top of page
Search

မှန်လုံကားမှပြောသော ဝဋ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 2, 2022
  • 1 min read

မအလတပ်ဟာ အရပ်သားတွေကို လူသားဒိုင်းသုံးတာ အားလုံးသတိထားမိမှာပါ။ ဒီမိုတပ်တွေက ပြည်သူတွေမထိခိုက်အောင် တပ်တိုက်လို့ သူတို့က ပြည်သူကို အကာအကွယ်ယူတာ အားလုံးသိမှာပါ။ ဒီနေရာမှာ ယခုရက်ပိုင်းခေတ်စားတဲ့ မှန်လုံကားသမိုင်းကို လေ့လာရအောင်။

စစ်တပ်ဟာ မှန်လုံကားကို ဆန္ဒပြသူတွေဖမ်းရာမှာ စသုံးခဲ့ပါတယ်။ အားသာချက်က လူတွေက သာမန်ကားသာထင်ပြီး မပြေးကြလို့ သူတို့က အသာစီးရဖမ်းနိုင်ခဲ့ပါတယ်။ ဒါကလက်နက်မပါတဲ့ အရပ်သားတွေကိုပါ။ ဒါ့အပြင် မြို့ပေါ်က UG တွေရဲ့စခန်းတွေကို ဝင်စီးရာမှာလဲ သုံးခဲ့ပါတယ်။ ပြည်သူတွေကစစ်ကား၊ ရဲကားကို စောင့်ကြည့်ချိန်မှာ သူကအရပ်သားကားနဲ့ ရောက်ချလာလို့ အငိုက်မိသွားတဲ့သဘောပါ။ ဒါကို အဘတွေက အလွန်သဘောကျပြီး ဂုဏ်ယူစွာပြောလေ့ရှိပါတယ်။

မအလတပ်ဟာ အဆိုပါမှန်လုံကားတွေကို မြို့ထဲမှာ သုံးရာကနေ အတင့်ရဲလာပြီး ရန်သူ့နယ်တွေမှာလဲသုံးလာခဲ့ပါတယ်။ ပထမက စစ်ဆင်ရေးသွားရာမှာ သုံးတာပါ။ သူတို့တွက်တာက မိုင်းထောင်ရင် စစ်ကား၊ ရဲကား တံဆိပ်တတ်ထားရင် အပစ်ခံ၊ မိုင်းဆွဲခံရနိုင်ပြီး အရပ်သားကား၊ ဘုန်ကြီးကားဆို လွတ်မယ်ဆိုတာပါ။ အဆိုပါယူဆချက်က မှန်သင့်သလောက်မှန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ PDF ကသတင်းထောက်လှမ်းမှု အားကောင်းလာပြီး အတိအကျ မိုင်းဆွဲချိန်မှာ သူကမိုင်းထိရင် စစ်ကားလိုမဟုတ်ဘဲ အလုံပိတ်မိုလို့  ပြေးပေါက်ပိတ်ပြီး အသေများခဲ့ပါတယ်။

အခြားအချက်ကတော့ အောက်ခြေက တပ်ရင်းမှူးတွေက မြဝတီကြည့်တာ များသွားလို့ပါ။ သူတို့ကတကယ်တိုင်းပြည်အေးချမ်းတယ်ထင်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ မွန်ပြည်နယ်မှာ သွားလာရကနေဟိုကဝိုင်းပစ်ချိန် အစုလိုက်အပြုံလိုက် သေသွားကြတာပါ။ မှန်လုံကားက လက်ပစ်ဗုံးဝင်သွားရင် ပြေးချိန်မရဘဲ သေသွားကြပြီး အသေအပျောက်များသွားကြတာပါ။ ဒါကြောင့် နောက်ဆုံးမှာ စစ်ရုံးချုပ်ကနေ ကားသုံးဖို့ကိစ္စကို စာထုတ်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တာပါ။

အကျဉ်းချုပ်ရရင် လက်နက်မဲ့အရပ်သားတွေကို ဖမ်းရာကနေ အသုံးတည့်ပြီး စသုံးခဲ့တဲ့ မှန်လုံကားဟာ မအလတပ်ကို မသာပေါ်စေတဲ့ မှန်လုံကားဖြစ်လာပြီး သွေးကြွေးကို ဆပ်နေရပါပြီ။ မှန်လုံကားကဝဋ်ကြွေးကို ဆပ်နေရတာကို ပြနေတာပါ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page