top of page
Search

အစိုးရကို ဝေဖန်မယ်ဆိုရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 28, 2020
  • 1 min read

လက်ရှိအစိုးရက ဒီမိုအစိုးရပါ။ သူတက်လာကထဲက ဝေဖန်သူတွေကများပါတယ်။ ဒါက ဒီမိုစနစ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ စတက်ချိန်က ဝေဖန်သူများဖြစ်တဲ့ ကိုကျော်ဇေယျတို့ သက်သက်ခိုင်တို့ကတော့ ယခုပါတီအသစ်ထောင်သွားပါပြီ။ ကျန်တာက မစန္ဒာရယ်၊ သက္ကမိုးညိုတို့သာပါ။

COVID 19 မှာ လက်ရှိအစိုးရရဲ့ ကိုင်တွယ်ပုံကို ရေးထားတာတွေ ဖတ်ရ တွေ့ရပါတယ်။ ဒါဟာ ဒီမိုသဘောတရားတွေမိုလို့ မပြောလိုပါ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ တရုတ်ကိုင်တွယ်ပုံကိုသာ အစပိုင်းကကြမ်းတယ်လို့ပြောပေမယ့် နောက်ပိုင်းမှာ သူ့ကိုင်တွယ်ပုံကို ကောင်းတယ်လို့ ထင်လာကြပါတယ်။သူက အာဏာရှင်စနစ်ဖြစ်ပြီး ဒီစနစ်မှာ တပ်ကလဲ သူ့အောက်မှာမိုလို့ သူလုပ်ချင်တာကို လွယ်ကူစွာလုပ်နိုင်ခဲ့ပါတယ်။ ဘယ်သူကမှလဲ မေးခွန်းမထုတ်ရဲခဲ့ပါ။

သူကလွဲရင် အခြားတိုင်းပြည်တွေကို ကြည့်ရအောင်။

အီတလီမှာလဲ လက်ရှိအစိုးရဟာ သူ့ရဲ့ ကိုင်တွယ်ပုံကို ဝေဖန်ခံနေရပါတယ်။

စပိန်မှာလဲ ထို့အတူပါဘဲ။

အင်္ဂလန်မှာလဲ အစိုးရဟာ အဝေဖန်ခံနေရပါတယ်။

အမေရိကန်မှာတော့ ထရမ့်ဟာ သူရဲ့ ဒီကပ်ရောဂါကိုင်တွယ်ပုံကို အလွန့်အလွန် ဝေဖန်ခံနေရပါတယ်။

အီတလီ၊ စပိန်၊ အင်္ဂလန်နဲ့ အမေရိကန်အစိုးရတွေဟာ ဒီမိုကရေစီအခြေခံသလို ငွေကြေးချမ်းသာပါတယ်။ သူတို့ရဲ့တပ်တွေဟာလဲ ခေတ်မှီပြီး အစိုးရစကား နားထောင်ပါတယ်။ ပြည်တွင်းစစ်မရှိကြပါ။ဒီလို အစိုးရတွေတောင် ဝေဖန်ခံနေရချိန်ပါ။

ဒီကပ်ရောဂါဟာ လက်ရှိအစိုးရကို စိန်ခေါ်တာမှန်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရဟာ သူ့မှာရှိတဲ့ငွေကြေး၊ လူအင်အားနဲ့ အားလုံကိုသုံးပြီး လုပ်ဆောင်နေပါတယ်။ ဒီနေရာမှာ သူလုပ်ဆောင်တာကိုအပြစ်တင်ဝေဖန်ရင် ပြောစရာတွေက ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ အီတလီ၊ စပိန်၊ အင်္ဂလန်နဲ့ အမေရိကန်လို ပြည့်စုံတဲ့ အစိုးရတွေတောင် ဝေဖန်ခံနေရတာမိုလို့ပါ။

စာရေးသူကတော့ ယခုအစိုးရလုပ်ဆောင်နေတာတွေဟာ အင်မတန် စနစ်ကျတယ်လို့ထင်ပါတယ်။စာရေးသူ တွေးပုံက ယခုအချိန်မှာ ဒီအစိုးရမိုလို့ ဒီလောက်လုပ်နိုင်တာလို့ ထင်ပါတယ်။ ဒီအချိန်မှာဖွတ်အစိုးရ စစ်အစိုးရဆိုရင် ယခုလောက်တောင် လုပ်နိုင်မယ်မထင်ပါ။ ဒီလိုအချိန်မှာ ပြည်သူ့အစိုးရရှိတာက ကံကောင်းတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page