top of page
Search

တာဝန်ယူမှု တာဝန်ခံမှု ဘာကွာလဲ

Writer: Myat Tun Oo
Myat Tun Oo
Jun 29
1 min read

PDF အချင်းချင်း တစ်ယောက်ကို ပစ်တယ်၊ ပစ်သူရော အခြားသံသယတရားခံတွေကို NUG က ဖမ်းတယ်၊ အရေးယူတယ်။ အဖမ်းခံရသူ ဗျူဟာမှူးက လူချစ်လူခင်ပေါတယ်။ သူက PLA က မအလတပ်လေယာဉ်ကို ပစ်ချတယ်ဆိုပြီး လိမ်ပြောတုန်းက ထောက်ပြလို့ PLA နဲ့ ငြိ ဖူးပါတယ်။ သေသွားသူ PDF တပ်ရင်းမှူးက PLA တွေနဲ့ အလွန်ရင်းနှီးတယ်။ ဒီကိစ္စ ဒီလောက်ပဲ လောလောဆယ် ရေးပါ့မယ်။


PLA က PDF လေးယောက်ကို လုပ်ကြံသတ်ဖြတ်တယ်။ PLA ရော ကွန်မြူနစ်ပါတီရော ယခုအချိန်အထိ ထို PLA တပ်ဖွဲ့ဝင်ကို မဖမ်းဘူး။ ကျောင်းသားသမဂ္ဂ အသံမထွက်ဘူး။ တွေ့ဆုံမယ်ဆိုပြီး ဆယ်လီတွေက ကိုယ်စား လော်ပေးတယ်။ အမှန်က PLA က အားလုံးကို ဖမ်းရမှာ။ သူတို့ရဲ့ စံနှုန်း နှစ်မျိုး။


SRA ထဲက ယောတပ်ချုပ်က လူသတ်တယ်။ SRA က နေ့ချင်းဖမ်းဖို့ မပြောနဲ့၊ ယခုအချိန်အထိ ထိုတပ်ချုပ်ကို အရေးမယူနိုင်ဘူး။


တာဝန်ယူမှု တာဝန်ခံမှု ကွာပါတယ်။ ပြည်သူတွေ အမှန်မြင်နိုင်ပြီး မိမိငွေကို ဆယ်လီက ပြောလို့ NUG အောက် မဟုတ်တဲ့ ဘယ်အဖွဲ့ကိုမှ မလှူမိပါစေနဲ့။ သင့်ငွေကြောင့် ပြည်သူ့တပ် PDF ကို သတ်တဲ့ လူသတ်သမားတွေ အရေးမယူနိုင်တဲ့ PLA လို SRA လို အဖွဲ့တွေကို အဆိပ်ပင် ရေမလောင်းမိပါစေနဲ့။ NUG ရဲ့ တာဝန်ယူမှု တာဝန်ခံမှုဟာ စစ်ဘုရင်တွေ ၊ ကွန်မြူနစ် အာဏာရှင်အဖွဲ့တွေနဲ့ မိုးနဲ့မြေကွာပါတယ်။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 
သတိရှိ

အားလုံးသတိရှိပါ။ မလိုအပ်ဘဲ ဖုန်းမသုံးပါနဲ့။ မိမိနေရာကို ကိုယ့်မိန်းမတောင် ပေးမသိပါနဲ့။ သတင်းသမားကိုလဲ မြေပြင်ကနေ ဖုန်းမဖြေပါနဲ့။ စစ်ရေးသတင်းဟာ လျှို့ဝှက်ရသလို မိမိကိုယ်ထိရင်တောင် ချက်ခြင်းလိုင်းပေါ် ထ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page