top of page
Search

ရှုံးလဲ နိုင်၊ နိုင်လဲ နိုင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 19, 2019
  • 1 min read

ရှုံးလဲ နိုင်၊ နိုင်လဲ နိုင်

ICJ ကိစ္စမတိုင်ခင်က ၂၀၂၀ ရွေးကောက်ပွဲမှာ DASSK ဦးဆောင်တဲ့ NLD ကသာ နိုင်မယ်လို့ စာရေးသူရေးခဲ့ပါတယ်။ အဲ့ဒီအချိန်က စာရေးသူရေးတာကို သဘောတူသူရှိနိုင်သလို သဘောမတူသူအချို့နဲ့ အဘတသူအချို့က မယုံတာလဲ ရှိနိုင်ပါတယ်။ ယခု ICJ ကိစ္စ DASSK က သွားရောက်ဖြေရှင်းတာကိုပြည်သူတွေက ထောက်ခံပွဲတွေလုပ်တာ ပြည်သူ့စကားတွေကို နားထောင်ကြည့်လိုက်ရင် ပြည်သူတွေက DASSK နောက်မှာ ၉၅% ဆိုတာ သိသာပါတယ်။ ၅% က အဘတသူ၊ ခရိုနီ၊ ခေတ်သစ်၊ကျောင်းသားသမဂ္ဂအချို့၊ သူပုန်အချို့၊ ဘင်္ဂါလီနဲ့ လက်ဝဲလူ့အခွင့်အရေးသမားအချို့ပါ။

ဂမ်ဘီယာက မြန်မာကိုစွဲရာမှာ Genocide ကျူးလွန်ကြောင်းနဲ့ ကျူးလွန်နေကြောင်း ဒါကြောင့်ယာယီတားမြစ်မိန့်ထုတ်ပေးဖို့ပါ။ ယခုအစိုးရက လျှောက်ထားတာက Genocide မရှိကြောင်း၊ ယာယီတားမြစ်မိန့်ချဖို့မလိုကြောင်း ပြောတာပါ။ သာမန်လူနားလည်အောင်ပြောရရင် ခင်ဗျားသား ဂျပုကာခိုးမှုကျူးလွန်ခဲ့တယ် လက်ရှိမှာလဲ ခိုးနေတယ် ဒါကြောင့် တားပေးပေါ့။

ICJ က ယာယီအမိန့်ထုတ်စရာမလိုဘူးလို့ ဆုံးဖြတ်ရင် နိုင်ငံအနေနဲ့ နိုင်ပါတယ်။ DASSK ကို လူတွေကပိုလေးစားလာပါမယ်။ ICJ က ယာယီအမိန့်နဲ့ ချမှတ်ရင်လဲ တရားစီရင်ရေးကို ပြင်တာ၊ ခြေဥကို ကမ္ဘာ့စံနဲ့ ပြင်တာသာဖြစ်လို့ ပြည်သူကနိုင်ပါတယ်။ ICJ မှာ အဘတပည့်များပြောသလို ဘင်္ဂါလီကိုနိုင်ငံသားပေးပါလို့ ပြောပိုင်ခွင့်အာဏာမရှိပါ။ တိုင်းရင်းသားလို့လဲ သတ်မှတ်ပိုင်ခွင့်မရှိပါ။ သူခေါ်ချင်တာခေါ်လို့ရပါတယ်။ ဒါကတိုင်းပြည်နဲ့ မဆိုင်ပါ။ ဒါကြောင့် ပြည်သူတွေနဲ့ DASSK က ICJ က ဘာအမိန့်ချချ နိုင်ပါတယ်။

Genocide အမှုကတော့ နှစ်ချီကြာပါမယ်။ ကြာတာလဲ ကောင်းပါတယ်။ မြန်မာပြည်မှာ အာဏာသိမ်းခဲ့ရင် သိမ်းဖို့ကြိုးစားခဲ့ရင် ICJ ရောက်နေတဲ့ အမှုမိုလို့ အနောက်အုပ်စုက စွဲစိရလွယ်သွားပါမယ်။တကယ် ဥပဒေအရသွားရင်တော့ မြန်မာဘဲ နိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ စစ်ရာဇဝတ်မှု ကျူးလွန်နိုင်ပေမယ့် Genocide တော့ မဟုတ်လို့ပါ။ ဒါက အဘကို ဘာထင်ထင် အမှန်တရားပါ။

အကျဉ်းချုပ်ရရင် ပြည်သူကတော့ ICJ က ဘာဆုံးဖြတ်ချက်ချချ နိုင်ပါတယ်။ အားလုံးကို အတူတကွရင်ဆိုင်ကြပါစို့ (Lets face it together) သူမပြောခဲ့သလိုပါဘဲ။ ပြည်သူတွေက ညီပါတယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page