ယုန်ကလေးရဲ့ ဗီဒီယိုကို အရေးယူလို့ရလား
- Myat Tun Oo
- Aug 4, 2020
- 1 min read

ပထမဆုံးက တပ်ယူနီဖောင်းတွေ DASSK ရဲ့ လုံခြုံရေးတွေရဲ့ ယူနီဖောင်းတွေကို ခွင့်ပြုချက်မရဘဲ ယူသုံးထားတာပါ။ တပ်ကခွင့်ပြုပေးထားတယ်ဆိုရင်တော့ သူက တပ်နဲ့ပေါင်းလုပ်တာ ထင်ရှားသွားပါပြီ။ တပ်နဲ့ပေါင်းလုပ်တာမဟုတ်ရင်တော့ အရေးယူရမှာပါ။ ဒါက ပထမအချက်ပါ။
ဒီနေရာမှ မိမိယုံကြည်ရာကို မဲဆွယ်လို့မရဘူးလားဆိုတဲ့ ပြဿနာရှိပါတယ်။ အားလုံးဟာ လူသားတွေဖြစ်လို့ မဲဆွယ်လို့ရပါတယ်။ မြန်မာပြည်ရဲ့ ပြဿနာက ဓမ္မနဲ့ အဓမ္မပြဿနာပါ။ မူဝါဒပြဿနာ မဟုတ်သေးပါ။ ဒါကို ဘယ်လို ဥပမာနဲ့ မြင်အောင် ပြောပြရမလဲ?
ဥပမာ ယုန်လေးရဲ့အမေကို လူတစ်ယောက်က ဝေဖန်တယ်ဆိုပါစို့။ လူတစ်ယောက်က ယုန်ကလေးအမေက ချောတယ်၊ နောက်လူက မလှဘူးပြောမယ်။ အခြားလူက စာတတ်တယ်ပြောမယ်၊ အခြားလူကမတတ်ဘူးပြောမယ်။ ဒါတွေက အမြင်ပေါ်မှာ မူတည်ပြီး ကွဲသွားတာပါ။
ဒါကို စာဖတ်သူတစ်ယောက်က ယုန်ကလေးရဲ့အမေက မကောင်းတာလုပ်စားတယ်၊ သူခိုးလို့ပြောရင်ယုန်ကလေးက ဘယ်ကြိုက်ပါ့မလဲ။ ထို့အတူပါဘဲ DASSK ပုံကို မအလနဲ့တန်းတူ ဖွတ်သန်းဌေးနဲ့တန်းတူထားပြီး ပင်နီတွေကို အလေးပြုခိုင်းတာက ယုန်ကလေးရဲ့အမေကို မကောင်းတဲ့ ကြက်လို့ လူများတွေကပြောရင် ယုန်ကလေးက မခံချင်သလို ပင်နီတွေအတွက် မခံချင်စရာပါလို့ ပြောပါရစေ။
ဒါဟာ ယုန်ကလေးသိဖို့ပါ။ DASSK ကို စောင့်ရှောက်နေတာဟာ တပ်မဟုတ်ဘဲ ပြည်သူတွေပါ။DASSK လုပ်ကြံခံရတဲ့နေ့ဟာ မအလရော သူ့သားသမီးတွေရော နေဝင်း သန်းရွှေရောကို ပြည်သူတွေက ဒဏ်ခတ်မှာပါ။ DASSK ကသာ မအလကို အဖမ်းမခံရအောင် စောင့်ရှောက်ပေးထားတယ်ဆိုတာယုန်ကလေးလို ဉာဏ်တိမ်သူတွေ သိနိုင်မယ်မထင်ပါ။
Cartoon credit: Original uploader



Comments