top of page
Search

မီဒီယာပညာ၊ သတင်းစစ်ပွဲနှင့် သင့်ကံကြမ္မာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 26, 2020
  • 1 min read

မနေ့ညက ကျန်းမာရေးက ရောဂါဖြစ်တဲ့လူနာ အရေအတွက်ကို ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ တွဲတင်ပေးခဲ့ပါတယ်။ အဲ့ဒီကနေ စာရေးသူတို့ သတင်းရေးကြည့်ရအောင်။


ပထမက ရောဂါဖြစ်သူအရေအတွက်ပါ။ ဗီယက်နမ်က စုစုပေါင်း ၃၂၇၊ မြန်မာက ၂၀၆၊ လာအိုက ၁၉ယောက်၊ စင်ကာပူက ၃၂,၃၄၃၊ ထိုင်းက ၃၀၄၅၊ ကမ္ဘောဒီးယားက ၁၂၃၊ အင်ဒိုနီးရှားက ၂၃၁၆၅၊ မလေးရှားက ၇၆၀၄ ပါ။


ဒါကိုစာရေးသူက မြန်မာက စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားထက်တောင်ရောဂါဖြစ်သူဦးရေနည်းတယ်လို့ပြောရင် NLD ထောက်ခံသူတွေက ကြိုက်မှာပါ။ တချိန်ထဲမှာ အဘတနဲ့ဖွတ်က မင်းတို့ကလာအိုနဲ့ ကမ္ဘောဒီးယားထက်များတယ် ဘာညာနဲ့ ပြောနိုင်ပါတယ်။ ဒါ့အပြင်အစိုးရကို ကြံဖန်မကောင်းပြောလိုသူ ဆရာကြီးလုပ်လိုသူကလဲ မင်းတို့ကဘယ်လောက်စစ်လို့လဲဆိုပြီး ဖောင်းထုပါမယ်။ ဒါကအပေါ်ကရေးပြထားတဲ့ အမှန်အကန် အချက်အလက် data ပေါ်မူတည်ပြီး လူတွေရဲ့ မိမိထောက်ခံသူပေါ်မှာမူတည်ပြီး အမြင်မတူတာပါ။


ဒါပေမယ့် လာအိုက လူဦးရေ ၇ သန်းလောက်သာရှိတာပါ။ ဒါဆို လူဦးရေ တစ်သန်းမှာ ရောဂါဘယ်နှစ်ယောက်ဖြစ်လဲလို့ကြည့်ရင် စင်ကာပူက ၅၅၃၃၊ မလေးရှားက ၂၃၅၊ အင်ဒိုနီးရှားက ၈၅၊ ထိုင်းက ၄၄၊မြန်မာက ၄၊ ဗီယက်နမ်က ၃၊ လာအိုက ၃ ပါ။ ဒါဆိုရင်မြန်မာက လူတစ်သန်းမှာ ရောဂါဖြစ်သူဟာ လာအိုနဲ့ ဗီယက်နမ်ထက်များပေမယ့် အခြားနိုင်ငံတွေထက် နည်းတာတွေ့ရပါတယ်။ ဒါက စာဖတ်သူများက လာအိုနဲ့ ဗီယက်နမ်ဟာ ကွန်မြူနစ်ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်က မြန်မာလောက်မရှိဘူးဆိုတာကိုသိတဲ့ကြားက ယုံခဲ့ရင်ပါ။ ဒါကို ကျန်းမာရေးအတွက် တစ်ဦးချင်းပျှမ်းမျှအသုံးစာရိတ်ပါ ထည့်တွက်ရင် မြန်မာက သူတို့သုံးတဲ့ငွေထက်နည်းပြီး ပိုထိရောက်နေတာတွေ့ရပါတယ်။ မြန်မာပြည်က စစ်အစိုးရလက်ထက် ကျန်းမာရေးအသုံးစာရိတ်ကို လာအိုလောက်တောင် မသုံးခဲ့ဘူးဆို အံ့ဩသွားမလား။


ဒါပေမယ့် NLD ကို ထောက်ခံတဲ့ မီဒီယာကလဲ သူကောင်းတယ်ထင်တာကနေ ရေးမှာဖြစ်သလို ဖွတ်နဲ့အဘတ မီဒီယာကလဲ ယခင်ကရေးခဲ့သလို လာအိုက ရောဂါဖြစ်တာနည်းပြီး မြန်မာကများတာလဲဆိုပြီး ဖွမှာပါ။ ဒါဆို BBC VOA RFA ကို ဗီယက်နမ်ကွန်မြူနစ်ပါတီကပြောတာကိုလက်ခံပြီး ဗီယက်နမ်ကလူတွေကို ယူကေနဲ့ အမေရိကန်မှာ Q မဝင်ဘဲ လက်ခံမလားဆို နိုးပါ။


ယခုအချိန်အထိ ဗိုလ်ချုပ်ကျော်ဆွေဘာဖြစ်လဲ၊ ကာကွယ်ရေးဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း သက်တမ်းတိုးတာကို ဘယ်မီဒီယာကမှ မမေးပါ။ မမေးရဲပါ။


အချို့ကိစ္စတွေမှာ သတင်းစစ်ပွဲအနေနဲ့ ဖွတတ်ပါတယ်။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။


News source: MOHS, worldometer

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


U Myint Soe Oo
U Myint Soe Oo
May 27, 2020

ဦးမြတ် ! ဖြည့်စွက်ချက် ထပ်ရေးပါရစေ။ ဝယ ဓမ္မာ သင်္ခါရာ သင်္ခါရာ = ကံ စိတ် ဥတု အာဟာရ အကြောင်းတရားများက ပြုပြင်၍ပေါ်လာရသောရုပ် အာရုံ နှင့် ဒွာရ ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာရသော နာမ် မျက်စိ + အဆင်း >>မြင်သိစိတ် နား + အသံ >> ကြားသိစိတ် ရုပ်နာမ် ( သဘော/တရား) = ဓမ္မ ရုပ်နာမ်ဓမ္မ. သင်္ခါရ ပေါ်လာသော (ရုပ်နာမ်)ဓမ္မမှန်သမျှ စင်စစ် (ဧကန်မုချ မလွဲမသွေ) ပျက်၏။ အနိစ္စ ဝတ သင်္ခါရာ ။ ပျက် {တတ် } သည်ဟု ရေးမိ၍ တတ်ကိုဖြုတ်၍ ပျက်၏ ဟူ၍ ဖတ်ရှုပေးပါရန်။

Like

U Myint Soe Oo
U Myint Soe Oo
May 27, 2020

ဦးမြတ် ! MEDIA. & MEDIUM Media =လူထုဆက်သွယ်ပြန်ကြားရေးကဏ္ဍနှင့် နည်းလမ်းများ Medium=ကြားခံနယ် ငယ်စဥ်က ကြေးမုံ လုပ်သား မြန်မာ့အလင်း သတင်းစာများသည် မီဒီယာအဖြစ်တည်ရှိခဲ့၏။ အစိုးရအာဘော်နှင့်အညီ ဖော်ပြရပါသည်။ သတင်းစုံသိချင်ရင် နိုင်ငံခြားအသံလွှင့်ဌာနများမှ မြန်မာဘာသာဖြင့်လွင့်ထုတ်မှုကိုသာ အားကိုးနားထောင်ခဲ့ရပါသည်။ကလေးတွေအတွက် တေဇ ရွှေသွေး စာစောင်များနှင့် ရွှေဂေါင်းပြောင် ကြံဗဟုံး -----/ လူလတ်များအတွက် စံရွှေမြင့် စသည်တို့ရှိခဲ့ပါသည်။ မြို့နယ်အဆင့်မဟုတ်သော နယ်မြို့လေးတွေမှာ သတင်းစာကို (နေ့ချင်းမဟုတ်)ရက်ကျော်ဖတ်ရပါသည်။ တေဇ ရွှေသွေးဖတ်ချင်ရင် အမေ လစာသွားထုတ်ချိန် တောင်ငူမြို့ စပို့ဆင်ဒီကိတ်က ဝယ်လာမှ မြို့လှ(ရေတာရှည်မြို့နယ်)က သားသမီးများ သူဦးကိုယ်ဦး အပြိုင် လု ဖတ်ခဲ့ရပါသည်။ အရေးအကြောင်းဆိုလျှင်(ဆက်သွယ်မှုမြန်ဆန်စေရန်အတွက်)ရဲစခန်းမှ တယ်လီဖုန်းကိုသာ သုံးစွဲခဲ့ရပါသည်။ ယခုတော့ ဒီလို မဟုတ်ပြီ။ အိမ်ထဲမှာနေပြီး ဘာအကြောင်းသိချင်လဲ? ဖန်သားပြင်ပေါ် လက်ကလေးနဲ့ ထိ တောက် လိုက်ရုံမျှ ဖြင့် အကောင်းအဆိုး အမျိုးမျိုးသော သောင်းပြောင်းထွေလာ သိချင်တာမှန်သမျှ သိ ခွင့်ရနေပါပြီ။ အကြောင်းမှန်သမျှ သိရန် (media)အတွက် ကြားခံပစ္စည်း(medium)သည် ခေတ်သစ်ဆက်သွယ်ရေးနည်းပညာအခြေခံ မိုဘိုင်းလ်ဖုန်း တစ်လုံး လက်ထဲရှိရုံမျှ ဖြင့် စေလိုရာသို့စေ။ကောင်းကျိုးဖော်မှာလား ? ဆိုးကျိုးပေါ် ညှော် အောင် ရှို့ ချင်သလား? သုံးသူ၏ လက်ထဲမှာ။ သင့်လျော်၏ မတော်၏ တည်းဖြတ်သူ အယ်ဒီတာမလို။ မရှိ ။ ဒါ့ကြောင့်လည်း ဖွဘုတ်ဟု အမည်သညာ ခေါ်စရာ ပေါ်ထွက်လာရပါသည်။မလိုလျှင် မလိုသလို / လိုလျှင် လိုသလို ညစ်နိုင် ဖြစ်နိုင်ပါသည်။ ကာလ ဒေသ ပယောဂ အပေါ် အခြေခံ ဟုတ်တိုင်းမှန် ပကတိ အခြေအမြင်နှင့် ရှုမြင်မှသာ အစွန်းမကပ် #အလယ်လမ်း#(အများစု နှုတ်တက်ဆောင်နေ ရနေ ပြောနေကြသည့် #မဇ္စျိမပဋိပဒါ#)။ MEDIUM = အလယ် အလတ် ကြားကျကျ(နောက်အဓိပ္ပါယ်)။ သက်သေပြချက် >>ကျွန်တော် / ကျမတို့နဲ့ တော်မယ့် medium size များရှ…

Like

naynanmyint629395
naynanmyint629395
May 27, 2020

ရောဂဖြစ်နှုံး ကို ရာခိုငိ နှံ ုး

percentage နဲ့ပြပေးဖို့ ရေးပေးပါးဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page