အခြေအနေ

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက ကွန်ဒိုကို ငွေသွင်းရပြီး မဆောက်ဘဲ ထားတာကို နှစ်ပေါင်းများစွာ သည်းခံစောင့်နေသူတွေ ရှိသလို ဘာမှမတတ် အသုံးမကျသူတွေကလည်း ဒေါက်တာဘွဲ့တွေ ရရှိနေတာ တွေ့ရပါတယ်။
စီးပွားရေးကို အဝီစိထဲကျအောင် လုပ်ခဲ့သူက စီမံခန့်ခွဲမှု ဒေါက်တာဘွဲ့ရသလို ဆေးလိမ်ကုသူကလည်း ဒေါက်တာဘွဲ့ရတာ တွေ့ရပါတယ်။
ထူးခန့်ကျော် လိမ်တာကို သွားအကုခံသူတွေ များစွာရှိသလို မအလအောက်ကို သွားနေတဲ့ နွားများစွာလည်း ရှိနေပါတယ်။
ပြည်သူတွေအနေနဲ့က အလိမ်မခံရအောင်သာ ကြိုးစားကြပါ။
တော်လှန်ရေးမှာ ငွေကောက်ခံသူ ဆယ်လီအများစုက လှူချိန်မှာ NUG ကို ၅၀% သာလှူပြီး အခြားအဖွဲ့ကို ၅၀% လှူချိန်မှာ NUG ကို ပြဿနာဖြစ်မှ စာရေးပြီး ၁၀၀% အတွက် စာရင်းစစ်ခိုင်းတာက မဖြစ်သင့်ပါ။ အားလုံး တာဝန်ယူမှု တာဝန်ခံမှုနဲ့ အလိမ်မခံရဘဲ ၁၀၀% အားစိုက်လှူဒါန်းနိုင်ပါစေ။ ထူးခန့်ကျော်လို ဆယ်လီပြောသမျှ ယုံနေသူတွေ များနေသရွေ့ အလုပ်မဖြစ်ပါ။



Comments