မအလ သမ္မတကြီး ဦးဝင်းမြင့်ကို ဘာဆက်လုပ်မလဲ?
- Myat Tun Oo
- 2 minutes ago
- 2 min read

မအလ သမ္မတကြီး ဦးဝင်းမြင့်ကို ဘာဆက်လုပ်မလဲ?
မအလဟာ တရုတ်ရဲ့ ဖိအားကြောင့် တပ်ချုပ်က ထွက်ပြီး ရွေးကောက်ပွဲကနေ သမ္မတတု လုပ်ထားရတာပါ။ မအလအနေနဲ့ လားရှိုးကို မတိုက်ဘဲ ပြန်ရတာဟာ တရုတ်က ချစ်လွန်းလို့ ပေးထားတာ မဟုတ်ပါ။
မအလရော စစ်တပ်ထဲက အားလုံးနီးပါးက တရုတ်ကို မုန်းပါတယ်။ ကြောက်လဲ ကြောက်ပါတယ်။ ကြောက်မုန်းပေါ့။ ယခုလိုင်းပေါ်က လူတွေ တရုတ်မုန်းတာဟာ မအလ အိပ်နေသလောက် ရှိမှာပါ။
မအလဟာ တရုတ်ကို နိုင်ငံရေးအရ တိုးတက်မှု၊ ရင်ကြားစေ့မှုကို ပြရပါမယ်။ အမေစုကို လွှတ်ပေးပြီး တရုတ်အစီအစဉ်အရ တွေ့ရပါမယ်။ မအလက လုံးဝ မတွေ့လို မလွှတ်လိုပါ။
ဒါကြောင့် သူ့အစီအစဉ်ထဲကနေ သမ္မတကြီး ဦးဝင်းမြင့်ကို လွှတ်ဖို့ ပြီးရင် သမ္မတကြီးထံကို NLD ထဲက NUG/PDF မလိုလားသူတွေကို လွှတ်ပြီး NUG မကောင်းကြောင်း ပြောခိုင်းတာ၊ စကားကျွန်အောင် လုပ်ခိုင်းတာ၊ အင်တာဗျူးတွေကနေ NUG က သူတို့နဲ့ မဆိုင်၊ CRPH မှာ သူတို့မပါတာမျိုး လေသံလွှင့်ခိုင်းဖို့ပါ။ နောက် တရုတ်ကိုယ်စားလှယ်လာရင် သမ္မတကြီး ဦးဝင်းမြင့်နဲ့ ပေးတွေ့ဖို့ စီစဉ်ခဲ့ပါတယ်။
သမ္မတကြီးကို ထောင်ထဲမှာ လွှတ်မိန့်စ ဖတ်ကတည်းက ပထမ အကွက်တွေ မှားခဲ့ပါတယ်။ သမ္မတကြီးက သူ ဘာမှ အမှားမလုပ်လို့ လက်မှတ်မထိုးပေမယ့် မအလက အောက်ကျခံပြီး လွှတ်ပေးခဲ့ရပါတယ်။ ဒါက မအလဟာ သမ္မတကြီးရဲ့ အာဏာကို မလွန်ဆန်နိုင်တာ ပြခဲ့ရပါတယ်။
ဒုတိယအမှားက သမ္မတကြီးအိမ်ကို ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပါတီ CEC အချို့နဲ့ ယခင်သမ္မတကြီးတို့ လမ်းမပိတ်ခင် ရောက်ရှိသွားခဲ့တာပါ။ သူတို့ရဲ့ ပြောဆိုမှုတွေကို အသံဖမ်းချက်အရ လက်ရှိ ဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေ၊ NUG/PDF ရဲ့ အောင်မြင်မှု၊ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်က နယ်မြေဆုံးရှုံးမှုတွေကို သိရှိသွားခဲ့ပါတယ်။ သူ့ဖာသာလည်း သိနိုင်ပေမယ့် ယခင်နဲ့ မတူတဲ့ ပြောင်းလဲသွားတဲ့ ပြည်သူ့သဘောထား၊ လက်နက်ကိုင် တော်လှန်ရေးရဲ့ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု၊ မအလရဲ့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိုဂျင်မီတို့ အကြောင်း၊ ကွီးဖြိုးထွက်ဆိုမှုတွေကို သိရှိပြီး ပြည်သူ့သဘောထားကို သုံးသပ်နိုင်ခဲ့ပုံပါ။
တတိယက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို အမေစုအစား သမ္မတကြီးနဲ့ ပေးတွေ့ဖို့ဟာ တရုတ်ကြောင့်လား၊ သမ္မတကြီးကြောင့်လားမသိဘဲ ပျက်သွားခဲ့တာပါ။ သမ္မတကြီးဟာ အမေစု အသက်ရှိကြောင်း လှုပ်ရှားမှုကို သိရှိပုံရပြီး NLD ရဲ့ NUG/PDF သဘောထားကို အမေစုနဲ့ တွေ့ပြီးမှသာ မှတ်ချက်ပေးမယ်လို့ ထုတ်ပြောထားပါတယ်။ ဒါအပြီး ဝမ်ရီကိုတော့ ပေးမတွေ့တော့တာ တွေ့ရပါတယ်။
ဒါဆို မအလက တရုတ်နဲ့ သဘောတူထားတာကို ဘယ်လို အကောင်အထည်ဖော်မလဲ?
တရုတ်ကို မအလ တပ်တစ်ခုလုံးက မုန်းပြီး တရုတ်ဆန့်ကျင်ရေးကို လုပ်ဆောင်ဖို့က နှစ်မိနစ်လောက်အတွင်း လုပ်လို့ရပါတယ်။ မရတာက တရုတ်ရဲ့ ဆုံးမခြင်းကို ခံရရင် မအလမှာ ဖြေဆေးမရှိတာပါ။ တရုတ်ကို တန်ပြန်ဖို့က အမေရိကန်နဲ့ အာဆီယံ လိုပါတယ်။
မအလ မျှော်မှန်းထားတာက အိန္ဒိယက ဝင်ကပ်ရင်၊ တရုတ်နဲ့ ဝင်လုံးရင် အာဆီယံက တရုတ်ဘက်မပါအောင် ပေါ်လစီ ပြန်ပြင်ရင် ထွက်ပေါက်ရမယ်၊ အမေရိကန်က သူ့လော်ဘီကနေ အောင်မြင်လို့ မူဝါဒပြင်ရင် တရုတ်ကို ပြန်ထိန်းညှိနိုင်မယ်လို့ ယူဆထားတာပါ။
ဒါပေမယ့် အာဆီယံမှာ စင်ကာပူ၊ တီမော်နဲ့ ဖိလိပိုင်က အမေစုနဲ့ မတွေ့ရရင် ဘာမူဝါဒမှ ပြင်ဖို့ မရှိသလို အင်ဒိုနဲ့ မလေးရှားက ရိုအရေးမပြင်ရင် ဘာမှ မူဝါဒပြင်ဖို့ မရှိလို့ မအလအတွက် ဆက်ခက်နေပါတယ်။
နောက် မအလဟာ သတင်းမီဒီယာတွေကို အမေစုကို ဘယ်မှာထားတယ် ဘာညာဆိုပြီး သတင်းပေါက်သလို သတင်းလွှင့်ပေမယ့် သူမကို အခြားလူတွေနဲ့ ယခုအထိ ပေးမတွေ့တာက ထူးခြားနေပါတယ်။ ဒါ့အပြင် ဝမ်ရီနဲ့ ဘာမှ မှတ်စုမပါဘဲ တွေ့တယ်လို့ ရေးပေမယ့် ဝမ်ရီက အင်္ဂလိပ်စကား မပြောတတ်သလို အမေစုကလည်း တရုတ်လို မတတ်ပါ။ ဒါကြောင့် ဘာသာပြန်သုံးရမှာ ဖြစ်သလို တကယ်တွေ့ခဲ့ရင် မအလက အသံမဖမ်းဘူးလို့ သင်တို့ ထင်ပါသလား? ထိုအသံဖိုင်/ဗီဒီယိုဖိုင်ကို ယခုအချိန်အထိ မတွေ့ရသေးပါ။
နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုသာ ပေးတွေ့ပြီး အာဆီယံ ဥက္ကဋ္ဌကို ပေးမတွေ့တာက တရုတ်ကိုသာ ကြောက်သလို ဖြစ်နေပြီး တကယ်ပေးတွေ့ခဲ့တာ အမှန်ဆိုရင် အာဆီယံကို ပိုဒေါသထွက်စေမှာ ဖြစ်ပါတယ်။
မအလ စစ်တပ်က စဉ်းစားချက်ထဲမှာ အသိအမှတ်ပြုခံရဖို့ကို သိပ်ဂရုမစိုက်ဘဲ အာဆီယံနဲ့ အမေရိကန်ကို လိုအပ်တာက တရုတ်ဩဇာကို ထိန်းဖို့သာပါ။ ထိန်းလိုတာက တရုတ်ပြောတာကို မအလက လုံးဝ လုပ်လိုစိတ်မရှိတာပါ။ ဒါပေမယ့် တရုတ်ပြောတာကို မလုပ်ရင်လည်း စီးပွားရေး ဒဏ်ခတ်မှုထက် ပြင်းတဲ့ ၁၀၂၇ မျိုးတွေ လာတာ၊ PDF ကို သွယ်ဝိုက် လက်နက်ထောက်ပံ့ရင် သူ ဘဝပျက်မယ်ဆိုတာကိုလည်း သူ သိနေပါတယ်။
စာရေးသူတို့ ပြည်သူတွေ အနေနဲ့က မိမိတပ် NUG အောက်က PDF ကို ဆက်လက်ထောက်ပံ့ပြီး PDF အားကောင်းအောင်သာ ဆက်လုပ်ကြပါ။ စစ်သဘောအရ အတိုးအဆုတ် ရှိပါတယ်။ ၂၀၂၄-၂၀၂၅ မှာ ယူကရိန်းဟာ စစ်ရှုံးသလို ဖြစ်နေခဲ့ပြီး ၂၀၂၆ မှာ မော်စကိုကို ဗုံးကြဲနေခဲ့ပါပြီ။ စာရေးသူတို့ ပြည်သူတွေ အနေနဲ့ အီရန်မှာလို PDF မရှိလို့ အမေရိကန်ကြီးက ဗုံးကြဲပေးတာတောင် လက်ပိုက်ကြည့်နေရတာမျိုး မဖြစ်ပါစေနဲ့။ မအလဟာ သူ့ဇတ်နဲ့သူတောင် တရုတ်ခိုင်းတာမလုပ်ရင် ပြဿနာတက်မှာပါ။ လက်ရှိ သမ္မတကြီး ဦးဝင်းမြင့်ကို လျှော့မတွက်ပါနဲ့။ ပြည်သူက NUG အောက်က PDF ကို PRF ကသာ ဆက်ကူပါ။ အောင်မြင်မှုက လာမှာပါ။


Comments