top of page
Search

အုပ်ကြီးတွေ အသတ်ခံရတာ ကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 20, 2021
  • 1 min read

လူသတ်တာဟာ ငါးပါးသီလထဲမှာ ပါနေပါတယ်။ ဒါပေမယ့် ဖက်ဆစ်စစ်တပ်ဟာ လူတွေကို ၈၀၀နီးပါးသတ်ခဲ့ပြီး အများအပြားကိုလဲ ဖမ်းဆီးထားပါတယ်။ သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် ဒေါက်တိုင်အနေနဲ့ ရဲ၊ ထွေအုပ်၊ စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်နဲ့ မဘသကို အခြေခံထားပါတယ်။ ထွေအုပ်မှသည် မဘသအထိက စရဖ သတင်းပေးတွေပါ။


ယခုအချိန်မှာ ထွေအုပ်နဲ့ Non CDM လက်ရှိကျန်းမာရေးဝန်ကြီးနဲ့ အခြား CDM ကို ဖိနှိပ်နေတဲ့ ညွှန်ချုပ်တွေ ပြောလေ့ရှိတာက သူတို့အမေပြန်လာရင် ခိုင်းလို့လုပ်ရတာပါ တာဝန်အရ ဘာညာငိုပြလိုက်ရင် ငါတို့တွေကို ဘာမှအရေးမယူဘူး ယခုအချိန်တော့ မအလပေးတဲ့ ရာထူးယူပြီး နှိပ်ကွပ်မယ်ဆိုတဲ့အကျင့်နဲ့က အများစုပါ။ သူတို့ကို ယခင်အစိုးရက ဘာမှအရေးမယူတာတွေ့တော့ လူပါးဝတာပေါ့။


ယခုအချိန်မှာ ထွေအုပ်တွေ စသေလာချိန်မှာ ရန်ကုန်က မြို့နယ်အဆင့် ထွေအုပ်တွေ Non CDM မြို့နယ်မှူးတွေ စစဉ်းစားလာနေကြပါပြီ။ လောလောဆယ် DASSK က အကျယ်ချုပ်မိုလို့ သူတို့ကိုရင်ကြားမစေ့နိုင်ပါ။ အစပိုင်း online အစိုးရဆိုပြီး လှောင်သူများဟာ မနေ့က ထွေအုပ်တွေ သေအပြီးမှာ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်နဲ့ တာမွေဟာလဲ မြောက်ဦးစဖြစ်လာနေပြီဆိုတာ သူတို့သဘောပေါက်လာပါပြီ။ နောက်ပိုင်း non CDM မြို့နယ်မှူးတွေပါ ဒန်ပေါက်အကျွေးခံရရင်တော့ သူတို့လဲ အမြင်မှန်ရလာမှာပါ။


စာရေးသူကတော့ ဘယ်သူကလုပ်နေနေ ယခုလုပ်ရပ်ဟာ အုပ်ကြီးတွေ၊ Non CDM ညွှန်ချုပ်တွေကို သူတို့တွေဟာ မိမိတို့ရဲ့ လုပ်ရပ်အတွက် မိမိအသက်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်ဆိုတာကိုသတင်းစကားပေးလိုက်တာမိုလို့ အင်မတန်မှ တရားဥပဒေစိုးမိုးမှုအတွက် ကောင်းတဲ့ခြေလှမ်းတစ်ရပ်ပါလို့ ပြောပါရစေ။ တောထဲကစစ်သားထက် မြို့ပေါ်မှာ လာစော်ကားနေတဲ့ စစ်သား၊ ရဲ၊ အုပ်ကြီးတွေထိရင် တာဝန်ယူမှု တာဝန်ခံမှုဟာ ပိုမိုအားကောင်းလာမှာပါ။ ဒါမှသူတို့လဲ နယူတန်နိယာမ၊ ဗုဒ္ဓဟောတဲ့ဝဋ်လည်တာကို ဘဝမကူးခင် ခံရမှာပါ။ အုပ်ကြီးမှသည် မအလဆီသို့ တရားဥပဒေစိုးမိုးရေး ယခုထက်ပိုမို လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page