top of page
Search

မအလစစ်တပ်ကြီးစည်းလုံးနေလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 27, 2022
  • 1 min read

မအလတပ်လက်ရှိဖွဲ့စည်းပုံက

အခွင့်အရေးသမား ၃၀%

ခိုးဆိုးလုယက်၊ မုဒိမ်း၊ ရာဇဝတ်ကောင် ၃၀%

တပ်ထွက်ပြီး ဌာနဆိုင်ရာမှာ လူကြီးဖြစ်လိုသူ ၂၀%

စစ်သားစစ်စစ် စစ်တိုက်လိုသူ ၂၀% လောက်နဲ့ ဖွဲ့ထားတာပါ။ အများစုက အခွင့်အရေးရရင် ယူလိုပြီး တကယ့်စစ်မြေပြင်ကို ထွက်မတိုက်လိုကြပါ။

အာဏာသိမ်းအပြီးမှာ ပြည်သူအများစီးပွါးကျပေမယ့် တပ်နဲ့ရဲက အချို့လူများဟာ ထားစရာမရှိအောင် စီးပွါးတက်နေပါတယ်။ ပြည်သူပိုင်ပစ္စည်းသိမ်းတာ၊ နယ်တွေက အိမ်တွေကို ဝင်စီးရာမှာရွှေ၊ ငွေတွေကို သိမ်းတာ၊ အပြစ်မရှိသူကိုဖမ်းပြီး ပြန်ရွေးခိုင်းတာကရတဲ့ ငွေတွေပါ။ သူတို့ဟာအဆိုပါငွေတွေနဲ့ အထက်လူကြီးကို လာတ်ထိုးပြီး မြို့ပေါ်မှာသာ ဆက်တာဝန်ကျပါတယ်။ရှေ့တန်းထွက်သူအများစုကတော့ နောက်တန်းပြန်ကိန်းမမြင်ရအောင် တစ်နေရာပြီးတစ်နေရာဆက်ချပါတယ်။

ဒါဆိုအားလုံးခိုးနေရလို့ စည်းလုံးနေပြီလား? ပုံမှန်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်လောက်မှာရန်ပုံငွေအတန်အသင့်ကိုင်ရပါတယ်။ ဂွင်နေရာပေါ့။ ဒုဗိုလ်မှူးကြီးချင်းတူရင်တောင် တပ်ရင်းမှူးက တပ်ပိုင်ရှိသူပါ။ ပြဿနာက အကပ်မရှိသူဆိုရင် ရှေ့တန်းခဏခဏ အပို့ခံရလို့ သေဖို့များလာတာပါ။ ယခင်က ကချင်နဲ့ ရခိုင်သာ မသွားလိုတာကနေ ယခုနောက်ပိုင်း ရှမ်းပြည်၊ ရန်ကုန်၊မန္တလေး၊ နေပြည်တော်နဲ့ ဧရာဝတီလောက်သာ အဆင်ပြေပါတော့တယ်။ အဆိုပါဒေသတွေမှာလဲအသတ်ခံရမယ့် အန္တရာယ်က ပိုကြီးလာနေပါတယ်။ ရှေ့လပိုင်းတွေမှာ PDF လက်နက်က တူမီးထက် ပိုကောင်းလာနိုင်လို့ အဆိုပါမြို့တွေမှာတောင် မလွယ်တော့ပါ။ လောလောဆယ်က အဆိုပါမြို့ထဲတွေမှာ sniper တို့ ဗုံးပစ်လောင်ချာတို့ကို ကလေးတွေက မသုံးနိုင်သေးလို့ သက်သာနေတာဖြစ်ပြီး စသုံးလာရင် သူတို့ဟာ အဓိကပစ်မှတ်ဖြစ်လာမယ်ဆိုတာ သူတို့လဲ သိပါတယ်။ ဒါကြောင့်မိုလို့ တပ်ထဲမှာ ကြောက်စိတ်က ကြီးစိုးလာနေပါတယ်။ နောက်ဖရဲသီးတွေက တပ်တွင်းလိပ်စာကအစ အသေးစိတ်ကို အပြင်ပေါက်နေလို့ မအလတောင် အစည်းအဝေးကို ဒုဗိုလ်ချုပ်ကြီးတွေနဲ့သာ PSO တောင်မပါဘဲ စတွေ့လာနေပါပြီ။ ယခုတပ်ထဲမှာ အားပြိုင်နေတာက တပ်ပြေးရင် မအလဒုက္ခပေးမှာ ဖမ်းမှာနဲ့ တပ်ထဲမှာဆက်နေရင် ဘယ်ဟာက ပိုဒုက္ခရောက်မလဲ ပိုကြောက်ရမလဲဆိုတာပါ။ လောလောဆယ် KNU နဲ့ KIA က အဓိကစစ်ဆင်ရေးမလုပ်သေးဘဲ စစ်ကိုင်း၊ ချင်းနဲ့ ကယားမှာသာ တိုက်နေရသေးလို့ တပ်စွန့်ခွါသူ CDM နည်းနေသေးတာပါ။ အကယ်၍ နေရာတိုင်းမှာစစ်ပွဲကြီးလာရင် အသေအပျောက်မျာူလာရင် သူတို့တွေ နှစ်ခါပြန်တွေးလာမှာပါ။ ရုရှားတပ်မှာတောင် စစ်ပွဲမှာ အကျများလာလို့ သူ့ဗိုလ်ချုပ်သူ ပြန်သတ်သူ ထွက်ပြေးသူ ယူကရိန်းထဲမှာ စသ်မှုထမ်းဖို့ ငြင်းဆန်တာတွေတောင် ဖြစ်လာနေပါပြီ။

နောက်ဩဇီရဲ့ အကျိုးသက်ရောက်မှုပါ။ ဩဇီက တပ် CDM ကို ခိုလှုံခွင့်ပေးမယ်ပြောချိန်က မယုံတစ်ဝက်နဲ့ စုံစမ်းခဲ့ကြပါတယ်။ အကယ်၍ ဩဇီကို ပထမစစ်သား စရောက်အပြီး သတင်းသမားတွေက သူ့ကိုအင်တာဗျူးလုပ်ပြီး လွှင့်ပြခဲ့ရင် အခွင့်အရေးသမားရော ကြောက်လို့ဆက်လုပ်နေသူများပါ တပ်ထဲကထွက်လာနိုင်မှာ သေချာပါတယ်။ အစပိုင်းမှာ ဆရာဝန်၊ အင်ဂျင်နီယာပညာရှင်အဆင့်ဖြစ်နိုင်ပြီး နောက်ပိုင်းမှာ ရှေ့တန်းထွက်သူများပါ ထွက်ပြေးလာနိုင်ပါတယ်။ ယခုလောလောဆယ်မှာက PDF က တိုက်နိုင်ပေမယ့် ယမ်းအား လက်နက်အားနည်းနေသေးလို့ သူတို့သေတာက သူတို့ပတ်ဝန်းကျင်အထိ မရောက်သေးလို့ပါ။ ဖျက်အားပြင်းလက်နက်နဲ့ သူတို့စခန်းနားကို တိုက်နိုင်လာရင် မိသားစုကိုထိလာရင် အခြေအနေက အလျှင်အမြန်ပြောင်းလဲသွားမှာပါ။ဒါဆိုရင် ဖိအားက များလာနိုင်ပြီး သေမှာကြောက်ချိန်မှာ ဩဇီဗီဇာနဲ့ပေါင်းရင် တပ်တွင်းစည်းလုံးမှုက ယခုထက်ပိုကျသွားမှာပါ။ သာမန်ပြည်သူက ဘာလုပ်ရမလဲဆိုတော့ သူ့တပ်ပျက်မှာကို မမျှော်ဘဲ အမေရိကန်ကယ်မှာကို မမျှော်ဘဲ ယမ်းအားကောင်း ပစ်အားကောင်းအောင် bond ဝယ်ပါ။ PRF အသင်းဝင်ပါ။ အခွန်ဆောင်ပါ။ click to donate လုပ်ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page