top of page
Search

မေးလာသူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 5, 2020
  • 1 min read

ree

အချို့ဆက်သွယ်မေးလာသူများအတွက် ဖြေလိုက်ပါတယ်။

အာဏာသိမ်းမလား? သူသိမ်းချင်ရင် သိမ်းသွားခဲ့တာ ကြာပါပြီ။ အာဏာသိမ်းရင် သူပုန်ပါ။အကြမ်းဖက်သမားပါ။ ဘာလို့လဲဆိုတော့ တရားဝင်အစိုးရကို လက်နက်စွဲကိုင်တော်လှန်လို့ပါ။ သူနိုင်ရင်တော့ နေဝင်းလိုဖြစ်မှာပေါ့။ ရှုံးရင်တော့ အုန်းကျော်မြင့်လို သေဒဏ်အပေးခံရမှာပါ။

ယခုဟာက ၂၁ ရာစုပါ။ အာဏာသိမ်းခေါင်းဆောင်ဟာ သူပုန်ခေါင်းဆောင် အကြမ်းဖက်သမားခေါင်းဆောင်ပါ။ သူ့နောက်လိုက်တွေဟာလဲ အကြမ်းဖက်သမား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရမှာပါ။

သက်ဆိုင်ရာနိုင်ငံတွေမှာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေရဲ့ တည်နေရာ ငွေကြေးထားရာနေရာတွေ အကုန်ရှိပါတယ်။ အကြမ်းဖက်သမားခေါင်းဆောင်ရဲ့ နေရာကိုလဲ ဒုံးပျံနဲ့ ပစ်ပြီးသေဒဏ်ပေးလို့ရမယ့် အချက်အလက်တွေကို ရရှိထားပြီးသားပါ။ ယုန်လေးကို ဘယ်သူပေးတယ်ဆိုတာတောင် ပြည်သူတွေက ဖော်ထုတ်ခဲ့တာပါ။ မြောက်ကိုရီးယားကဆောက်ပေးထားတဲ့ မြေအောက်ခန်းကိုလဲ ဒုံးကျည်တွေက ဖောက်ခွင်းနိုင်ပါတယ်။ ဟာငါတို့က ပြန်ချမှာပေါ့ဆိုတဲ့သူတွေအတွက်ကဓာတ်ခဲကိုတောင်မနိုင်လို့ ဆေးလှုပ်သောက်ပါလို့ ပြောလိုပါတယ်။ အဲ့ဒီပြန်ချမယ်ဆိုသူထဲက သူ့မိန်းမဟာ သူ့ယောင်္ကျားကို ရခိုင်ပို့မယ်လို့ အမိန့်ကျချိန်မှာ ဆောက်တည်ရာမရဖြစ်ပြီး ငိုခဲ့တာ မျက်မြင်ကိုယ်တွေ့မိုလို့ပါ။

နောက်အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟာ နိုင်ငံတကာမှာ ရာဇဝတ်မှုနဲ့ အဖမ်းခံရနိုင်သူပါ။ သူဟာ ဖမ်းဝရမ်းအထုတ်ခံရနိုင်သူပါ။ ဒါကြောင့်သူသာ အာဏာသိမ်းရင် မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေလူသတ်မှု genocide တွေ မကျူးလွန်အောင် ကာကွယ်ဖို့က နိုင်ငံတကာက အလိုလိုတာဝန်ရှိသွားပါမယ်။ မဟုတ်ရင် အဆိုပါနိုင်ငံတကာအဖွဲ့တွေဟာ လူမျိုးရေးခွဲခြားသူအဖြစ် စွပ်စွဲခံရမှာပါ။

ထိုအတွက် နိုင်ငံခြားတပ်ခေါ်ဖို့ကလဲ လက်ရှိအစိုးရမှာ အကြမ်းဖက်သမားကို ဘယ်လိုခြေမှုန်းရမလဲနည်းဗျူဟာရှိပါတယ်။ စာရေးသူရဲ့ စာဖတ်သူများက အနောက်မြော်ပေမယ့် အမြန်ဝင်ကစ်မှာကအကြမ်းဖက်သမားတွေ တကယ်ကြောက်တဲ့ အခြားတပ်ဖွဲ့တွေပါ။

လက်ရှိအစိုးရဟာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်က ငွေတွေကို ဟောင်ကောင်ကဘဏ်မှာထားထားတာလဲ သိပါတယ်။ စင်ကာပူမှာထားတာလဲ သိပါတယ်။ ဒီလောက်ဆိုရပြီထင်ပါတယ်။ သိပ်မပူပါနဲ့။နိုဝင်ဘာ ၈ ရက်နေ့မှာသာ မဲပေးပြီး မိမိဆန္ဒကို ငြိမ်းချမ်းစွာဖော်ထုတ်လိုက်ပါ။


ဒီမိုတွေအနေနဲ့ စိတ်ပူရမှာက လက်နက်နဲ့ အာဏာသိမ်းတာမဟုတ်ဘဲ သူတို့လူကို NLD ထဲ ဝင်ပြီး NLD ထဲမှာ အာဏာယူတာပါ။ အဲ့ဒီလို အာဏာသိမ်းတာက ပိုလွယ်ပါတယ်။ အန္တရာယ်ကင်းပါတယ်။ ယခင်ကလဲ ရေးခဲ့ပြီးသားပါ။ အချို့စံပြုထိုက်တဲ့ သတင်းသမားတွေက စာရေးသူမဖော်ထုတ်ခင် ရေးသားလို့လဲ ကျေးဇူးပါ။ NLD မှာလဲ အဲ့ဒါအတွက် plan ရှိပြီးသားလို့ ထင်ပါတယ်။


ဒီလောက်ပါဘဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Albert Wint
Albert Wint
Nov 06, 2020

ဘုန်းကြီးလောကမှာ ဝိနည်း လူလောကမှာ စည်းကမ်း ဥပဒေတွေပေါ့နော် သိပ်ကောင်းတဲ့ရှင်ပြချက်ပါ ကျေးဇူးတင်ပါ၏ဆရာခင်ဗျား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page