top of page
Search

မပြောချင်လို့ ကြည့်နေတာကြာပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 28, 2020
  • 1 min read

မတ်လမှာ ကျောင်းဖွင့်မယ်စာသင်မယ်ပြောတော့ ဆန္ဒစပြကြတယ်။ အဓိကက အလုပ်မလုပ်ချင်လို့ ငပျင်းတွေ။ ဒါပေမယ့် သုတေသနဘာညာပြောတယ်။ ဝင်မပြောသေးဘူး။ ကြည့်နေတယ်။ စာရေးသူကမျိုးသိမ်းကြီးပုရိတ်သတ်လဲမဟုတ်တော့ ငြိမ်နေလိုက်တယ်။

ဒါပေမယ့် ယခုတလောဆန္ဒပြတာလေးတွေကိုကြည့်လိုက် မန္တလေးက ဟိုစားသောက်ဆိုင်ကိစ္စ၊ ရန်ကုန်က ဒဂုံတက္ကသိုလ်ထဲ လမ်းမပြင်လို့ ဘစ်စကားက သူတို့လိုချင်တဲ့ လမ်းကြောင်းမှာမရှိလို့ လမ်းလျောက်တက်မယ် ဘာညာဆိုပြီး မဆူဆူအောင်လုပ်နေတာ။ သူတို့ကိုယ်သူတို့ ကျောင်းသားဆိုပေမယ့်သူတို့နောက်က ပြည်သူမပြောနဲ့ ခွေးတောင်လိုက်မဝန်းရံဘူး။

ယခုလုပ်နေတာက ယခင်ကငြိမ်နေတဲ့ အဘလက်ထက်က မလှုပ်ရဲတဲ့ ပညာရေးတက္ကသိုလ်တွေကဆိုတော့ ထူးဆန်းနေတယ်။

ဒီနေရာမှာ အစိုးရက မူဝါဒအသစ်တစ်ခုကိုချရင် ကြိုက်သူရှိသလို မကြိုက်သူရှိပါမယ်။ ဒါက သဘာဝပါ။ သုတေသန Research တွေမှာလဲ ဘယ်ဟာက ပိုအားကောင်းတယ်ဆိုတာရှိပါတယ်။

ဒီနေ့မှာတော့ DASSK ကို ဆန္ဒပြချင်းဖြင့် ထိုကျောင်းသားသမဂ္ဂတွေဟာ အဆိုးဆုံး အဝီစိအဆင့်ကိုရောက်သွားပါပြီ။ အဘကတော့ ပြုံးလို့ပေါ့။ မွေးစားရကျိုးနပ်တယ်ပေါ့။

ယခုတလော ဘစိန်ကျောင်းဖွင့်တာ၊ ယခုလို အကြောင်းမရှိအကြောင်းရှာဆူနေတာက တိုက်ဆိုင်တာမဟုတ်ပါ။

အစိုးရအနေနဲ့က ယဉ်ကျေးမှုတက္ကသိုလ်မှာဖြစ်တာမျိုး မိမိမူဝါဒကိုထောက်ခံတဲ့ ကျောင်းသားတွေကိုပွဲထုတ်ပြီး မြေတောင်မြှောက်ပေးသင့်ပါတယ်။

ဒီနေ့ဆန္ဒပြတဲ့ မိမဆုံးမ ဖမဆုံးမလေးတွေကို မပြောချင်လို့ကြည့်နေတာ ကြာခဲ့ပါပြီ။ ပြည်သူမပါရင်ရပ်မှာပါဆိုပြီးလွှတ်ထားတာ။ ယခုကတော့ အင်မတန်လွန်သွားပါပြီ။

Photo Credit: Irrawaddy

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page