top of page
Search

ရှင်းရှင်းလေးပြောပြမယ် မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 5, 2021
  • 1 min read

ယခု ဆန္ဒပြပွဲတွေဖြစ်တယ်။ ပစ်တယ်။ ပစ်ရင်း ပစ်ရင်းနဲ့ အထဲမှာ အသံထွက်လာတယ်။ အာဏာသိမ်းသူက မအလ။ ဒီအကျပ်အတည်းက ထွက်ဖို့က မအလကို ဖြုတ်မှရမယ်။ သေသူအရေအတွက်များလာရင် မအလသွားရမှာ လူတိုင်းသိတဲ့အရာပါ။ ဘရွှေကလဲ မြင့်ဆွေကို ဒါ့ကြောင့် ယာယီသမ္မတအနေနဲ့ ဆက်ထားထားတာ။ အားလုံးဟာ သူ့ဘက်ကနေ အချောင်ပါပြီး ရာထူးတက်မလားလုပ်နေသူကအများစုပါ။ မအလအာဏာရူးလို့ပါ။ ဘယ်သူမှ မဲကိစ္စကြောင့် အာဏာသိမ်းတယ်ဆိုတာ အပြင်ကရောတပ်ထဲမှာပါ မယုံပါ။ ဒါ့ကြောင့် သူ့ကိုဖြုတ်ချမှာစိုးလို့ ဒုတပ်ချုပ်ကို လူမှန်းများအောင် သူတို့အချင်းချင်း psywar ပြန်လုပ်နေပါပြီ။ ဒါက အတွင်းစည်း စလှုပ်လာတာကိုပြတာပါ။

ယခုရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ လားရှိုးမြို့တွေမှာ ဖြစ်နေတာက သူ့ရဲ့ အုပ်ချုပ်မှုကို တိုက်ရိုက်စိန်ခေါ်နေပါပြီ။ ပြည်သူတွေက လမ်းတွေပိတ်ထားလို့ သာလွန်အင်အားနဲ့ လမ်းပေါ်မှာ တပ်တွေနဲ့ ၂၄ နာရီစောင့်နေမှသာ ရမှာပါ။ ဒါက လုံးဝမဖြစ်နိုင်ပါ။ လမ်းပိတ်နေရင် ရုံးသွားလို့မရလို့ CDM က အလိုလိုဖြစ်သွားပါတယ်။ ဒါတောင်ပြည်သူတွေက ဘာလက်နက်မှ မပါသေးပါ။

ဒီနေရာမှာ R2P ဝင်ရင် အဘက ဘယ်လိုတိုက်မယ် ဘာညာနဲ့ လေလုံးကျယ်နေတာဟာ ရယ်စရာပါ။ရခိုင်မှာတောင် မနိုင်လို့ ငြိမ်းချမ်းရေးယူထားရလို့ အမေရိကန်က ပစ်လိုက်ရင်တောင် သိမှာမဟုတ်ပါ။ကဒါဖီနဲ့ အီရတ်၊ ဆီးရီးယားတို့ရဲ့ အဲ့ဒီအချိန်ကလေတပ်ဟာ ယခုလက်ရှိတပ်မတော်လေထက် အဆများစွာသာပါတယ်။

အမေရိကန်ဟာ သူမလာရင်တောင် တိုင်းရင်းသားလက်နက်ကိုင်ကို လက်နက်ထောက်ပံ့ခဲ့ရင် မအလတိုင်ပတ်နေမှာပါ။ ယခုလို ဆန္ဒပြနေပုံမျိုးနဲ့ ဧပြီလအထိ ဆက်ဖြစ်ရင် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒီနေ့တောင် TNLA က လမ်းပေါ်တက်လာတာနဲ့ လားရှိုးမှာ ဆန္ဒပြပွဲကို ပစ်မရတော့ပါ။

ဘယ်စစ်ပွဲမဆို ပြည်သူသာ အဓိကပါ။ ယခုလို ပြည်သူနဲ့ ရန်ဖြစ်နေရင် ပြည်သူက အမေရိကန်ကို ကြိုပြီး မအလတပ်ကို ထိုးကျွေးမှာပါ။ မအလကို ပြောချင်တာက သိပ်လေမကျယ်ပါနဲ့လို့ပါ။ သတ္တိရှိရင်ရန်ကုန်မှာ လူထုတွေ့ဆုံပွဲလေးကို မအလကိုယ်တိုင်လုပ်ပြီး လူထုက မိမိကိုထောက်ခံလား သွားစမ်းသပ်ကြည့်ပါလို့ ပြောပါရစေ။

အာဏာရူးတို့ရဲ့ သွားရာလမ်းဟာ ဆဒမ်မှသည် ကဒါဖီအထိ မကောင်းခဲ့သလို ခင်ဗျားအတွက်လဲ မကောင်းနိုင်ပါလို့ ပြောပါရစေ။ ဆဒမ်ဟာ အမေရိကန်က ဝင်တိုက်လိမ့်မယ် မထင်ခဲ့သလို ကဒါဖီဟာလဲ မထင်ခဲ့ပါ။ ဒီလိုနဲ့ သေသွားကြတာပါ။ အချို့ကိစ္စတွေဟာ စစ်တပ်လာစရာမလိုဘဲ ပွဲပြီးသွားတတ်ပါတယ်လို့ ကြိုပြောထားပါရစေ။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Komentarji


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page