top of page
Search

မြောက်ဒဂုံကပြောသော တရားဥပဒေစိုးမိုးမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 7, 2020
  • 1 min read

စာရေးသူတို့က သူရဦးအောင်ကိုတို့လို အတွင်းသိမိုလို့ သူက တရားဥပဒေ ဘာကြောင့် မစိုးမိုးလဲ ပြောရာမှာ ချက်ခြင်း နားလည်လက်ခံပေးနိုင်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ခြေဥအရ ပထရဝန်ကြီးက သမ္မတအောက်မှာရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။ ဒါပေမယ့် ထိုဝန်ကြီးကို ဘာကြောင့်မှမပြောဘဲဖြုတ် နောက်လူကိုခန့်လုပ်နိုင်တာဟာ ခြေဥအရ တပ်ချုပ်ပါ။ ထိုခြေဥအရဘဲ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲဟာ တပ်ချုပ်လို့ ခြေဥမှာရေးထားတာ တွေ့ရပြန်ပါတယ်။ ဒီပြည်ထဲရေးဟာ V ကိစ္စမပေါ်သလို ဝီဝီ့လဲ မမိ၊ ဘူးလက်ကပျောက်၊ အောင်ဝင်းခိုင်က လွတ်နေပြန်ပါတယ်။ ဒါတင်မဟုတ် ရခိုင်မှာ ကမ္ဘာကျော်ဖြစ်တဲ့ကိစ္စကိုICOE က ရှာဖွေတွေ့ရှိပေမယ့် ပြည်ထဲရေးက မသိတာဟာလဲ စိတ်ဝင်စားစရာပါ။

မြောက်ဒဂုံရဲ့ ၃၅ ရပ်ကွက်နဲ့ ပင်လုံလမ်းဟာ အင်မတန်စည်ကားပါတယ်။ ဒီလိုနေရာမျိုးမှာ ဟောင်ကောင်က အက်ရှင်ကားဆန်ဆန် ဓားပြဝင်တိုက်ရုံမက မိုင်းပါထားသွားတာက အက်ရှင်လွန်တယ် ပေါကားဆန်တယ်လို့ ထင်ပါတယ်။ ပုံမှန် ဓားပြလောက်ဆို ရဲသာလာရမှာဖြစ်ပေမယ့် သူကဗုံးပါထောင်သွားလို့ ဒီဓားပြတွေရဲ့ပေးချင်တယ် သတင်းစကားက မြောက်ဒဂုံပင်လုံလမ်းမှာတောင် တပ်မတော်လိုတယ်ဆိုတဲ့ သတင်းစကားပါ။ ဗုံးထောင်တာကို ဖြုတ်ဖို့ မိုင်းရှင်းတဲ့အဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ကိုယ်တိုင် လာတာကိုလဲ ကျေးဇူးတင်ရမလိုပါ။ သတင်းသမားတွေကလဲ တပ်မတော်သားတွေလာတာကို ဓာတ်ပုံတွေရိုက် မှတ်တမ်းတွေတင်ကြပေါ့။

ဒီနေရာမှာ စာဖတ်သူတစ်ယောက်က စာရေးသူက သမ္မတကြီးကို ပြည်ထဲရေးဝန်ကြီးနေရာကို မခန့်ဘဲထားဖို့ အကြံပေးစဉ်က သူတို့က နိုင်ငံတော်လို အမှုကြီးတွေလုပ်ပြီး ပြည်ထဲရေးဝန်ကြီးမရှိလို့ ဖြစ်ရပါတယ်ဆိုရင် ဘယ်လိုလုပ်မလဲဆရာဆိုပြီး မေးထားပါတယ်။ ပုံမှန်မှာဆိုရင် သူခိုးဓားပြများတယ် မနိုင်တော့ဘူး ကာလုံခေါ် စစ်အုပ်ချုပ်ရေးကြေညာပေါ့။ တိုင်းပြည်ချောက်ထဲကြဖို့ လက်နှစ်လုံးအလိုမှာဘာညာပေါ့။ ဒါပေမယ့် ၂၁ ရာစုမှာက ဒီထက်ကောင်းတာတွေ လုပ်လို့ရလာပါတယ်။ ဥပမာရာဇဝတ်မှုတွေများလာပြီး မနိုင်တော့ရင် အီးယူကို အကူအညီတောင်းပြီး တရားဥပဒေစိုးမိုးဖို့ အစိုးရက နိုင်ငံခြားကရဲတွေခေါ်တာမျိုး၊ တရုတ်၊ အိန္ဒိယက ရဲတွေခေါ်ပြီး ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ပြောတာမျိုးတွေ လုပ်နိုင်သလို ICJ မှာ လက်ရှိခြေဥအရ တရားဥပဒေစိုးမိုရဖို့ နိုင်ငံခြားကရဲတပ်ဖွဲ့ကို လိုတယ်လို့ တင်ပြနိုင်သလို အစိုးရက အစိုးရချင်းကုလလုံခြုံရေးကောင်စီကို မဖြတ်ဘဲ နိုင်ငံခြားရဲ (သို့) တပ်ကို ခေါ်လို့ရပါတယ်။ ဒါကိုဖြတ်တိုက်ရဲရင်လဲ လုပ်လိုက်ပါ။ ပြည်သူ့စစ်မဟာဗျူဟာက ပြည်သူပါမှ ရပါတယ်။ ဒါက အဆုံးစွန်ပါ။

ယခင်ကဆိုရင်တော့ အမေရိကန်ဟာ ဆဒန်ဟူစိန်ကိုဖမ်းလိုရင် ဖဉ်ရှားလိုရင် အီရတ်တစ်နိုင်ငံလုံးကိုသိမ်းခဲ့ရပါတယ်။ လစ်ဗျားမှာလဲ ထို့အတူပါဘဲ။ ဒါဟာ ထရမ့်တက်ချိန်မှာ မမှန်တော့ပါ။ မြန်မာပြည်ရဲ့အဖြစ်က အီရန်နဲ့ ပိုတူပါတယ်။ အီရန်မှာ ရွေးကောက်ခံသမ္မတရှိပေမယ့် တပ်ကိုအုပ်ချုပ်တာက ဘုန်ကြီးခိုမေနီနဲ့ သူ့အောက်က အထူးတပ်ဖွဲ့တပ်ချုပ်ဆူလမာနီပါ။ အမေရိကန်ရဲ့ ဥပဒေအရ ရွေးကောက်ခံသမ္မတကို ဘာမှမလုပ်ဘဲ ဗိုလ်ချုပ်ဆူလမာနီကိုသာ ပစ်သွားတာဟာ ၂၁ ရာစုမှာ ပြည်သူမနာဘဲဘယ်လိုပြောင်းလဲနိုင်လဲဆိုတာကို ထရမ့်က အလင်းပြသွားခဲ့ပါတယ်။ လူတစ်ယောက်ို ICC မှာစွဲချက်တင်ရင်လဲ ဝရမ်းပြေးကို ပစ်ဖမ်းသလိုဖမ်းလို့ရလာနိုင်ပါတယ်။

ဒါကြောင့်ဆက်မိုက်နေရင်တော့ ဗိုလ်ချုပ်ဆူလမာနီနောက်လိုက်သွားရနိုင်တယ်လို့ ပြောပါရစေ။အားလုံး DASSK ရှိချိန်မှာ လိမ္မာစွာနဲ့ ပြုပြင်ပြောင်းလဲတာဟာ အကောင်းဆုံးပါလို့ ပြောလိုပါတယ်။ယခုခေတ်မှာ တိုင်းပြည်မနာဘဲ ဘယ်လိုပြောင်းလို့ရသလဲဆိုတာကို ထရမ့်က ကမ္ဘာကို ပြခဲ့လိုက်ပါပြီ။


photo Source: UN, Eleven News

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Feb 08, 2020

အကြိုက်ဆုံးစကားကတော့ အမေစုရှိချိန်မှာပြင်ကြပါ ဆက်မမိုက်ကြပါနဲ့တော့ တိုင်းပြည်လည်းနာနေပါပြီ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page