top of page
Search

မိုးကျတော့ မရွေးပါနဲ့မေမေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 5, 2020
  • 1 min read

ree

၂၀၂၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ပါတော့မယ်။ NLD ကိုဘဲ ထောက်ခံမှာပါ၊ တပ်ပြင်ထွက်ပြီးလဲ မဲပေးလို့ရမှာမိုလို့ ယခင်က NLD ကိုပေးပြီး ယခုမဲမပေးသူအချို့နဲ့ တပ်ထဲက NLD ကိုထောက်ခံမယ့်မဲဆန္ဒရှင်အသစ်နဲ့က ပြန်ပြီး မျှခြေဖြစ်သွားမှာပါ။ NLD ဘဲ ၂၀၁၅ကလို နိုင်မယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ အမတ်နေရာအချို့ကို မိုးကျရွေးချင်ရင် ရွေးနိုင်ပေမယ့် တိုင်းပြည်နယ် ဝကခတွေကိုတော့မိုးကျမရွေးဖို့ တောင်းပန်ပါရစေမေမေ။


ree

ဘာလို့လဲဆိုတော့ မိုးကျဆိုရင် ကျွန်တော့်ကိုတောင် မရွေးပါနဲ့လို့ အပြတ်ပြောပါရစေ။


ကျွန်တော်လဲ မလုပ်နိုင်ပါ။ ကျွန်တော်တို့က သင်တန်းက ဆင်းလာကထဲက ရန်သူဆိုရင် တိုက်ရမယ်လို့ဘဲ သင်ပေးထားလိုက်လို့ပါ။ နောက်ကျွန်တော်တို့က သဘောထားကွဲသူကို လက်မခံနိုင်ပါဘူးမေမေ။သဘောထားကွဲရင် Facebook မှာတောင် ဘန်းလိုက်ပါတယ်။ အပြင်မှာတော့် ဆွဲထိုးမိမှာပါ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီရဲ့ သဘောထားအချို့ကို အရပ်သားတွေလောက်မသိပါဘူး။ နိုင်ငံရေးလဲ နားမလည်ပါဘူးမေမေ။ သားတို့က debate အငြင်းအခုံလုပ်ပြီး ကြီးပြင်းလာတာမဟုတ်ဘဲ အမြစ်ပြတ်သာချေမှုန်းဖို့ ကြိုးစားတတာပါတယ်။ ဒါကြောင့်လဲ လွှတ်တော်ထဲမှာ လူထုမကြိုက်တာတွေ ထပြောနေတာပါ။ ကြောက်လဲ ကြောက်တတ်ပါတယ်။


အမေ့ရဲ့ ပြန်လည်ရင်ကြားစေ့ရေးမူကို နားလည်သဘောပေါက်ပါတယ်။ ၂၀၁၀ ရှေ့ပိုင်းပြန်ပြီး အရေးမယူလိုတာလဲ သားနားလည်သလို ၂၀၁၅ အရှေ့ပိုင်းအထိ အာဃာတ မထားတာလဲ သားနားလည်ပါတယ်။ ဒါပေမယ့် ၂၀၁၅ နောက်ပိုင်းကိစ္စတွေဆိုရင် ကိုင်လိုက်ရမှ ကျေနပ်တယ်အမေ။ ယခုလို ညွှန်ချုပ်တွေ၊ V ကိစ္စတွေကို ထိုင်ကြည့်မနေချင်ပါ။ သားကအမေ့ကိုထောက်ခံပေမယ့် သာဝန်ကြီးလိုပါ။နဂိုစိတ်အခံရှိလို့ ရန်သူဆို တိုက်ချင်ပါတယ်အမေ။


NLD အနေနဲ့ ၂၀၂၁မှာ အရပ်သားတွေ ခရိုနီနဲ့ မပတ်သက်သူတွေကို ရဲရဲကြီးသာ နေရာပေးလိုက်ပါမေမေ။ သူတို့ကို မစိုးရိမ်ပါနဲ့။ အကောက်ခွန်မှာတောင် လေယဉ်မောင်းသူက ညွှန်ချုပ်လုပ်တဲ့ခေတ်ကြီးမှာ အရပ်သားကမှ အခွန်ရဲ့ လစ်ဟာချက်တွေကို ပိုနားလည်နိုင်မှာပါမေမေ။ အရပ်သားတွေကိုဝန်ကြီးရာထူးတင်မဟုတ်ဘဲ ညွှန်ချုပ်အဆင့်ကို အထူးအရာရှိအနေနဲ့ နောက် NLD အစိုးရ ငါးနှစ်သက်တမ်းကို ခန့်ပါမေမေ။ ဒါဆိုရင် အနီးကပ်ကြီးကြပ်လာနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ဖားကောက်နေသလိုပါ။ ဝန်ကြီးတစ်ယောက်ဟာ စူပါမင်းမဟုတ်လို့ ဌာနတိုင်းကို လိုက်မကြည့်နိုင်ပါမေမေ။ အမေရိကန်က ညွှန်ချုပ်တွေဟာ နိုင်ငံရေးရာထူးဖြစ်ပြီး အမေနေထိုင်ခဲ့တဲ့ အင်္ဂလန်က မြန်မာပြည်နဲ့ စနစ်တူလို့ ပြန်ထမ်းဝန်အရာရှိကို မဖြုတ်ဘဲ အထူးအရာရှိခန့်ပါတယ် မေအေ။


အကျဉ်းချုပ်ရရင် အမေခန့်လိုသူ ရွေးလိုသူကိုခန့်ပါ။ လက်ရှိသာဝန်ကလွဲရင် မိုးကျတွေကို ဝန်ကြီးအဆင့်က လျှော့ချပါ။ ဝကခနေရာတွေကို မိုးကျလုံးဝမခန့်ပါနဲ့လို့ တောင်းပန်ပါရစေ။ အရပ်သားတွေဟာနိုင်ငံရေးသမားဆိုရင် သူတို့ဟာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေလုပ်ပြီး အသေးစိတ်ကို ပညာရှင်တွေကိုအကြံပေးခန့်ပြီး လုပ်သွားပါလိမ့်မယ်။


ကြိုက်တာအကုန်လုပ်ပါ။ မိုးကျတော့ မရွေးပါနဲ့မေမေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Jun 06, 2020

ဦးမြတ် နာကျင်ကိုက်ခဲမှုတွေ ခံစားနေရတဲ့ကြားက နာကျင်လွန်းလို့ နာကျင်ထိခိုက်စွာဖြင့်!

Like

Myint Soe Oo
Myint Soe Oo
Jun 06, 2020

ဦးမြတ် ! ငါးတကာ ယိုတဲ့ ချေး ပုစွန်ဆိတ် ခေါင်းပေါ် ကျ ။

ဆိပ်ကမ်းသာလမ်း (၁၉၇၉ -၈၆ ကျင်လည်ခဲ့သော အင်္ဂတေပြား မညီမညာနဲ့ မသာယာခဲ့သော လွစ္စလမ်း) ၂၀၂၀မှာ အဟောင်းပြုပြင်၍ စည်ပင် ခဲ့ပါပြီ။ ငါးတကာ မြိုခဲ့သမျှ ယို(ယွင်း)မှုမှန်သမျှ ဦးဖြိုး ခေါင်းပေါ် ပုံကျလို့ ယုံရအောင် ပြင်ပေမယ့်လည်း အလိုမကျ ဖြိုချချင်သူတွေက --?

စွပ်စွဲချက်အမျိုးမျိုး အပုပ်အသိုး အရုပ်ဆိုးစွာ ပုဒ်မတပ် လုပ်ဇာတ်ခင်းနေကြတာ မြင်ရလေတော့ --?ဗန္ဓုလပန်းခြံ မြက်ဗလာ မြေကမ္ဘာမှသည် ပီပြင်အောင်စည်ပင်ခဲ့ပေမယ့်? ဒီအစိုးရ ဘာလုပ်နေတုန်း? အသစ်တည်ဆောက်ဖို့ရာ အသာထား အဟောင်းပြုင်နေရတာကိုပဲ ငါးတကာ မြိုဝလို့ ယိုကျလာတဲ့ ချေးမှန်သမျှ ကြုံးသိမ်းနေရပါလားလို့ အမှန်မမြင်နိုင်သူအပေါင်းက? စင်္ကါပူကို ဇွတ် ကျော်ခိုင်းနေသေးတယ်။

ဇွတ်ကျော်ဆိုလို့ YBS accident case ။လာပြန်ပြီ ဦးဖြိုး? ဗဟန်း ဘုရားပရဝုဏ် ဝင်အောင်းတဲ့ YBS။ စက်ဘီးကိုဝင်ကြုံးတဲ့ YBS။

ခုရက်ပိုင်း ရိုးကော ရိုးကြရဲ့လား?

မျို ဝ. လို့ ယို ကျလာတဲ့ ဖြစ်ရပ်။ ရန်ကုန်-မန္တလေး ( ၃၈၆မိုင်ကို ၁၄ နာရီ ခရီးကို )အနဲဆုံး ၈နာရီကြာသာ စီးနင်းရအောင် ပြန်ပြင်နေရပါသည်။

ပြည်(ရွှေတံခါး) - ဆတ်သွား(တောင်တွင်းကြီး) ရိုးမဖြတ်လမ်း ၊ နမ့်ဆမ် - လိုင်ကော်၊ ပခုက္ကူ - ကလေး ၊ -------စသည်တို့ကို ၃ပေလမ်း (သံလမ်းနှစ်ခုကြားအကွာအဝေ ၁မီတာ) အသစ်မဖေါက် ရှိရင်းစွဲ လမ်းကို ၅ပေလမ်း ပေါက်အောင် ပြင် ဖေါက်ခဲ့လျှင် !

TOYOTA used cars လှိုင်လှိုင်ကြွယ်ကြွယ် သုံးနိုင်သလို !

ခေတ်မီစနစ် နိုင်ငံတကာ တပတ်…

Like

naynanmyint629395
naynanmyint629395
Jun 06, 2020

ကျမ လဲ ဟိုအရင်ခေတ်က

တပ်မတော် အရာရှိကြီးယောက်

ရဲ့ သမီး


ထို့အတူ ဗမက ရဲ့ နှမ ပါ

သို့သော်လည်း မိမိ ရဲ့ ကိုယ်ပိုင်

အရည်အချင်း နဲ့ သာ ရှင်သန်ပီး

မိဘ ကို အလွဲ သံ ုး စား မလုပ်

ရဘူး အခွင့်ရေးမယူ ရဘူး

လို့ သင်ကြားခံရပီးကြီးပြင်းလာ

ခဲ့ရသူပါ ။


ထို့ကြောင့် 1990 ကထဲ က တပ်ရဲ့

လုပ်ဆောငိမှူများကိုမ ကြိုက်နှစ်

သက်လို့ပတ်သက်မှု ကိုဖြတ်

တောက်ခဲ့ပါတယ်


နေဝင်း အစ

ခင်ညွန့်အလယ်

သန်းshwe and မအလ

ဘယ်လိုမှ လူစိတ်မရှိသူများ

တပ်မတော် ရဲ့ သစ္စာဓိဌာန် ကို

ဖောက်ဖျက်နေသူများသက်သက်

သာပါ ။


အပွင့်ကြီးငြိမ်းများကလဲ

အမြီး ချည်ခံရသူ နဲ့

အင်အားမရှိသူနဲ့ ဆိုတော့

ဘယ်လိုမှ မလှန်ရဲပါ


ဒါကြောင့်


မမစုရေ


ကျမလဲ မမ လိုဘဲ တပ်မတော်

ကိုချစ်ပါတယ်

but တပ်မတော်က ကျမတို့ကို

မှ မချစ်တာ မမရယ်

So

ပြည်သူ အရပ်သားကိုသာ

Prime ministers and

Chief of Staff အဖြစ်​

choose လုပ်ပေးပါရန်

သက်ကြီးပြည်သူတယောက်

ကမေတ္တာရပ်ခံပါတယ် ရှင်


ဆရာမြတိရှင်

ဒီစာကို မမစု ထံ ပေးပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page