top of page
Search

အိုဘားမား လူငယ်တွေကို ဘာပြောသွားသလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 31, 2019
  • 1 min read

အိုဘားမား လူငယ်တွေကို ဘာပြောသွားသလဲ

ယခုအချိန်မှာ အစိုးရကို ဝေဖန်ရင် လူရာဝင်တယ်လို့ထင်ကြပါတယ်။ အချို့ကိစ္စတွေက ဝေဖန်တာဟာ မှန်သလိုရှိပေမယ့် ဝေဖန်ရမယ့်လူက လွတ်နေပြီး လူမှားဝေဖန်တာတွေပါ။ ဥပမာ ရန်ကုန်ဝန်ကြီးများရုံးကိစ္စမှာ ယခင်အစိုးရကအချင်းချင်း ဂွင်ရိုက်ခဲ့သူက SPA လား၊ ဘာလားမသိတဲ့အခန်းဖွင့်ပေမယ့် ဝေဖန်တာကတော့ ဘာလာလာ ဘယ်သူလုပ်လုပ် ကွီးကို ဦးတည်ဝေဖန်တာတွေ့ရပါတယ်။

ဒီလိုဝေဖန်သူတွေကို ပြန်ကြည့်တဲ့အခါမှာလဲ ပုံမှန်လူတွေပါ။ ခိုးမရသူဖွတ်ရယ်၊ အဘရယ်၊ အဘနွယ်နဲ့ဒေါင်းယောင်ဆောင်သော ကျီးတို့ပါ။ မနေ့က Myanmar Now အင်တာဗျူးမှာ ဖွတ်ကျော်ဇေယျက သူ့ကို ပြည်သူ့ပါတီ၊ ပြည်သူ့အကျိူးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတွေက ကမ်းလှမ်းတယ်လို့ပြောသွားပြီး NLD ကမရွေးရင် စဉ်းစားမယ်လို့ ပင်နီဝတ်ပြီး အရှက်မရှိပြောသွားခဲ့ပါတယ်။ သူပြောသွားလို့ ဘယ်ပါတီမဆို ပြည်သူနာမည်ပါရင် ရှောင်ရလွယ်သွားပါပြီ။ သူ့ကို နဂိုကထဲက ဘယ်သူဆိုတာပြောခဲ့ပြီးသားပါ။ နောက်ဒေါက်ခိုင်ကလဲ ပြည်သူ့ ရှေ့ဆောင်ပါတီအမည်နဲ့ ပါတီထောင်မယ်ဆိုပြီးနာမည်ထွက်တယ်လို့ ပြောသွားခဲ့ပါတယ်။ မစန္ဒာကတော့ မပြောသေးပါ။

ဒီနေရာမှာ Facebook ပေါ်ကနေ အစိုးရဘာလုပ်လုပ် ဝေဖန်သူများကို မနေ့က အိုဘားမားက သူ့ပွဲမှာလူငယ်တွေအတွက် ပြောသွားတာလေး တင်ပေးလိုက်ပါတယ်။ သူက လူငယ်တွေကို

“ကမ္ဘာကြီးက ရှုတ်ထွေးပါတယ်။ မသေချာ မရေရာတာတွေရှိပါတယ်။ ကောင်းတာလုပ်သူတွေမှာ အမှားရှိနိုင်ပါတယ်။ နင်တိုက်ခိုက်နေတဲ့သူတွေမှာ ကလေးတွေရှိပြီး သူတို့ကလဲ ကလေးချစ်တတ်မှာပါ။ နင်တို့နဲ့ တူညီတာအချို့လဲ ရှိမှာပါ။ ယခုတက္ကသိုလ်ကလူငယ်တွေက လုပ်တာဘာမှားနေသလဲဆိုတော့ နင်တို့ကသူများလုပ်တာ ဘာမှားနေသလဲဆိုတာ ဆိုရှယ်မီဒီယာပေါ်တက်ပြီးရေးလိုက်ရင်ဝေဖန်လိုက်ရင် ငါကပြောင်းလဲမှု လုပ်နိုင်လိုက်ပြီလို့ ထင်နေကြတာပါ။ တကယ်လုပ်တဲ့သူကို ဝေဖန်ရုံနဲ့ ဘာမှ တိုးတက်မှု ပြောင်းလဲမှု ရမလာနိုင်ပါလို့ ပြောလိုပါတယ်။နင်တို့ကိုတိုင်ပြောင်းလဲမှုကို ဝင်ရောက်လုပ်မှ ပြောင်းလဲမှုက ဖြစ်လာမှာပါ။”

ဒီနေရာမှာ စကားအကြီးကြီးတွေမပြောဘဲ အမှိုက်ကိစ္စမှာတောင် အချို့က စည်ပင်က ဘာအမှိုက်မရှင်းဘူး ဘာညာဆိုပြီး Facebook ပေါ်တက်ရောရပေမယ့် clean Yangon က လူငယ်တွေက တကယ်ကူရှင်းတာတွေ့ရပါတယ်။ လူငယ်တွေ စဉ်းစားဖို့ပါ။ အချို့က မိမိ Oxford မှာ fellow ဆိုတဲ့ နောက်လိုက်ပျာတာအဆင့်ကို အဟုတ်ထင်ပြီး တကယ်အလုပ်လုပ်တဲ့ ဝန်ကြီးကို ဝေဖန်သူတွေလဲ ရှိပါတယ်။ စဉ်းစားရမှာက သင်ဟာ ဘေးထိုင်ဘုပြောသူဖြစ်ချင်သလား ကိုယ်တိုင် ပြောင်းလဲမှုမှာ ကျရာနေရာကနေ ပါမလားဆိုတာပါ။

Video credit : The Guardian

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page