top of page
Search

အာဆီယံနှင့် မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 20, 2021
  • 1 min read

မအလအာဏာသိမ်းချိန်မှာ တွက်ထားခဲ့တာက အမေရိကန်နှင့် ဥရောပတို့ရဲ့ စီးပွါးရေးပိတ်ဆို့မှုကိုပါ။ဒါပေမယ့် တရုတ်နိုင်ငံနဲ့ အာဆီယံက ထောက်ခံလိမ့်မယ်လို့တော့် မျှော်လင့်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဒီမိုတွေဆဲနေပေမယ့် မအလကို တရားဝင်မထောက်ခံသေးပါ။ ခြံစည်းရိုးခွထိုင်နေဆဲပါ။ သူ့အကျိုးစီးပွါးထိလာရင်တော့ စကားပြောလာမှာပါ။

ဒါ့ထက်အရေးကြီးတာက အာဆီယံပါ။ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးစဉ်က အာဆီယံရဲ့ ဖြေရှင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းအားပေးကြောင်း ပြောကြပါတယ်။ ဒါပေမယ့် အာဆီယံကလက်တွေ့မှာ ပြည်တွင်းရေး ဝင်မစွက်ရဆိုပြီး မူဝါဒနဲ့ တိုင်ပတ်နေခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံမှာ ဦးစွာဝင်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မအလရဲ့ လမ်းပြမြေပုံအပေါ်မူတည်မယ်ဆိုပြီးသတင်းထွက်အပြီးမှာ ဒီမိုတွေက ဝိုင်းပြောကြလို့ ခရီးစဉ်ပျက်သွားခဲ့ပါတယ်။ နောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲမှာလဲ ဘာမှပြင်းထန်တဲ့ ကြေညာချက်မထုတ်နိုင်ဘဲ ပြီးသွားခဲ့ရပါတယ်။

နောက်ပိုင်းမှာ မအလရဲ့ အကြမ်းဖက်အဖွဲ့က ပိုပစ်လို့ လူတွေပိုသေပြီးချိန်မှာ အာဆီယံရဲ့ အရေးပါတဲ့နိုင်ငံတွေရဲ့ အတွေးအခေါ်တွေဟာ ပြောင်းလဲလာခဲ့ပါတယ်။ မနေ့က အင်ဒိုသမ္မတက မြန်မာပြည်မှာလူတွေကိုသွေး​ချောင်းစီးပစ်သတ်နေတာရပ်ဖို့ အရေးပေါ်အဆင့်မြင့်အထူးအစည်းအဝေးခေါ်ဖို့ အာဆီယံလက်ရှိဥက္ကဌ ဘရူနိုင်းကို ပြောမယ်လို့ ပြောလိုက်ပါတယ်။ သူ့နောက်မှာ မလေးရှားဝန်ကြီးချုပ်ကစာထုတ်ပြီး အင်ဒိုပြောတာကို ထောက်ခံကြောင်း သမ္မတဦးဝင်းမြင့်နဲ့ DASSK ကို လွှတ်ပေးဖို့ တောင်းဆိုကြောင်းပါ ပြောသွားခဲ့ပါတယ်။ သူ့နောက်မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလဲ Twitter ကနေ အာဆီယံအနေနဲ့ တိတ်ဆိတ်နေလို့မရဘဲ သွေးထွက်သံယိုဖြစ်နေတာကိုရပ်ဖို့ တစ်ခုခုလုပ်ရမယ်ဆိုတာကိုပြောသွားခဲ့ပါတယ်။ စင်ကာပူဟာ ကြေညာချက်ထုတ်ပြောလေ့ရှိပေမယ့် မအလစစ်ကောင်စီကိုအကြီးအကျယ်အရေးယူပြတာတော့ မရှိသေးပါဘူး။ စင်ကာပူဟာ အမေရိကန်နဲ့ ဥရောပထက် စီးပွါးရေးမှာ မအလကိုပိတ်ဆို့နိုင်သူမိုလို့ အ​ရေးပါနေပါတယ်။ ယခုပြည်သူတွေရဲ့ သွေးနဲ့ရင်းပြီး တိုက်ပွဲဝင်နေလို့ အာဆီယံဟာ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကိုပြင်ပြီး တစ်ခုခုလုပ်ဖို့ ကြိုးစားလာနေပါပြီ။ ဒါဟာ ဖေဖော်ဝါရီလဆန်းကထက်စာရင် အများကြီးတိုးတက်လာတာပါ။ အားလုံးသဘောမတူလဲသဘောတူတဲ့ နိုင်ငံတွေက အမေရိကန်နဲ့ လက်တွဲလို့ရပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ ကိုယ်ထူကိုယ်ထပြီး ဖယ်ဒရယ်တပ်ကို ဝင်ရောက်အမှုထမ်းနိုင်အောင် ဒါမှမဟုတ် ပံ့ပိုးနိုင်အောင် ကြိုးစားပါ။ နိုင်ငံခြားက မြန်မာနိုင်ငံသားများ တစ်လကို ဒေါ်လာတစ်ရာလောက်ထည့်ရင် မိမိတတ်နိုင်သလောက် ဝင်ထည့်ရင် ဖယ်ဒရယ်တပ်မတော်ကြီး စနိုင်မှာပါ။ ဆန္ဒပြသူများကလဲ မိမိလုပ်စရာရှိတာကို ဆရာဇော်ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့စကားကို နားထောင်ပြီး ဆက်လုပ်ပါ။ တပ်ထဲမှာလဲ ဖယ်ဒရယ်တပ်မတော်မပေါ်မှီ အုန်းကျော်မြင့်လိုလုပ်နိုင်အောင် အမြဲစဉ်းစားလုပ်ဆောင်နေကြပါ။ မအလဟာ ရင်ကြားစေ့ရေးကို ကျောခိုင်းခဲ့တာကြာပါပြီ။ သံယောဇဉ်ဲဖြတ်ပြီးတိုက်ဖို့သာ ပြင်ရမှာပါ။ နောက်ဆုံးက ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။ အရေးတော်ပုံ အောင်ရမည်။

News Source: Reuters, Malaysia PM statement, Philippine foreign secretary Twitter account

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page