top of page
Search

ပြည်သူများ ဘာကွာလဲ သတိထားကြပါ

Writer: Myat Tun Oo
Myat Tun Oo
Jun 27
2 min read

မနေ့ကဖြစ်စဉ်မှာ ကျဆုံးသွားသူ တပ်ရင်းမှူးအတွက် စိတ်မကောင်းပါဘူး။

ဒါပေမဲ့ ယခုဖြစ်စဉ်ကနေ ပြည်သူတွေ သတိထားရမယ့် ဆိုက်ဝါးတွေကို ချပြလိုပါတယ်။

မနေ့က ဖြစ်စဉ်ဟာ အလွန်ကြေကွဲစရာ ကောင်းပါတယ်။ ဒါမျိုးတွေ ဖြစ်တတ်သလား။ လေ့လာစရာ ဥပမာတွေ၊ အထောက်အထားတွနဲ့ ပြောပြပါ့မယ်။

ကမ္ဘာပေါ်က ခေတ်အမီဆုံး အမေရိကန်စစ်တပ်မှာ Major Nidal Malik Hasan က အခြားစစ်သည် ၁၃ ဦးကို ၂၀၀၉ ခုနှစ်က ပစ်သတ်ခဲ့သလို၊ အရာခံဗိုလ် Ethan Phelan Melzer ကလည်း ရန်သူ့ထံ သတင်းပေးပြီး မိမိလူတွေ အသတ်ခံရအောင် လုပ်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာလည်း စစ်သားအချင်းချင်း ရန်ဖြစ်လို့ ပစ်သတ်တဲ့ အမှုများစွာ ရှိခဲ့ပါတယ်။

ပြင်သစ်တပ်မှာလည်း ၂၀၂၂ ခုနှစ်မှာ တပ်ကြပ်ကြီး Tristan Sprunck က အခြားစစ်သားတဦးကို ဓားနဲ့ ထိုးပြီး ပစ်သတ်ခဲ့ရာ၊ အမှုစစ်ဆေးပြီး ၂၀၂၅ ခုနှစ်မှာ နောင်တမရလို့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

အင်္ဂလိပ်စစ်တပ်ဟာ ဒုတိယကမ္ဘာစစ်အထိ စစ်သားအချင်းချင်း သတ်ဖြတ်မှု ရှိခဲ့ပေမယ့်၊ နောက်ပိုင်းမှာ မိမိကိုယ်သတ်သေမှု၊ မုဒိမ်းကျင့်ခံရမှု အမှုတွေ အများဆုံး ဖြစ်လာခဲ့ပါတယ်။

ဒါက ကမ္ဘာပေါ်က ခေတ်မီတပ်ကြီးတွေမှာ ဖြစ်ပျက်နေကြ ဥပမာတွေကို ဗဟုသုတအနေနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစစ်တပ်တွေဟာ နှစ်ရာချီ ရှိနေတဲ့ ဒီမိုရှိတဲ့ တပ်တွေပါ။


မြန်မာပြည်မှာရော?


မအလတပ်

မအလ တပ်ထဲမှာ ထိုအမှုမျိုးတွေဟာ ၂၀၂၁ နောက်ပိုင်း တစ်လကို တစ်မှုလောက် ဖြစ်နေခဲ့ပါတယ်။ အချို့အမှုတွေ အပေါ်မရောက်ပါဘူး။ အရာရှိက အောက်ခြေတပ်သားကို ပစ်သတ်တာကို လုံးဝ အရေးမယူပါဘူး။ စစ်စည်းကမ်းရဇိအောင် လုပ်တယ်လို့တောင် ဂုဏ်ယူကြပါတယ်။ ကြီးမားတဲ့ အမှုတစ်ခုကတော့ ရွှေမန်းသား စစ်သားဘဝမှာ အခြားစစ်သားတဦးကို သတ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ဒီကိစ္စမှာ ဘာမှ အရေးယူမှု မရှိခဲ့ပါဘူး။


နဂါးတပ်

နဂါးတပ်ထဲမှာ နဂါးကိုယ်တိုင် သူ့တပ်သားချင်း သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ပြည်သူလူထု သတ်ဖြတ်ခြင်း စတဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။


PLA တပ်

PLA ကလည်း တော်လှန်ရေးသမားအချင်းချင်း PDF လေးယောက်ကို ရည်ရွယ်ချက်ရှိရှိ ဗုံးထောင်သတ်ဖြတ်ပြီး ထွက်ပြေးနေဆဲ ဖြစ်နေပါတယ်။ သူ့ ကွန်မြူနစ်ပါတီရော သူ့ PLA တပ်ကပါ ယနေ့အထိ ဖမ်းဆီးမှု မရှိသေးပါ။


SRA တပ်

SRA အောက်က ယောတပ်ချုပ်မြတ်သူက သူ့အောက်က ဗိုလ်နဲ့ စစ်သားကို အလှူပွဲထဲမှာ မာဖီးယားပုံစံ ပစ်သတ်ခဲ့တာပါ။ ယနေ့အထိ မြတ်သူကို SRA က ဖမ်းဆီးနိုင်ခြင်း မရှိပါ။ အရေးယူဖို့က အဝေးကြီးပါ။


ဒီဖြစ်စဉ်တွေဟာ ကမ္ဘာ့ နှစ်ရာချီ ရှိတဲ့ ဒီမိုကရေစီ စစ်တပ်ကြီးတွေမှာလည်း ဖြစ်ပျက်နေသလို၊ မြန်မာပြည်ထဲက မအလတပ်၊ နဂါး၊ PLA၊ SRA စတဲ့ အဖွဲ့အစည်းတွေမှာလည်း ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် NUG အောက်က PDF တွေမှာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။

ဒါဆို NUG နဲ့ အခြားအဖွဲ့တွေ ဘာကွာသလဲ?

•  အမေရိကန် – ၂၀၀၉ မှာ ဖြစ်ပြီး ၂၀၁၃ မှာ ဗိုလ်မှူးကို သေဒဏ်ချမှတ်ခဲ့သည်။ လေးနှစ်ကြာခဲ့ပါတယ်။

•  ပြင်သစ်စစ်တပ်ထဲက ၂၀၂၂ လူသတ်မှုက ဖြစ်ပျက်ပြီး သုံးနှစ်ကြာမှ စီရင်ချက်ချခဲ့သည်။


NUG/PDF ကတော့ ဖြစ်ပျက်ပြီး နေ့ချင်း ဖမ်းဆီးကာ စာထုတ်ကြေညာခဲ့ပြီး၊ ဝန်ကြီးချုပ်ရုံးကလည်း ထွက်ရှင်းခဲ့ပါတယ်။ ဒါက လေးနှစ်ကျော် ငါးနှစ်အတွင်း ကမ္ဘာ့စံနှုန်းနဲ့ ကိုက်ညီအောင် NUG PDF က ကိုင်တွယ်နိုင်တယ်ဆိုတာ ပြသနေပါတယ်။


နဂါး၊ PLA၊ SRA တွေမှာတော့ ဖြစ်ပျက်ခဲ့တဲ့ အမှုတွေကို ယနေ့အထိ ဖမ်းဆီး အရေးယူခြင်း မရှိပါ။ သတင်းမထုတ်ကြပါဘူး။ သတင်းသမားတွေက The Voice of Spring က လွဲရင် မတင်ကြပါဘူး။


ပြည်သူတွေ သတိထားရမယ့်အချက်များ

ယခု ဖြစ်စဉ်နောက်မှာ နိုင်ငံရေး အကြောင်းအရာများစွာ ရှိနေပါတယ်။ NUG PDF ကို အဓိက ဝေဖန်နေကြသူများထဲမှာ PLA နဲ့ SRA က လူတွေ ပါဝင်နေပါတယ်။ သူတို့ကိုယ်တိုင်က အလားတူ လုပ်ရပ်တွေ ရှိခဲ့ရင်လည်း တာဝန်ယူမှု မရှိကြပါဘူး။


အကျဉ်းချုပ်

ဒီလို အမှုမျိုးတွေက ကမ္ဘာ့စစ်တပ်ကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ မြန်မာပြည်မှာလည်း ဖြစ်တတ်ပါတယ်။ ကွာခြားချက်က NUG က နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီအောင် အမြန်ဆုံး အရေးယူနေပြီး၊ အခြားအဖွဲ့အစည်းအချို့ PLA, နဂါးနဲ့ SRA တို့က မအလ တပ်လို ဖုံးကွယ်နေကြတာ အရေးမယူကြတာပါ။

ပြည်သူတွေ ဆိုက်ဝါးတွေကို သတိထားပြီး သတင်းကို မျှတစွာ လက်ခံနိုင်ကြပါစေ။ အမှန်တရားက မကြာခင် ပေါ်လာပါလိမ့်မယ်။ သတင်းသမားတွေလဲ အမေရိကန်စစ်တပ်နဲ့ ပြင်သစ်တပ်မှာတောင် ထိုတပ်တွင်းလူသတ်မှုများကို တရားစီရင်တာက သုံး-လေးနှစ်ကြာတယ်ဆိုတာ မမေ့ပါနဲ့။ ဘီဘီစီမြန်မာပိုင်းအနေနဲ့လဲ သင်တို့နေတဲ့ ယူကေနိုင်ငံမှာ တရားစီရင်နေချိန် အမှုကို လူတွေရဲ့ ထင်မြင်မှုမလွဲအောင် လိုက်နာရတဲ့ The contempt of court act (1981) ကို မမေ့ပါနဲ့။ ပြည်သူတွေက ယခုအမှုမှာ NUG ရဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ အခြား စစ်ဘုရင်တွေရဲ့ တာဝန်ခံမှု မရှိမှုကို အားလုံးမြင်နိုင်မှာပါ။ ဒါကြောင့် NUG အောက်က PDF အားကောင်းအောင်သာ ထောက်ပံ့ပေးကြပါ။ သင့်ငွေကြောင့် စစ်ဘုရင်တွေ၊ ကွန်မြူနစ်တွေအားကောင်းပြီး တိုင်းပြည် မီးမလောင်ပါစေနဲ့။

 
 
 

Recent Posts

See All
သတိရှိ

အားလုံးသတိရှိပါ။ မလိုအပ်ဘဲ ဖုန်းမသုံးပါနဲ့။ မိမိနေရာကို ကိုယ့်မိန်းမတောင် ပေးမသိပါနဲ့။ သတင်းသမားကိုလဲ မြေပြင်ကနေ ဖုန်းမဖြေပါနဲ့။ စစ်ရေးသတင်းဟာ လျှို့ဝှက်ရသလို မိမိကိုယ်ထိရင်တောင် ချက်ခြင်းလိုင်းပေါ် ထ

 
 
 
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page