top of page
Search

မအလတပ် အဆင့်ဆင့် ဆုတ်ပြေးနည်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 15, 2024
  • 1 min read

ရန်သူမလာခင်အထိ ကျွန်တော်တို့ လုံးဝထိန်းချုပ်ထားနိုင်ပါတယ်။

ရန်သူက ဌာနချုပ်ကို လာတိုက်တာနဲ့ အကြီးဆုံးတိုင်းမှူးက ဟိုစခန်းကို ကြီးကြပ်မယ် ဟိုမြို့ကြီးကို ကြီးကြပ်မယ်ဆိုပြီး တိုင်းစခန်းက အရင်ထွက်ပြေးပါတယ်

ဒုတိုင်းမှူးကို ထားခဲ့တယ်

အဝိုင်းခံရရင် ဒုတိုင်းမှူးကလဲ ဗိုလ်မှူးကြီးဆိုတဲ့အကောင်ကို ထားခဲ့ပြီး ရှောင်သွားတယ်

ဒါဆိုရင် စခန်းကျဖို့က ၈၀% သေချာသွားပြီ

တိုင်းဌာနချုပ်ထဲ ရန်သူက ကပ်လာပြီဆိုရင် ဗိုလ်မှူးကြီးကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး ဆက်တိုက်ခိုင်းတယ်။ ဟိုနွားကလဲ ဖီးတက်ပြီး ပိုခံချတယ်။ နည်းနည်း ရက်ပိုကြာသွားတယ်။

အဖမ်းခံရရင် ဗိုလ်မှူးကြီးအဆင့်ဘဲ အဖမ်းခံရတယ်ဆိုပြီး ပြောလို့ရအောင်အထက်က ဂွင်ဖန်တာပေါ့။

နိုင်ရင်တော့ မင်းက ဗိုလ်မှူးချုပ်ပေါ့

တိုင်းဌာနချုပ်ထဲ ရန်သူက ခံစစ်စည်းကျော်ပြီး ဝင်လာပြီဆိုရင်တော့ အဆက်အသွယ်ပြတ်သွားပြီ

ဒီအချိန်မှာက တိုင်းဦးစီးချုပ်က ထွက်ပြေးတာ(သူတို့က တပ်ဖျောက်တာပေါ့)

ပြီးရင် သူရိန်ထွန်းလို အဖမ်းခံရတာ ဖြစ်နိုင်သလို ဟိုရှမ်းမြောက်မှာလို လွတ်သွားတာလဲ ဖြစ်နိုင်တာပေါ့

ဒါပေမယ့် မိမိတို့ဌာနချုပ် ကျတာကတော့ ကျတာပါဘဲ။

လားရှိုး၊ မောင်းတောတွေနဲ့မတူတာက အမ်းကို ပြည်မကနေ စစ်ကူတွေများစွာ ပို့ပေးနိုင်ခဲ့တာပါ။ ဒီကြားထဲက လမ်းမှာ ဖြတ်အတိုက်ခံရပြီး စစ်ရှုံးတာပါ။

ပို့နေဆဲ့ အတိုက်ခံနေရဆဲ ရှုံးနေဆဲပါ

သူက အလုံးစုံမှာ ရန်သူမရှိရင် လက်နက်တိုက်တွေက ပစ္စည်းသယ်ပြီးရင် ဓာတ်ပုံတွေ တက်လာမှာပါ။

စကခ ၅ ကတော့ ပွဲပြတ်သွားလို့ AA က သတင်းထုတ်ပါပြီ

မအလရေ မတိုက်ရဲရင် ဆင်းပါဆိုတဲ့အသံတွေက အဘကိုထောက်ခံပါတယ်ဆိုသူတွေထံက လာနေတာက အာဆတ်မဆင်းခင်အသံတွေနဲ့ ဆင်လာနေပါပြီ

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page