top of page
Search

အင်္ဂလန်နေသူနှင့် အင်္ဂလန်ပြန်သူ ကွာခြားမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 24, 2020
  • 1 min read

ယခုတလော အင်္ဂလန်မှာနေတဲ့ ဆရာဝန်တွေက မြန်မာအစိုးရက ဘယ်လိုတော်ကြောင်း အထူးသဖြင့်လူနာတွေကို စစ်ရာမှာ၊ သီးသန့်ခွဲရာမှာ isolation၊ နှင့် လူနာနဲ့ထိတွေ့သူများကို လိုက်ရှာနိုင်မှု contact tracing တွေမှာတော်ကြောင်း ရေးကြတာဖတ်ရပါတယ်။ နောက် အင်္ဂလန်မှာ ရောဂါပိုးရှိသူကို အိမ်မှာသာထားပြီး မြန်မာပြည်မှာလို မစစ်နိုင်တာတွေ Q အတွက် အစိုးရက ဘာမှပြင်မထားတာတွေ သူတို့ရင်ထဲကရေးထားတာတွေကို အမျိုးတွေပြောပြတာရော၊ လိုင်းပေါ်က ရှယ်တာတွေရောကနေ ဖတ်ရပါတယ်။ ကိုယ်ကတော့ DASSK အစိုးရကို အထင်ကြီးပြီးသားမိုလို့ ဝမ်းသာပါတယ်။

ဒါပေမယ့် ပြဿနာက အင်္ဂလန်မှာ တစ်သက်လုံးမနေဖူးဘဲ တစ်နှစ်လောက်နေပြန်လာသူများ ကျောင်းသွားတက်ပြီး ပြန်လာသူများက အစိုးရကို ဝေဖန်တာကို ဖတ်ရချိန်မှာ သူတို့က အင်္ဂလန်မှာမနေဘဲခဏသွားနေဖူးပြီး အစိုးရကို ဟိုဟာမစစ်လို့ ဒီဟာမစစ်လို့နဲ့ ဝေဖန်နေပေမယ့် ဟိုမှာတကယ်နေပြီးအလုပ်လုပ်သူတွေက မြန်မာအစိုးရကို အင်္ဂလိပ်အစိုးရထက်တောင် စီမံခန့်ခွဲမှုတော်တယ်လို့ ချီးမွမ်းနေတော့ အတော့်ကို အမြင်ကွာတာတွေ့ရပါတယ်။

အချို့ကိစ္စတွေက ဘိလပ်မှာ နှစ်ပိုင်းလောက်နေဖူးသူများက “ရေချမ်းချမ်းလေး သောက်ချင်တယ်ဆိုပြီး” ဘိုရူးများ ရူးသွားလား စဉ်းစားမိပါတယ်။

ယခုအချိန်မှာ မြန်မာရဲ့ ရောဂါဖြစ်သူနဲ့ သေနှုန်းကို အခြားနိုင်ငံများနဲ့ ယှဉ်ကြည့်ရင် ဘယ်သူကကိုင်တွယ်တာ တော်သလဲဆိုတာ အဖြေထွက်ပါတယ်။ လူတစ်ဦးချင်း ကျန်းမာရေးအတွက်သုံးထားတာဟာ စင်ကာပူတို့ ထိုင်းတို့ထက်နည်းလို့ သုံးတဲ့ပိုက်ဆံနဲ့ ဒီရောဂါကို ကုသတာ ထိန်းတာမှာ စီးပွါးရေးအနေနဲ့ အင်မတန်မှ ငွေနည်းနည်းနဲ့ လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အင်ဒိုထက်စာရင် ပိုတောင်ကောင်းတယ်လို့ ကောက်ချက်စွဲလို့ရပါတယ်။

မြန်မာပြည်မှာ ပိုးတွေ့သူများလာရင် သေနှုန်းကလဲ ကျသွားမှာပါ။

စာရေးသူက လက်ရှိအထောက်အထားနဲ့ ပြောပြတာပါ။ ဖောင်းထုချင်ရင် အထောက်အထားလေးရှာပါ။ မျက်လုံးဖွင့်ကြည့်ပါ။ သင့်မှာ လူသားဦးနှောက်ရှိရင် အမှန်မြင်မှာပါ။ ဖွတ်ဦးနှောက်ဆိုရင်တော့ မမြင်နိုင်ပါ။


Source: www.statista.com, Ah linkar Oo Facebook page, Aung Yin, Lin Sandar Hlaing

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


U Myint Soe Oo
U Myint Soe Oo
Apr 24, 2020

ဦမြတ်! လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဗါစရိယ မိနှင်ဖ။ ဦးမြတ် ငယ်စဥ်ကသင်ရိုးမီခဲ့သလားတော့ မသိပါ။ ကျေးညီနောင်ပုံဝတ္ထု။ လေပြင်းတိုက်ချိန်မှာ တစ်ကောင်ကလူဆိုးသူခိုးလက်ထဲ တစ်ကောင်ကရသေ့ကျောင်းသင်္ခန်း။ လူဆိုးလက်ထဲရောက်တဲ့ ကျေးက ရိုင်းစိုင်း။ရသေ့ကြီးရဲ့ ကျေးကယဥ်ကျေး။ ရိုင်းတဲ့ကျေးက အသေစော။ယဥ်ကျေးတဲ့ကျေးက နန်းတွင်းရောက်။ဒီစာကို အမေလည်းဟုတ် ဆရာ(မူပြ)လည်းဖြစ်သူမှ အသိအနှစ်(concept)အပြည့်ဝင်အောင် ရိုက်သွင်းထားလို့ လူရိုင်းလူယုတ်မာလို့ ပတ်ဝန်းကျင်နဲ့ မိမိနှင့်ဆက်ဆံသူများကတော့ မိမိကိုမသတ်မှတ်ပါ။ဒီကျေးဇူးတရားတွေကြောင့် ၈၆နှစ်မိခင်ဆရာကို ဒွါရမှန်သမျှမှထွက်သောအညစ်အကြေးမှန်သမျှကိုလည်းမရွံမရှာ သုတ်သင်ပေးနိုင်တဲ့ လူ ဖြစ်ခဲ့ရပါပြီ။ ဆရာDr(ဦး)မြင့်သိန်း။ဆရာမရှိတော့ပေမယ့် တိုက်ဆိုင်တိုင်း ဆရာ့ကျေးဇူးတွေကို မေ့မရသေးပါ။ အင်္ဂလန်ကပြန်လာပြီး P.hD ရခဲ့ပေမယ့်((320-440 ပဲရတဲ့အချိန်)မြို့နယ်ဥက္ကဌက(450-700)။ ဆရာ တော် ပေမယ့် အများအမြင်မှာ မကောင်း ခဲ့ပါ။ သူရာ၏? ။ ဒါပေမယ့် တပည့်တွေအပေါ် ကောင်းခဲ့ပါသည်။ နယူကလီယာရူပဗေဒမှာ စာတွေ့အားဖြင့် တတ်အောင် ( စာမေးပွဲအောင်ရုံမျှ မဟုတ်) သင်ပေးခဲ့၍ အလူးအလဲမကျက်ရပဲ လွယ်ကူစွာကျော်ဖြတ်နိုင်ခဲ့ပါသည်။ဆရာက မန္တလေးသားဆိုတော့ ရွှေမန်းဆီသို့ စစ်ကိုင်းတောင် အောင်ပါစေ သီချင်းများကို (ရန်ကုန်မှာနေရပေမယ့် တိုက်ဆိုင်တိုင်း)ဆိုညည်းလေ့ရှိပါသည်။ဆရာ့နှုတ်က ဘိုသီချင်း(ကျွန်တော်သိရသလောက်)တစ်ခါမျှ မထွက်ဘူးပါ။ဆရာ့ကို (ခုလူငယ်တွေအထင်ကြီးတဲ့ U.K)ကပြန်ခေါ်ပေမယ့် ဗမာပြည်ကို ဒီအသိပညာတွေဖြန့်ဝေမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြန်ခဲ့ပေမယ့် ဦးမြတ်ရယ်။ ခေတ်ကြောင့်လား? စနစ်ကြောင့်လား? အတိတ်ကပြုခဲ့တဲ့ ကံတွေကြောင့်လား? ဦးမြတ်ဆုံးဖြတ်ပေးပါဦး။ #ငါကသူများရွာမှာကြက်ဖကွ##ငါ့ရွာမှာတော့ကြက်မပေါ့ကွာ#တဲ့။ဆရာရဲ့ # မျိုးချစ်စိတ်ပါ#။conpect အနှစ်အသိပါ။ မင်းတို့လည်း ပညာသင်ရင် တစ်ကျပ်ဖိုး ပြည့်အောင်သင် မင်းတို့တစ်ကျပ်ဖိုးတတ်မှ မင်းတပည့်တွေ ငါးမူးဖိုးလောက်ရမှာ ခုထိစွဲငြိနေတုန်းပါ။ ဆရာရည်ညွန်းတာက ကိုယ်ကျင်လည်ကျက်စားတဲ့နယ်မှာ ပတ်သက်သမျှတတ်အောင် လုပ်။ စပါးနှံများဟာပြည့်လေ ညွတ်ကျိုးလေ ( သဘာဝနိယမကို ပုံဖေါ်ပါလားလို့ သိလိုက်ရတဲ့အချိန်မှာ) ဘာသာသာသနာနဲ့ဆက်မယ်နော်။ နာယကဆရာတော်ကြီးတစ်ပါး။မဖွံ့ဖြိုး အသိနောက်ကျတဲ့ပြည်နယ်က ပင့်ပြီး တရားစခန်းလုပ်တယ်။ကုဋီ(အိမ်သာက) မြေကျင်းတူး မြွေရေလဲအိတ်ကာ ဆွမ်း(ဆန်ကြမ်းဘုဥ်းရ)တတ်ပါစေ သိပါစေ စေတနာနဲ့ဟောတော့ ရောင်ပြန်ဟပ်ပြီး ဉာဏပူဇာ(အဲဒီနယ်အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင် မမျှော်မှန်းနိုင်တဲ့ ပမာဏ)ကို အဲဒီစခန်းကိုပြန်စွန့်ခဲ့ပြီး ခရီးစရိတ်မျှယူပြန်ကြွခဲ့ပေမယ့် ဒီနယ်မှာ ၃နှစ်ဆက်တာဝန်ကျေပွန်တော်မူခဲပါသည်။အထိုင်ကျပြီဆိုတော့မှ ရိပ်သာက ပင့်လိုသောသံဃာတော်ကိုပင့်စေပါသည်။ရိပ်သာလူကြီးကဇွတ်တောင်းဆိုမှ ယုံကြည်စိတ်ချအားကိုးရသော တစ်ပြည့်သံဃာတစ်ပါးကိုစေလွှတ်တော်မ…

Like

naynanmyint629395
naynanmyint629395
Apr 24, 2020

သာ မန် က လေးများက

UK. က်ု ဘယ်လို တက်နိုင်ပါ့မလဲ

အဘ အုပ်စုဝင်များသာ

study သွားနိုင် မပေါ့ရှင်

ကြီးလေး တဲ့ ျောင်းစရိတ်

သာမန် ပြည်သူ တတ်နိုင်

ဖို့ မလွ ယ်တဲ့ ဟာကို


Like

naynanmyint629395
naynanmyint629395
Apr 24, 2020

ဆရာ ရေ့

ခနလေး နေဘူးသူများ က

မမြင်ဘူး မူး ကိုမြစ်ထင်နေကြတာ ထင်ပါရဲ့

ကာလကြာနေရသူ များက

တော့ ကောင်းကောင်းနေရ ဖို့

ကိုယ်က လဲပြန် တာဝန် သိရမှု

တွေ အများကြီး ဆိုတာ ခန

နေရသူ များ ဘယ်သိနိုင် ပါ့မ

လဲနော်


ကျမ ယခုမြန်မပြည်

experience.ပြေပြပါမယ်

စောစော ရှာ appလေး ကို

ကျမ ဖုန်း ထဲ ထည့် ပေး ပါ

တယ် ကိုယ်က လဲ ခရီး ထွက်

ထားမိတော့ စိတ်ပူ ရ သကိုး

စောစော ရှာ app နဲ့ တော့

ရောဂါ ရှိသူ နဲ့ contact. ရှိ မရှိ

ချက်ချင်း ကို သိရတော့ စိတ့်

သိပ် အေးရပါတယ်

အဆင့်မြင့် နည်းပညာ ကို

apply လုပ်နိုင်တာ NLD

အစိူးရ နဲ့ အတူ ပညာ ရှင်များ

ကိူ သိပ် ကို ကေ ျး ဇူး တင်ရ

ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page