top of page
Search

မြန်မာပြည်ရဲ့ အဆိုးထဲကအကောင်း ကံကောင်းခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 3, 2020
  • 1 min read

ဒီ COVID 19 ဟာ ကမ္ဘာ့ကပ်ရောဂါပါ။ ဒါကြောင့် မြန်မာပြည်ကိုလဲ ရောက်မှာဖြစ်ပြီး ကူးသူ သေသူ ရှိနိုင်ပါတယ်။ စီးပွါးရေးအရ အကျိုးသက်ရောက်မှုလဲ ရှိနိုင်ပါတယ်။ အဲ့ဒီအဆိုးထဲက အကောင်းကဘာလဲ?

ဒီရောဂါကို တိုက်ဖျက်ရာမှာ ခေါင်းဆောင်မှုက အရေးကြီးပါတယ်။ ဒီမိုကရေစီမှာ အများစုနိုင်သူကအစိုးရဖွဲ့ထားတာပါ။ ဒီအချိန်မှာ အမေရိကန်က ထရမ့်၊ အင်္ဂလန်က ဂျွန်ဆင်တို့ပေါ့။

သူတို့ဟာ မဲ ၅၀% သာသာနဲ့ နိုင်လာလို့ ထရမ့်ဆို ၄၈% နဲ့သာ နိုင်လို့ လူတွေဟာ ပါတီစွဲအရ သူပြောတာကို လေးစားစွာလိုက်နာဖို့ အားနည်းပါတယ်။ စာရေးသူတို့ တိုင်းပြည်မှာတော့ DASSK က အမျိုးသားခေါင်းဆောင်လိုဖြစ်နေပြီး ၇၅% ကျော်နိုင်ထားလို့ အများစု ပြည်မမှာ သူ့စကားနားထောင်ပြီး လွယ်ကူစွာလိုက်လုပ်နိုင်ပါတယ်။ စာဖတ်သူများ စဉ်းစားကြည့်ပါ။ သင်တို့အနေနဲ့ ဘရွှေကပြောတာကို လိုက်လုပ်ဖို့များမှာလား၊ DASSK ကပြောတာကို လိုက်လုပ်ဖို့များမလား? ဒါက ပထမအချက် ပြည်သူ့ကိုလွှမ်းမိုးနိုင်မှုပါ။ သေနတ်မပါဘဲ ပြောတာနော်။

နောက်မြန်မာပြည်မှာ ရန်ကုန်မြို့မှာဘဲ YBS လို လူအများကိုပို့ဆောင်တာရှိပြီး မန္တလေးမှာတောင် မဖွံ့ဖြိုးသေးလို့ မရှိပါ။ YBS ဟာ စင်္ကာပူက MRT လောက်လူမများသလို နယူးယောက်နဲ့ လန်ဒန်ကမြို့ပတ်ရထားတွေလောက် လူမသယ်နိုင်ပါ။ ဒါကြောင့် လူစုလူဝေးနေရာ နည်းပါတယ်။

တတိယက မြန်မာပြည်ကို ဘင်္ဂါလီကိစ္စအနောက်တိုင်းက စီးပွါးရေးပိတ်ဆို့ရာက ဥရောပနဲ့ အမေရိကန်က ကမ္ဘာလှည့်ခရီးသည်တွေမလာလို့ အလိုလို ဥရောပကနေကူးဖို့ နည်းသွားခဲ့တာပါ။ လူအများကတရုတ်ကိုကြောက်ပေမယ့် စဖြစ်ချိန်မှာ တရုတ်က သူ့တိုင်းပြည်ထဲ Lockdown ချလိုက်လို့ ထွက်တာနည်းသွားခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကားက စဖြစ်ချိန်မှာ မလုပ်ခဲ့လို့ သူ့နိုင်ငံသားတွေကနေ အပြင်ကို ပျံ့ပါတယ်။ ဒါကြောင့် ယခုပိုးတွေ့သူအများစုဟာ တရုတ်ကမဟုတ်ဘဲ ဥရောပနဲ့ အမေရိကန်ကဖြစ်နေတာပါ။

နောက်ကံကောင်းတာက ဟိုဆရာ ဆရာမတွေ ဆန္ဒပြလို့ ဧပြီကျောင်းဖွင့်မှာ မဖွင့်တော့ဘဲ ကလေးတွေက နွေရာသီကျောင်းပိတ်ရက်မိုလို့ ဇွန်လမှ ဖွင့်မှာမိုလို့ အလိုလို ကံကောင်းသွားတာပါ။ နိုင်ငံခြားမှာကျောင်းပိတ်ရပါတယ်။ စာရေးသူတို့ဆီမှာက နွေရာသီမိုလို့ ပိတ်ပြီးသားပါ။ ဒါက မတ်လထဲက ပိတ်ထားလို့ ကျောင်းတွေက partial lockdown ဖြစ်ပြီးသားပါ။

ကံကောင်းတာ နောက်တစ်ခုက မြန်မာပြည်မှာ အသက်ရှည်သူနည်းတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုအရ အမျိုးသားပျှမ်းမျှအသက်ဟာ ၆၄.၆နှစ်ဖြစ်ပြီး အမျိုးသမီးက ၆၈.၉ပါ။ COVID 19 ကအမျိုးသားတွေကို အသေအပျောက်များစေသလို အသက်ကြီးသူ ၆၅ နှစ်အထက်မှာ အသေများပါတယ်။ သူက ၇၀ အထက် လူတစ်ရာဖြစ်ရင် ၈ ယောက်သေပါတယ်။ ၈% ပါ။ ၈၀ အထက်ဆိုရင်၂၁.၉% ပါ။ ၁၀၀ ဖြစ်ရင် ၂၂ ယောက်နီးပါး သေပါတယ်။ မြန်မာပြည်မှာက လူအများဟာ ၇၀ မတိုင်ခင် သေသွားကြလို့ COVID 19 ကြောင့် ထပ်သေဖို့လူ မကျန်တော့ပါ။ အီတလီ၊ ဥရောပနဲ့ အမေရိကားမှာက အသက်ကြီးသူတွေများပါတယ်။

နောက်ဒီရောဂါက ဆီချိုသမားတွေ၊ ပန်းနာရင်ကျပ်၊ နလုံးရောဂါသမားတွေ၊ ကင်ဆာဆေးသောက်နေရသူတွေမှာလဲ အသေများပါတယ်။ သူတို့ဟာလဲ နိုင်ငံခြားမှာ ဒီရောဂါတွေနဲ့ အသက်ရှည်ပေမယ့်မြန်မာပြည်မှာက ဆင်းရဲသားအများစုက သူတို့လောက် ဒီရောဂါတွေနဲ့ ၇၀-၈၀ အထိ အသက်ရှည်မနေပါ။ အနည်းစုတော့ရှိမှာပါ။ စာရေးသူက အများစုကို ပြောပြတာပါ။

အခြားစီးပွါး​ရေးအရ ကံကောင်းတာတွေ လူမှုရေးအရ ကံကောင်းတာတွေကိုတော့ နောက်မှရေးပါ့မယ်။

စဖတ်သူများအားလုံး မလိုအပ်ဘဲ လမ်းပေါ်မထွက်ဘဲ အိမ်ထဲမှာနေပြီး လက်ဆေးခြင်းဖြင့် COVID 19 ကို ပူးပေါင်းပါဝင်တိုက်ဖျက်ကြပါစို့။

data source: world bank, WHO, CDC, NEJM

(မှတ်ချက်၊ တတ်သိဆေးပညာ ကူးဆက်ရောဂါ အထူးကုဆရာဝန်များ(Infectious Disease Consultant၊ပြည်သူ့ကျန်းမာရေး ဆရာဝန်များ Public Health consultant များက ဆေးပညာဆိုင်ရာ အချက်အလက်များ ရေးသားပြီး စာရေးသူမှ နိုင်ငံရေးအမြင်ဖြင့် တည်းဖြတ်ပါသည်)

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page