top of page
Search

အပေါ်ယံသင်ယူသူများသည့်အခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 29, 2020
  • 1 min read

မနေ့က ဆန္ဒပြကျောင်းသားတွေက ရက်ရှည်ကျောင်းဖွင့်တာကို သုတေသတအခြေမခံဘူးဘာညာပြောလို့ ကမ္ဘာ့နိုင်ငံကျောင်းဖွင့်ရက်တွေနဲ့ ယှဉ်ပြပြီးရေးပြလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ရဲ့ကျောင်းပိတ်ရက်တောင်းဆိုမှုအကြောင်းပြချက်ဟာ မခိုင်မာမှန်းပြည်သူများသိလာလို့ ငြင်းခုံမှုကို စင်ကာပူလို၊ အမေရိကန်လို၊ အင်္ဂလန်လိုကျောင်းဖြစ်ပြီလား နောက်ပြီးသူတို့လို ဘတ်ဂျက်သုံးလားဆိုပြီးစကားလမ်းစလွှဲကြပါတယ်။ ပြန်လေ့လာရင် စင်ကာပူဆိုတာ ယခုနေရာကို နတ်ပြည်ပေါ်ရောက်သလိုဗြုန်းစားကြီးရောက်သွားတာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်း တက်လှမ်းခဲ့ရတာပါ။ သူ့မှာ ၂၀၀၈ခြေဥမရှိပါဘူး။ မြန်မာပြည်မှာ အဆိုပါနိုင်ငံတွေလို အစိုးရအောက်မှာ တပ်မရှိလို့ ဘတ်ဂျက်ကိုမစစ်နိုင် ခြေဥပေါ်မူတည်ပြီး သူပုန်ထ အဲ့ဒီမှာ စစ်အသုံးစရိတ်ကုန်နဲ့ ပညာရေးကို မလှည့်နိုင်ခဲ့ကြပါ။

တကယ်တမ်းမှာက ပညာရေးတိုးတက်ဖို့ဟာ ခြေခံဥပဒေကအစ ဘက်စုံလိုပါတယ်။ အဓိကကတော့ငွေ ဘတ်ဂျက်ပေါ့။ ဘတ်ဂျက်ကို လက်ရှိအစိုးရက သူတတ်နိုင်သလောက် အများဆုံးချပေးသလိုစစ်တပ်က လွှတ်တော်ထဲမှာ ကန့်ကွက်တဲ့ကြားက နိုင်ငံခြားကချေးပြီး လုပ်နေပါတယ်။ နောက်ဆရာအရေအတွက်များပြီး ဆရာနဲ့ကျောင်းသားအချိုး (teacher to student ratio) ပိုမိုကောင်းမွန်အောင်လဲလုပ်နေပါတယ်။

စာသင်ယူရာမှာ အပေါ်ယံသင်တာ (surface learner) နဲ့ သေချာတွေးခေါ်သင်သူ (deep learner) နှစ်မျိုးရှိပါတယ်။ စာရေးသူတို့တိုင်းပြည်က အပေါ်ယံသာသင်ခဲ့တာပါ။ သင်ပုံက Didactic approach ပါ။ ဒါကြောင့် ကျက်နေရတာပါ။ တွေးခေါ်တတ်အောင် deep learner ဖြစ်အောင်က သင်ကြားပုံကို အချိန်ပေးရ ပြောင်းရပါမယ်။ အင်္ဂလိပ်မှာ what is learning? သင်ယူမှုဟာ ဘာလဲလို့ မေးခွန်းထုတ်ရာမှာသင်ကြားတာဟာ ကျက်မှတ်တာမဟုတ် “learning is not remembering” လို့ဆိုပါတယ်။ သင်ကြားပြီးရင် အဲ့ဒီလူမှာ တွေးခေါ်မှု၊ ခံစားမှု၊ လုပ်ဆောင်ချက်တွေ ပြောင်းလဲသွားရမယ်လို့ဆိုပါတယ်။ “learning is about changes in thinking, feeling and behaving” လို့ဆိုပါတယ်။

ဥပမာ ကလေးတွေကို အမှိုက်ပစ်တာမကောင်းဘူး သင်တယ်ဆိုပါစို့။ သူတို့နားလည်သွားရင် အော်အမှိုက်ပစ်လို့ သဘာဝပတ်ဝန်းကျင်ပျက်တာကိုတွေးပြီး အသိတရားနဲ့ ခံစားမှုရှိလာပြီး လက်တွေ့အမှိုက်ပစ်တာကို ရှောင်လာတာဟာ သင်ယူလိုက်တာပါ။ ဒီလို သေချာရှင်းပြပြီးမသင်ဘဲ အမှိုက်ပစ်တာမကောင်းပါလို့ ကျက်လိုက်ရင် တစ်မိနစ်နဲ့ ပြီးပေမယ့် သူတို့က အမှိုက်ဆက်ပစ်နေမှာပါ။

အဲ့ဒီကနေ တိုင်းပြည်ကြီးကိုသွားရအောင်။ တပ်ထဲမှာ ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီးသင်လိုက်တယ်။ အားလုံးကျက်ရင် ဒီဆောင်ပုဒ်က တစ်မိနစ်လောက်ဆိုရင် မှတ်မိမှာပါ။ ဒါက အပေါ်ယံသင်ယူလိုက်တာ (surface learning)ပါ။ သေချာတွေးခေါ်ရင်က ပြည်သူက ဘယ်လိုငါတို့ကို ပိုက်ဆံပေးရတာသယံဇာတကလဲ ပြည်သူပိုင်တာဆိုပြီး ဥပမာတွေနဲ့သင် ဘယ်ဒီမိုနိုင်ငံမှာ ပြည်သူကိုဘယ်လိုလေးစားတာ ဘာညာလို့ သင်ကြားခဲ့ရင် တွေးခေါ်သင်ယူတာ (deep learning)ကြောင့်သင်ရတာကြာပေမယ့် အဲ့ဒီကောင်းတဲ့ပြည်သူသာအမိပြည်သူသာအဖလို့ ရင်ထဲမှာ (feeling)စွဲသွားခဲ့ရင် ယခုလို မြန်မာပြည်မှာပြည်သူကို ရန်သူလို ရန်မူပြောဆိုနေတဲ့ အရာရှိတွေကို မွေးထုတ်တဲ့နေရာဖြစ်လာမှာ မဟုတ်ပါ။ ယခုကတော့ ယခင်ပညာရေးကြောင့်ပြည်သူကိုမျက်နှာမမူတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဖြစ်လာပြီး တိုင်းပြည်ကို ဒုက္ခပေးနေကြတာ အားလုံးအသိပါ။

အားလုံးသေချာတွေးခေါ်နိုင်သော ပညာဉာဏ်ရကြပါစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Aung Si
Aung Si
Jan 31, 2020

ဆရာမြတ် Good morning ပါ ယနေ့အစိုးရကိုပြောလိုက်မယ်ဆိုတဲ့သူတွေ၊ အထူးသဖြင့် ပညာရေးနဲ့ ပါတ်သက်ပြီးပြောတဲ့သူတွေဟာလည်း စာမဖတ်သူတွေဖြစ်မှာပါ၊ ကျုပ်တို့စာဖတ်ပါတယ်ဆိုလျင်လည်း အပေါ်ယံဘဲ ဖတ်သူတွေဖြစ်မှာပါ၊ ဆန္ဒပြတဲ့ဆရာဆိုသူတွေဟာလည်း ကျောင်းသားတွေထံက ရသမျှရိတ်မယ်ဆိုသူတွေနဲ့ ပညာရေးမှာနှလုံးရည်မပြည့်ကြသူတွေဖြစ်မှာပါ၊

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page