA ကလဲ ထို့အတူပါဘဲ။ အဆိုပါအဖွဲ့တွေက စစ်ရေး၊ နိုင်ငံရေးမှာ အောင်မြင်နေတာ တွေ့ရပါတယ်။

ကရင့်နယ်မြေမှာ လက်နက်ကိုင်အဖွဲ့များစွာရှိပါတယ်။ NUG အောက်က PDF ဟာ KNU နယ်မြေထဲမှာ KNU နဲ့ သူ့တပ် KNLA ရဲ့ အမိန့်ကို နာခံရပါတယ်။ ဒါပေမယ့် KNU အောက်မရှိတဲ့ အခြားကရင့်အမည်ခံ DKBA, KNA, KNLA-PC တွေကြောင့် ယခုအချိန်အထိ ဘုံရန်သူ မအလစစ်ခွေးကို မတိုက်နိုင်ဘဲ အချင်းချင်း တိုင်ပတ်နေတာ အားလုံးသတိထားမိမှာပါ။ ဒါ့အပြင် မိမိနယ်ထဲ အခြားလက်နက်ကိုင်တွေက ဖွင့်ခွင့်ပေးထားတဲ့ ကျားဖြန့်ကိစ္စကို KNU က ကြားခံ ပြဿနာရှင်းနေရပါတယ်။

ရှမ်းပြည်မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ရှိပေမယ့် ရှမ်းပြည် မလွတ်မြောက်ဘဲ လက်နက်ကိုင်တစ်ဖွဲ့ထဲရှိတဲ့ ရခိုင်က လွတ်မြောက်ဖို့ ၉၀% ရှိနေပါတယ်။


SRA အဖွဲ့က ကောင်းကျိုးလား/ဆိုးကျိုးလား

SRA လော်ဘီများက သူတို့က နေပြည်တော် တက်သိမ်းမလို လော်ကြတာ တွေ့ရပါတယ်။ SRA ထဲမှာ အားအကောင်းဆုံးက ချင်းအဖွဲ့ပါ။ ဒါပေမယ့် သူကလဲ သူ့နယ်မှာ ခုခံစစ်ဆင်နေရပါတယ်။ KNDF က သူ့နယ်မှာ ခုခံစစ်ဆင်နေရလို့ ပြည်မတော်လှန်ရေးကို မကူနိုင်ပါ။ BPLA က ကရင့်နယ်ထဲမှာသာ အင်အားအများဆုံးပါ။

ဒါဆိုရငိ SRA ဖွဲ့တာက တော်လှန်ရေးအတွက် ကောင်းလား? နဂါးလို တစ်ဖွဲ့ထဲက မဟုတ်တာလုပ်ရင် ပြည်သူ့အစိုးရ NUG /MOD အနေနဲ့ တစ်ဖွဲ့ထဲမိုလို့ ထိန်းရသိမ်းရ လွယ်နိုင်ပါတယ်။ မိမိနယ်မြေထဲမှာ အခြားလက်နက်ကိုင်အဖွဲ့တွေက ဘိန်းသယ်တာ၊ ဆေးပြားသယ်တာ၊ အခွန်ကောက်တာ၊ သီးခြားအုပ်ချုပ်တာတွေကို NUG အနေနဲ့ ခွင့်ပြုလို့မရပါ။ ဒါပေမယ့် SRA ပုံစံက အလုပ်သမား သမဂ္ဂလို၊ လက်နက်ကိုင် သမဂ္ဂပုံစံဖြစ်လို့ သူတို့ရဲ့ အဖွဲ့တစ်ဖွဲ့ကို NUG က အရေးယူရင် အရေးမယူရဲအောင် ဆောင်းခတို့၊ ခွန်ဘီတူးတို့က တောင်းဆိုတာတွေလူပ်ပြီး NUG ရဲ့ MOD လုပ်ရကိုင်ရ ပိုခက်သွားမှာပါ။ ဒီပုံစံမျိုး SRA ထဲက NLA အဖွဲ့ဝင်တွေ အဖမ်းခံရချိန် ဆောင်းခက စလုပ်လာတာ တွေ့ရပါတယ်။ ဒါက လွတ်လပ်ရေးမရခင်ကာလဖြစ်ပြီး လွတ်လပ်ရေးရရင်လဲ နိုင်ငံရေးဝါဒမတူလို့ လက်နက်မစွန့်ရင် ယခင်က ရဲဘော်ဖြူဝါ၊ နီ၊ ကွန်မြူနစ်တွေလို ဖြစ်သွားမှာပါ။

ဒါဆို ပြည်သူက ဘာလုပ်ရမလဲ? ပြည်သူအနေနဲ့ ဘာမှ တွေဝေနေစရာ မရှိပါ။ ဟိုဆယ်လီက ဒီအဖွဲ့လှူပါ ဘာညာဆိုလို့ မတွေဝေပါနဲ့။ နဂါးကိစ္စ နဂါးလိမ်တာ အားလုံးကိုယ်တွေ့ပါ။ NUG အစိုးရရဲ့ ထိုအချိန်က ဝန်ကြီးအချို့တောင် နဂါးအတွက် မှားပြီး ကာဝန်ကို ဖိအားဝင်ပေးခဲ့ကြပါသေးတယ်။ ဩဇီထွက်ပြေးသွားတဲ့ NLD က အမတ်တစ်ယောက်တောင် ပါပါတယ်။ ပြည်သူတွေအနေနဲ့က NUG အောက်က PDF ကိုသာ PRF ကနေတဆင့် လစဉ်ထောက်ပံ့ပေးပါ။ သင်တို့ရဲ့ ချွေးနည်းစာငွေနဲ့ နဂါးလိုအဖွဲ့တွေကို ငွေကုန်မခံပါနဲ့။ ဆယ်လီကပြောလို့ NUG အောက်ကမဟုတ်တဲ့ အဖွဲ့တွေထံငွေလှူပြီး အဆိပ်ပင် ရေလောင်းသလို မဖြစ်ပါစေနဲ့။ နိုင်ငံရေးမှာ လူတိုင်းအမြင်မတူလို့ရပေမယ့် နိုင်ငံရေးအမြင်ပေါ်မူတည်ပြီး လက်နက်ကိုင်တပ်ထောင်ထားရင်တော့ အင်မတန် အန္တရာယ်များပါတယ်လို့ ပြောပါရစေ။ ဒီလောက်ပါဘဲ။ ဟားမတ်လဲ အစပိုင်းက ဘုံရန်သူကို တိုက်ခဲ့ပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page