top of page
Search
အာဏာသိမ်းဖို့စိတ်ကူးယဉ်သူများသို့
Unicode version
အာဏာသိမ်းဖို့စိတ်ကူးယဉ်သူများသို့
ယခုလောလောဆယ်တပ်ထဲမှာဘာကိစ္စအတွက်နဲ့မှအမိန့်ထုတ်ထားတာမရှိသလိုတပ်ချုပ်ကိုယ်တိုင်ကရုရှားရောက်နေပါတယ်။ဒါပေမယ့်ယခင်ဖွတ်ဝန်ကြီးပြုတ်တွေ၊သူခိုးခရိုနီတွေ၊ဇေယာကိုလိုတပ်ကစစ်မတိုက်ချင်လို့မတိုက်ရဲလို့ထွက်ပြီးဗေဒင်ဆရာလုပ်နေသူတွေကအာဏာသိမ်းတော့မလိုရေလာမြောင်းပေးလုပ်လာတာတွေ့ရပါတယ်။
စာရေးသူသိတာကလက်ရှိစွဲထားတဲ့စီမံချက်ကမြောက်ပိုင်းအဖွဲ့နဲ့သူ့ကိုထောက်ခံသူမည်သူကိုမဆိုထိုးစစ်ဆင်ဖို့အထိသာပါပါတယ်။ပြန်လာရင်လူကြီးတွေအချင်းချင်းတွေ့ပြီးဆွေးနွေးမယ်လို့သာထင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူအာဏာသိမ်းဖို့အိမ်မက်မက်သူတွေရှိနိုင်ပါတယ်။အကျိုးဆက်ကိုကြည့်ရအောင်။၁၉၆၂မှာကွန်မြူနစ်ခြိမ်းခြောက်မှုရန်ကရှိနေခဲ့ပါတယ်။အမေရိကန်ဟာကွန်မြူနစ်တိုင်းပြည်ဖြစ်မှာကိုပိုကြောက်ခဲ့ပါတယ်။၁၉၈၈ကတော့မဆလထံကဆိုတော့အာဏာသိမ်းတယ်လို့ပြောမရပါ။
ယခုအာဏာသိမ်းရင်လူတွေလမ်းပေါ်ထွက်လာပါမယ်။၁၉၈၈ထက်များစွာပစ်မှရပါမယ်။အထွေထွေမငြိမ်သက်မှုတွေဖြစ်ပါမယ်။နေပြည်တော်ကဗဟိုအစိုးရကိုဖမ်းစီးနိုင်ရင်တောင်တိုင်း၊ပြည်နယ်ဝကခတွေကနိုင်ငံခြားတပ်ကိုကုလတပ်ကိုတရားဝင်ကူညီဖို့ယခုယီမင်ကဆော်ဒီတပ်ကိုဖိတ်သလို၊ဆီးရီးယားအစိုးရကရုရှားကိုဖိတ်သလိုဖိတ်လို့ရပါတယ်။
ဥပမာရန်ကုန်အစိုးရကအမေရိကန်တပ်ကိုဖိတ်ရင်ဟိုကဝင်လာလို့ရပါတယ်။တရုတ်တပ်လဲခေါ်လို့ရပါတယ်။ကုလလုံခြုံရေးကောင်စီသဘောတူညီဖို့မလိုပါ။ပြည်သူကလဲလွယ်လွယ်အလျှော့ပေးမယ်မဟုတ်ပါ။သူတို့ကိုပြန်တိုက်မှာပေါ့လို့ပြောသူတွေးသူများစဉ်းစားရမှာကရခိုင်မှာတောင်ပြည်သူမပါရင်ဘယ်လောက်ခက်လဲဆိုတာတွေးကြည့်ပါ။တပ်ထဲကအချို့ကလဲဒီမိုအစိုးရကိုဝန်းရံမှာပါ။
နောက်ပြီးကုလဟာတပ်ကသာအာဏာသိမ်းရင်ICC ကနေကျပ်လာမှာဖြစ်သလိုအာဏာသိမ်းခေါင်ဆောင်ကြီးများရဲ့သားသမီး၊မြေးများကိုပါပြည်သူကကဒါဖီသားကိုဖမ်းသလို၊အီရတ်ကဆဒန်ဟူစိန်သားကိုသတ်သလိုတွေလုပ်လာပါလိမ့်မယ်။စီးပွားရေးပိတ်ဆို့တာကိုတရုတ်နဲ့ရှောင်ရင်လဲတရုတ်ကျွန်တစ်သက်လုံးဖြစ်သွားပါမယ်။
NLD အစိုးရအနေနဲ့လဲပြင်စရာရှိတာကိုပြင်ထားပါ။ဥပမာအာဏာသိမ်းရင်ဘယ်သူကနိုင်ငံခြားသံရုံးကိုသွားပြီးနိုင်ငံခြားတပ်ခေါ်မလဲ။ICC ကိုအဖွဲ့ဝင်ဖြသ်ဖို့ဘယ်သူကအစိုးရကိုယ်စားလက်မှတ်ထိုးမလဲ။လုံခြံုရေးကောင်စီနိုင်ငံတွေမှာသံအမတ်ကြီးတွေကိုမိမိလူခန့်ပြီးပြီလားဆန်းစစ်ပါ။အကောင်းဆုံးကိုမျှော်လင့်ပြီးအဆိုးအတွက်လဲပြင်ထားပါ။
နောက်ပြီးတော့ပြည်တွင်းကအာဏာသိမ်းမယ်ပြောပြီးအာခြောင်နေတဲ့ဖွတ်တွေ၊ဇေယာကိုလိုဗေဒင်ဆရာတွေကိုအကြည်ညိုဖျက်စေမှုဒါမှမဟုတ်ပုန်ကန်ရန်ကြံစည်မှုနဲ့အရေးယူသင့်ပါတယ်။နောက်MRTV ကနေဌာနေတိုင်းရင်းသားဆိုတဲ့သတင်းမှားလုပ်ပြီးပြည်သူနဲ့အစိုးရကိုတိုက်ပေးသူများကိုလဲပြင်းထန်စွာအရေးယူသင့်ပြီးပြန်ကြားရေးကိုလဲပြင်ဆင်ထားသင့်ပါတယ်။
အာဏာသိမ်းဖို့ကြံစည်မယ်ဆိုရင်မိမိသားသမီးတွေမြေးလေးတွေမျက်နှာကိုမြင်အောင်ဖော်ကြည့်လိုက်ပါ။သူတို့ရဲ့အနာဂတ်ကိုရိုက်ချိုးလိုရင်တော့လုပ်ပါ။
Recent Posts
See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ
NUG သတင်းက စိုးရိမ်စရာလား?
ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page