top of page
Search

မဝေဖန်ခင် စဉ်းစားပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 31, 2021
  • 1 min read

စာရေးသူတို့လူမျိုးရဲ့ အားကောင်းတဲ့အချက်က ဝေဖန်တတ်တာပါ။ အထူးသဖြင့် ပြောလို့ရမယ် အဖမ်းမခံရဘူးဆိုရင်ပေါ့။ ငါတို့က ဒီမိုကရေစီဘဲ ဝေဖန်ရမယ် ဘာညာပေါ့။ ထိန်းကျောင်းရမယ်ပေါ့။ ဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့ စကားပုံတောင် ဖြစ်လာခဲ့တာပါ။ အချို့ဝေဖန်သူများက NLD အစိုးရမှသည် NUG အထိ ဝေဖန်တာ အလွန်တော်ပေမယ့် စစ်တပ်ကိုဝေဖန်ရာမှာတော့ နှာစေးနေတတ်ပါတယ်။ အချို့က အားလုံးကိုဝေဖန်ပေမယ့် တပ်ထဲအခေါ် အန်တီစု(anti Su) DASSK ဆန့်ကျင်သူများပါ။ သူတို့ဟာ စစ်တပ်ကိုလဲ ဝေဖန်ပေမယ့် ဒေါ်စုကို မုန်းရာမှာ စစ်တပ်နဲ့ နီးစပ်သူများပါ။တိုင်းပြည်အတွက်လဲ အရေးကြုံလာရင် တကယ်ဆန္ဒပြသူများ မဟုတ်ပါ။ နောက်မှသူတို့အကြောင်းသပ်သပ်ရေးပါ့မယ်။ ယခုဟာက ဘဏ်အကြောင်းပါ။

မြန်မာပြည်က ဘဏ်တွေအများစုက မအလတပ်နဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်။ ရှိနေဆဲပါ။ ထိုအထဲကမှ မအလအာဏာသိမ်းအပြီး အငြိုးထားတာက ဦးဇော်ဇော်ပါ။ ဘာကြောင့်လဲဆိုတော့ ဦးဇော်ဇော်ကို YBS ကိစ္စထဲက မအလတပ်က ကြည့်မရခဲ့ပါ။ သူတို့က ကွီးဖြိုးရဲ့ YBS ကို မအောင်မြင်စေချင်ပါ။သူတို့တပ်အကျိုးစီးပွါး ထိခိုက်တာလဲပါသလို NLD ကို မအောင်မြင်စေချင်တာလဲပါပါတယ်။ ဒီထက်ပိုဆိုးတာက ဦးဇောဇော်က ကိုဗစ်မှာ ဆေးရုံဆောက်တာ လှူတာတွေကို ခရိုနီတွေထဲမှာ ရှေ့ဆုံးကလုပ်ပြီး ကွီးဖြိုးတို့နဲ့ ရန်ကုန်မှာလုပ်လိုက်လို့ ကိုဗစ်ဟာ အတော့်ကိုထိန်းချုပ်နိုင်ခဲ့သလို NLD အစိုးရလဲအမှတ်တက်သွားခဲ့ပါတယ်။ ထိုအချိန်က မအလတပ်ဟာ သူ့ကို NLD အစိုးရက ကိုဗစ်အတွက်ကူဖို့ခေါ်စေချင်နေတဲ့အချိန်ပါ။ တပ်မတော်ကြီးက ကယ်တင်သည်ပေါ့။ သူ့ဂွင်ကို ဆရာဇော်ဝေစိုး၊ ကွီးဖြိုးနဲ့ ဦးဇော်ဇော်တို့က ပေါင်းဖျက်လိုက်သလို ဖြစ်သွားလို့ မအလအင်မတန် ဒေါသထွက်ခဲ့ရပါတယ်။ ဒါနဲ့မအလတပ် ကိုဗစ်မှာ ဝင်ကယ်ဖို့ ဂွင်မရှိလို့ “We are ready” ဆိုတဲ့ ဆောင်ပုဒ်လေးတွေ ရိုက်တင်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

အာဏာသိမ်းအပြီး အဖမ်းခံ အစစ်ခံရတဲ့ ခရိုနီက မောင်ဝိတ်နဲ့ ဦးဇော်ဇော်ပါ။ မောင်ဝိတ်ကဘုရားတည်တဲ့ကိစ္စ အပေးအယူရှိတယ်ဆိုပြီး ဖမ်းစစ်တာပါ။ ဦးဇော်ဇော်က နောက်ဘာမှစစ်လို့မတွေ့တာရယ် သူ့ကိုဖမ်းရင် ဘဏ်ကဏ္ဍပြိုကွဲပြီး သူ့အခြားခရိုနီတွေပါ ထိနိုင်လို့ ပြန်လွတ်လိုက်တာပါ။

မအလဟာ ဦးဇော်ဇော်ရဲ့နာမည်သတ်ဖို့ သူဥက္ကဌလုပ်တဲ့ ဘောလုံးအဖွဲ့ချုပ်ကို အတင်းလာစစ် ဓာတ်ပုံရိုက်ပြီး ဒီမိုတွေကို သွေးကွဲအောင်လုပ်တာပါ။ ဇော်ဇော်က အဲ့ဒီနေ့က ကချင်ပုဆိုးဝတ်တာကို မအလတပ်က ပြန်လဲခိုင်းခဲ့ပါသေးတယ်။ အဲ့ဒီလောက်အထိ မအလဆိုက်ဝါးက ဂရုစိုက်ပါတယ်။ ပြီးတော့မှမအလဆိုက်ဝါးအကောင့်တွေကလဲ ဒီမိုယောင်ယောင်နဲ့ ဝိုင်းဆဲပေါ့။ ဒီမိုအကောင့်စစ်စစ်တွေကလဲနောက်ကလိုက်ပေါ့။ ဒါပေမယ့် မအလဟာ KBZ က ဦးအောင်ကိုဝင်းနဲ့တော့ ဓာတ်ပုံတွဲမရိုက်ပါ။ ဘာ့ကြောင့်လဲ? စာရေးသူတို့ စစ်ဆင်ရေးလုပ်ရာမှာ တပ်တွေပြောင်းဖို့ စစ်သားတွေသယ်တဲ့ လေယဉ်လိုပါတယ်။ မအလခရီးသွားဖို့ လေယဉ်အကောင်းစားလိုပါတယ်။ မအလက တရုတ်လေယဉ်ပျံ မစီးလိုပါ။တရုတ်ကဝယ်ထားတဲ့ Y-8 လေယဉ်တွေ ၂၀၁၇ က ပျက်ကျတာ အားလုံးမှတ်မိမှာပါ။ ဒါပေမယ့် မအလတပ်ကို ဥရောပနဲ့ အမေရိကန်က လက်နက်မရောင်းချရလို့ ပိတ်ဆို့ထားလို့ ဝယ်မရပါ။ ဒါကို KBZ က အရပ်သားအနေနဲ့ နာမည်ခံဝယ်ပေးပြီး မအလကို ပြန်လွှဲပေးခဲ့ပါတယ်။ ဒီလေယဉ်တွေကိုသုံးပြီး မအလဟာ တပ်အရွှေ့အပြောင်းတွေ လုပ်နေပါတယ်။ နောက်မအလဟာ ဦးအောင်ကိုဝင်းနဲ့ တောင်ကြီးက ဘုရားပေါ်မှာ အာဏာမသိမ်းခင်တွေ့ပြီး အထွေထွေတိုင်ပင်ခဲ့ပါသေးတယ်။ ယခုရေးတဲ့အထဲမှာKBZ နဲ့ Kpay ကနေ ဒီမိုအကောင့်တွေကို မအလထောက်လှမ်းရေးထံ ဒလန်ကဲ့သို့ သတင်းပေးတာကဘဏ်စည်းကမ်းလို့ ပြောမှာစိုးလို့ ထည့်မရေးတော့ပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့ ဒီမိုတွေအနေနဲ့ အချို့ NLD ဆိုသူများကအစ မိမိတို့မဝေဖန်ခင် ရန်သူမိတ်ဆွေကို ဓာတ်ပုံတင်မဟုတ်ဘဲ မျက်စေ့တဆုံး ကြည့်နိုင်မြင်နိုင်ပါစေ။ စာရေးသူတို့အားလုံးဟာအလုပ်သဘောအရ ဘဏ်အားလုံးကို သပိတ်မှောက်လို့မရပါ။ ဥပမာ KBZ ရဲ့ Kpay ကို ရှောင်မနိုင်သေးပါ။ ဒါပေမယ့် ဘယ်သူက ခရိုနီအဆိုးဆုံးလဲဘယ်သူကတော့ သိပ်မဆိုးတဲ့ ခရိုနီလဲဆိုတာနဲ့တော်လှန်ရေးကို ချဉ်းကပ်ရမှာပါ။ နိုင်ငံခြားက စီးပွါးရေးပိတ်သူတွေကတော့ ဘယ်ဘဏ်ကို ပိတ်ရမလဲဆိုတာ သိပါတယ်။မဝေဖန်ခင် စဉ်းစားပါ။ ဆဲလိုက်ရင် ရင်ထဲမှာ ပေါ့သွားနိုင်ပေမယ့် ဆဲရုံနဲ့တော်လှန်ရေးက ပြီးမသွားပါလို့ ပြောပါရစေ။ ဒီမိုကရေစီမှာ ဝေဖန်လို့ရပါတယ်။ ဒါပေမယ့် မျက်စိဖွင့်ပြီး ဦးနှောက်နဲ့ ဝေဖန်ပါလို့ သတိပေးပါရေစေ။

 
 
 

2 Comments


Scarlet Scarlet
Scarlet Scarlet
Dec 31, 2021

ဆရာမြတ်... ဒါ​လေးတခု​တော့.. လျှာရှည်ပါရ​စေ... သုံးသပ်ချက်အားလုံးကို လက်ခံပါတယ်... ဒါ​ပေမဲ့...ဘဏ်ဝန်ထမ်း ​တွေနဲ့ပါတ်သက်လို့...​တော့ သူ့ဘဏ်ရဲ့အကြီးပိုင်း​တွေက.. CDM နဲ့ပါတ်သက်ပီး... ခြိမ်း​ခြောက်တာ​တွေ ရှိခဲ့ပါတယ်...သူမသိတာလား? မသိချင်​ယောင်​ဆောင်တာလား ဆိုတာ​တော့...သူမှဘဲသိမှာပါ.. CDM ဝန်ထမ်း​တွေကြားမှာ​တော့...​တော်​တော် ပွက်​လော ရိုက်ခဲ့တာပါ....

Like
Myat Tun Oo
Myat Tun Oo
Dec 31, 2021
Replying to

ဘဏ်တွေအားလုံး​​ အတူတူပါဘဲ။ အာဏာသိမ်းအပြီးမှာ။ ယခုက အာဏာမသိမ်းခင်ပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page