top of page
Search

မအလလေတပ်က AA ကို ကြောက်လား?

Writer: Myat Tun Oo
Myat Tun Oo
20 minutes ago
1 min read

ယခုတလောမှာ မအလလေတပ်က ရခိုင်က နယ်တွေကို အပြင်းအထန် ဗုံးကြဲနေတာ အားလုံးသိကြမှာပါ။ AA ကလည်း မအလကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်ဆိုပြီး ကြေညာထားတာ အားလုံးသိကြမှာပါ။ ဒါဆိုရင် မေးခွန်းက မအလလေတပ်က လူတွေက AA ကို ကြောက်လားဆိုတာပါ။

ဒီလို ဗုံးကြဲချိန်မှာ လေတပ်မိသားစုတွေ ပြန်မေးလေ့ရှိတာက ငါတို့ကို AA က ပြန်ဒုက္ခပေးနိုင်လားဆိုတာပါ။ မကွေးလေတပ်၊ မန္တလေးလေတပ်ကို တိုက်ခိုက်ခံရတာ ရှိခဲ့ပေမယ့် ဒါတွေအများစုက NUG လက်အောက်ခံ PDF တွေပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ကို လာပြီး ပစ်ခတ်တာ၊ လေတပ်စခန်းကို ဝင်သိမ်းတာက လားရှိုးကလွဲ၍ တစ်ခါမှ မရှိခဲ့ပါ။ လားရှိုးလေဆိပ် အသိမ်းခံရတာတောင် လေတပ်က လွတ်ခဲ့ပါတယ်။ သူတို့ခိုင်တယ်ဆိုတဲ့ နေရာကို အလစ်အငိုက် အတိုက်ခံရမှသာ သေကျေကျဆုံးမှု ရှိတာပါ။

မအလတပ်ထဲမှာက လက်တွေ့ကျကျ ကြောက်တတ်တဲ့ သူတွေပါ။ ဥပမာ စစ်တွေနဲ့ ကျောက်ဖြူက တပ်တွေက သူတို့ကို AA က လာတိုက်နိုင်လို့ ကြောက်ကြပါတယ်။ ယခင်က ကြည်းတပ်သာ ကြောက်ရာမှ ရေတပ်ကလည်း သူသေနိုင်လို့ ကြောက်လာပါတယ်။

လေတပ်ကတော့ လေယာဉ်တွေကို လုံခြုံတဲ့နေရာ ရွှေ့ထားကြလို့၊ မိသားစုတွေကို ဗမာတွေရဲ့ နေရာတွေမှာ ထားလို့ PDF ကလွဲလို့ တိုင်းရင်းသားတပ်တွေကို လုံးဝ မကြောက်ပါ။ ဒါဆိုရင် AA က လက်စားချေမယ်ဆိုပြီး ကြေညာချက်ထုတ်တာကို ကြောက်လားလို့ မေးရင် တပ်ထဲမှာ ပြောလေ့ရှိတာက ကိုးကန့်ရော TNLA ရော AA ရဲ့ ညီအစ်ကိုတွေတောင် ဗုံးကြဲခံရချိန်သာ ခြိမ်းခြောက်စာ ထုတ်ခဲ့ပြီး၊ ယခုအချိန်မှာတော့ နေပြည်တော်မှာ လာပြီး ရှိခိုးနေတာကို ထောက်ပြပြီး၊ လေတပ်က မိသားစုတွေ ဘာမှ ပူစရာမလိုကြောင်း၊ အချိန်တန်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်ရင် လေယာဉ်ဗုံး မကြဲစေလိုရင် လာပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှာဖြစ်ကြောင်း၊ ဗမာနယ်ထဲကို AA လို အဖွဲ့တွေ လာပြီးတော့ လေတပ်နဲ့ သူ့မိသားစုတွေကို ဘာမှ အန္တရာယ်မပေးနိုင်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိကြပါတယ်။

မအလတပ်ထဲမှာက မအလမှ အစ အောက်ခြေတပ်သားအထိ အကြောက်တရားကို အခြေခံ ဖွဲ့စည်းထားလို့ ကြောက်စရာမလိုရင် မကြောက်သလို၊ မလုပ်ရဲတာ ဘာမှ မရှိကြပါဘူး။

AA က ပြည်မက အဖွဲ့တချို့နဲ့ အချိတ်အဆက်ရှိပေမယ့် သူ့နယ်မြေနဲ့ ထိစပ်နေတဲ့၊ သူသြဇာခံတဲ့ အဖွဲ့တွေနဲ့သာ သြဇာခံအနေနဲ့ ဆက်ဆံမှုရှိပြီး၊ ထိုအဖွဲ့တွေကလည်း ပြည်မအထိ မဖောက်နိုင်လို့ မအလလေတပ်ကတော့ ယခုအချိန်အထိ AA က ဘယ်လိုခြိမ်းခြောက်ခြိမ်းခြောက် မကြောက်သေးပါ။ AA အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်လိုရင်တော့ ဗမာနယ်မှာ သြဇာလွှမ်းမိုးတဲ့ အဖွဲ့ NUG အောက်က PDF နဲ့ ထိထိရောက်ရောက် ဆက်သွယ်ဆောင်ရွက်သင့်ပါတယ်။ မဟုတ်ရင်တော့ တပ်ထဲမှာ ပြောနေသလိုပဲ AA လည်း အချိန်တန်ရင် ကိုးကန့်နဲ့ TNLA တို့လို ဝမ်ဆွေ့ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ ဆိုပြီးတော့ လာဂါရဝပြုတဲ့ အဖွဲ့ ဖြစ်သွားမှာပါ။ မိမိပြောသလို ဖြစ်စေချင်ရင်တော့ AA ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုမှာပါ။ AA ကသာ NUG အောက်က PDF နဲ့အတူ ပူးပေါင်းဆောင်ရွက်ရင်တော့ ပစ်အားတွေ ပြင်းလာပြီး လေတပ်ကလည်း ကြောက်လာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 
သတိရှိ

အားလုံးသတိရှိပါ။ မလိုအပ်ဘဲ ဖုန်းမသုံးပါနဲ့။ မိမိနေရာကို ကိုယ့်မိန်းမတောင် ပေးမသိပါနဲ့။ သတင်းသမားကိုလဲ မြေပြင်ကနေ ဖုန်းမဖြေပါနဲ့။ စစ်ရေးသတင်းဟာ လျှို့ဝှက်ရသလို မိမိကိုယ်ထိရင်တောင် ချက်ခြင်းလိုင်းပေါ် ထ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page