top of page
Search

စစ်တပ်ထဲမှာ ရဲဝင်းဦးတို့ ရန်ဖြစ်တာနဲ့ ဒီမိုတွေ ရန်ဖြစ်တာ ဘာကွာလဲ?

Writer: Myat Tun Oo
Myat Tun Oo
4 minutes ago
1 min read

ဒီမိုစနစ်မှာ ပါတီများစွာရှိပြီး ပေါ်လစီမကြိုက်ရင် အဂတိအမှုတွေရှိရင် လိုင်းပေါ်မှာ ကျယ်ကျယ်လောင်လောင် ရန်ဖြစ်ပြောဆိုကြတာ ရှိပါတယ်။ ဥပမာ အမေရိကန်ဟာ အီရန်နဲ့ စစ်ဖြစ်နေချိန်မှာတောင် ဒုံးပျံနည်းသွားတာကအစ တစ်ခါတလေမှာ ထရမ့်ရဲ့ သားမက်ကို စစ်ကနေ အကျိုးအမြတ်ရတယ်ဆိုပြီး စွပ်စွဲရေးသားတာအဆုံး လိုင်းပေါ်တင်ကြပါတယ်။ အီရန်ဘက်ကနေ စဉ်းစားရင် အမေရိကန်က ဒုံးပျံတွေကုန် လက်နက်တွေကုန်လို့ သူကနိုင်တော့မယောင် ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ ဒါဆိုရင် အီရန်ထဲမှာရော။ အီရန်က ဘုန်းကြီးအာဏာရှင်ပေါ့။ အီရန်ထဲမှာ တော်လှန်ရေးအစောင့်တပ်က အာဏာယူထားပြီး ရွေးတုအစိုးရကို လုပ်ရကိုင်ရခက်အောင် လုပ်ထားပါတယ်။ ငွေကြေးဖောင်းပွမှုက အဆပေါင်း ရာထောင်ချီရှိနေပါတယ်။ အလုပ်လက်မဲ့လည်း အလွန်များနေပါတယ်။ ဆန္ဒပြသူတွေကိုလည်း သောင်းချီပြီး အီရန်က သတ်ခဲ့ပါတယ်။ မအလနဲ့ အပြိုင်ပေါ့။ ဒါပေမဲ့ အမေရိကန်က သတင်းသမားတွေဟာ ထရမ့်ကို အလွန်မုန်းလို့ အီရန်က နိုင်တော့မယောင် ဝိုင်းပြီးရေးကြပါတယ်။ အီရန်နေရာမှာ မိတ်ဆွေတို့အနေနဲ့ အမေရိကန်က ဒီမိုကရေစီထောက်ခံသူတွေက မအလကြီးကို ဝိုင်းထောက်ခံနေရင် ဘယ်လိုခံစားရပါမလဲ။ ပြောလိုတာက အမေရိကန်ဒီမိုကရေစီတိုင်းပြည်ကြီးမှာ အချင်းချင်းရန်ဖြစ်တာ အသံအလွန်ကျဲပြီး အီရန်ထဲမှာ အာဏာလုတာ ရန်ဖြစ်တာကတော့ လူတွေမသိလိုက်တာ အားလုံးသတိထားမိကြမှာပါ။ သူက စီးပွါးပျက်နေတာတောင် အဆင်ပြေနေသလိုပါ။

မြန်မာပြည်မှာလည်း မအလက ရွေးတုကနေ သမ္မတလုပ်ပြီး တပ်ချုပ်ကလည်း သူ့လူမို့လို့ အလွန်အဆင်ပြေတယ်လို့ ထင်ရပါတယ်။ စာရေးသူ ယခင်ကရေးခဲ့သလိုပဲ စစ်နိုင်နေရင် ပြဿနာမရှိပေမယ့် စစ်ရှုံးလာချိန်မှာတော့ မင်းက ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားဆိုပြီး တပ်ချုပ်သစ်လေးက သြဇာ စပြပါတယ်။ တစ်ကြိမ်ထဲမှာပဲ တပ်ချုပ်အောက်က ညှိကွပ်ကလည်း ပထမအစီအမံအရ ဒုတပ်ချုပ်ဖြစ်ရမယ့်လူမို့လို့ နဂိုထဲကမှ ဒုတပ်ချုပ်မဖြစ်ရလို့ တင်းနေသူပါ။ သူကလည်း လူအချင်းချင်း မျက်နှာချင်းဆိုင်ရင် ဘာမှပြန်မပြောပေမဲ့ ကွယ်ရာမှာတော့ ဒီကောင်က ဖားတာကလွဲပြီး ဘာတတ်လို့လဲဆိုပြီး အချင်းချင်းတွေကို ပြန်ပြောပါတယ်။ ရဲဝင်းဦးက ထောက်လှမ်းရေးကလာတာမို့လို့ သူပြောတာတွေကို ပြန်ကြားပါတယ်။ ရဲဝင်းဦးကလည်း ကိုကိုဦးကို ထောက်လို့ရတဲ့ အဂတိဖိုင်တွေ ရှိနေပါတယ်။ ပြဿနာဖြစ်သူ အားလုံးက မင်းအောင်လှိုင်လူဖြစ်နေပြီး အချင်းချင်းက မတည့်ကြတာပါ။ ပုံမှန်ပါက မင်းအောင်လှိုင်အနေနဲ့ လွှတ်တော်ခေါ်တာကို နှစ်ပတ်လောက်စောင့်ပြီးမှ အဆိုတင်သွင်းရင် ရပါတယ်။ ဒါပေမဲ့ ကိုကိုဦးကလည်း ရဲဝင်းဦးအောက်ဖဲလှန်ဖို့ ကြိုးစားပြီး မင်းအောင်လှိုင်ကို တင်ပြလို့ မင်းအောင်လှိုင်က အချင်းချင်းရန်မဖြစ်အောင် ခဏခွဲထားပေးလိုက်တာပါ။ ပြီးရင် စုံစမ်းတာတွေ ဆက်လုပ်မှာပါ။ ဒါကတော့ ဟန်ပြသဘောပါ။ စစ်ပွဲတွေ ဆက်ရှုံးနေရင် ရဲဝင်းဦးအနေနဲ့ ရခိုင်နဲ့ ချင်းက နယ်မြေတွေကို မသိမ်းပိုက်နိုင်ခဲ့ရင် မအလအနေနဲ့က အပြောင်းအလဲလုပ်ရမှာပါ။ ရဲဝင်းဦးလိုလူမျိုးကို ဖြုတ်ဖို့က အောက်ခြေမှာ သူ့လူတွေနဲ့ ဝိုင်းနေမှ ရမှာပါ။ ဒါကြောင့် ယခုလောလောဆယ် ဟထားပေးပြီး မင်းအောင်လှိုင်က ရန်ပွဲမှာ ကြားနေသလို လုပ်ထားတာပါ။ ဒါပေမဲ့ ဒီကိစ္စဟာ လိုင်းပေါ်မှာ အကြီးအကျယ် မတက်လာခဲ့တာ အားလုံးသတိထားမိမှာပါ။

ဒီမိုတွေရဲ့ ရန်ပွဲတွေကတော့ လိုင်းပေါ်မှာ အင်မတန်မှ စိတ်ပျက်ဖွယ်ရာ ဖြစ်နေခဲ့ပါတယ်။ ဒီနေရာမှာ ဒီရန်ပွဲက သင်ခန်းစာယူရမှာက လူတိုင်းလူတိုင်း PRF ကိုသာ ဆက်လှူဖို့ပါ။ တော်လှန်ရေးကို လူတစ်ဦးတစ်ယောက်အပေါ် မှီခိုပြီး ရန်ပုံငွေရှာရင် ထိုသူမရှိရင် ဒုက္ခရောက်တတ်ပါတယ်။ ပြည်သူများကလည်း ဆယ်လီကို ကိုးကွယ်မှုလျှော့ချပြီး မိမိယုံကြည်တဲ့ တော်လှန်ရေးကို ပုံမှန်ဝင်ငွေရအောင် PRF ကတဆင့်သာ ဆက်လှူပေးကြပါ။ လှူရာမှာလည်း NUG အောက်က တပ်ရင်းတပ်ဖွဲ့တွေကိုသာ လှူပေးကြပါ။ အခြား NUG မဟုတ်တဲ့ ဘယ်အဖွဲ့ကိုမှ မလှူမိပါစေနဲ့။ တော်လှန်ရေးကြာလာတာနဲ့အမျှ မိမိငွေက တန်ဖိုးရှိပါတယ်။ မိမိငွေကနေ တော်လှန်ရေး အားကောင်းအောင် NUG အားကောင်းအောင်သာ လုပ်ဆောင်ပေးပါ။ သင့်ငွေကြောင့် တော်လှန်ရေးမပျက်စီးပါစေနဲ့။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 
သတိရှိ

အားလုံးသတိရှိပါ။ မလိုအပ်ဘဲ ဖုန်းမသုံးပါနဲ့။ မိမိနေရာကို ကိုယ့်မိန်းမတောင် ပေးမသိပါနဲ့။ သတင်းသမားကိုလဲ မြေပြင်ကနေ ဖုန်းမဖြေပါနဲ့။ စစ်ရေးသတင်းဟာ လျှို့ဝှက်ရသလို မိမိကိုယ်ထိရင်တောင် ချက်ခြင်းလိုင်းပေါ် ထ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page