top of page
Search

ဘယ်လိုစစ်တပ်မျိုးလိုချင်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 18, 2023
  • 1 min read

မအလတပ်ဟာ ရွေးကောက်ခံအရပ်သားအမိန့်ကို မနာခံပါ။ သင်ကြိုက်ပါသလား?

မအလတပ်ဟာ အရပ်သားအစိုးရကို မသိဘူး မတပ်ဘူးပြောတာ သင်ကြိုက်ပါသလား?

မအလတပ်ဟာ လွှတ်တော်အမတ်တွေကို လွှတ်တော်ထဲမှာ စော်ကားတာကို သင်ကြိုက်ပါသလား?

မအလတပ်ဟာ အရပ်သားတွေက လမ်းမဖောက်တတ်ဘူး၊ ဆေးမကုတတ်ဘူး၊ စီးပွါးရေးကောင်းအောင် မလုပ်တတ်ဘူးဆိုပြီး နေရာတကာမှာ သူ့တပ်ကသိ သူ့တပ်ကတတ် သူတပ်ကသာ ဆရာဆိုပြီးလုပ်နေတာကို သင်ကြိုက်ပါသလား?

မအလတပ်ဟာ အရပ်သားရွေးကော်ကို မဲမမှန်ဘူးဆိုပြီး မိမိအလုပ် မိမိမလုပ်ဘဲနဲ့ အာဏာသိမ်းတာကိုသင်ကြိုက်ပါသလား?

ယခု မအလက အုပ်ချုပ်ချိန်မှာ DASSK အစိုးရတက်ချိန်က တပ်မခေါ်ခဲ့လို့ အပြစ်တင်ခဲ့သူတွေ သင်တို့က အားကိုးတဲ့ Institution အဖွဲ့ မအလတပ်က အာဏာသိမ်းချိန် ကိုဗစ်မှာ လူတွေသေတာကို သင်တို့ တွေ့ခဲ့ပြီး ဖြစ်မှာပါ။

သင်တို့ မအလပြောတာ မအလတပ်လုပ်နေတာကို ကြိုက်ပါသလား?

သင်တို့ မအလတပ် လက်ရှိလုပ်နေတာကို မကြိုက်ခဲ့ရင် မအလလိုဘဲ ဘာတပ်တော် ညာတပ်တော်နဲ့NUG အောက်မနေတဲ့ တပ်တော်ကတပ်ချုပ်လေးက NUG အသုံးမကျ၊ NUG အောက်က ပအဖကအသုံးမကျပြောနေရင် သင်လက်ခံနိုင်ပါသလား?

လက်နက်ကိုင်အဖွဲ့က ဝေဖန်တာနဲ့ သတင်းသမားပြောတာနဲ့ မတူတာကိုလဲ မမေ့ပါနဲ့။ ဒီမိုနိုင်ငံတွေမှာသတင်းသမားတွေက ထောက်ပြနိုင်ပေမယ့် လက်နက်ကိုင်အဖွဲ့က ဝေဖန်ခွင့်မရှိပါ။

လက်နက်ကိုင်အဖွဲ့ကို အရပ်သားအုပ်ချုပ်ရေးအဖွဲ့က အရေးယူခွင့်မရှိတာ အရေးယူမခံတာ သင်ကြိုက်ပါသလား?

သင်တို့စဉ်းစားပါ။ သင်တို့ရဲ့ ငွေနဲ့ မအလတပ်လို နောက်တပ်မျိုး နောက်တပ်ချုပ်မျိုးကို ထပ်မမွေးမိပါစေနဲ့။

NUG ဟာ ပြည်သူက တစ်ခဲနက်တင်မြှောက်ထားတဲ့ လွှတ်တော်က ဖွဲ့စည်းထားတာပါ။

လမ်းဘေးကလူတွေစုပြီး ဆန္ဒပြခဲ့သူတွေနဲ့ စုဖွဲ့ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေး ယခုဘာဖြစ်သွားလဲအားလုံးသိမှာပါ။

ယခုတော်လှန်ရေးကြီးဟာ အောင်မြင်စ ပြုနေပါပြီ။ မြန််မာလူမျိုးက အာဏာကြိုက်တတ်ပါတယ်။ယခု ဗမာနယ်တွေမှာ NUG ထံက အာဏာလုယူဖို့ စတင်နေပါပြီ။

ပြည်သူ ဘယ်သူနဲ့ရပ်မလဲ ဘယ်သူ့ဘက်ရပ်မလဲ စဉ်းစားပါ။

KNU နယ်မှာ KNU အုပ်ချုပ်ရေးအဖွဲ့ရရှိတာကို ဗိုလ်မြသားက ကရင်အတိုင်ပင်ခံကောင်စီဖွဲ့ပြီး KNU ထံက အာဏာယူရင် ဘယ်လိုနေမလဲ စဉ်းစားပါ။ KIA ၊ UWSA လဲ စဉ်းစားပါ။

နိုင်ငံခြားက အမျိုးများ သတင်းသမားများလဲ စဉ်းစားပါ။ မအလလိုတပ်မျိုးကို ထပ်မမွေးမိဖို့ စဉ်းစားပါ။  ယခုဒီမိုဘက်လိုက်နေတဲ့ သတင်းသမားတွေ ယခင်အချိန် DASSK လက်ထက်မှာ မအလတပ်ကဘယ်လိုဇွန်းကအစထုတ်တာ ချီးမွန်းခဲ့သလို ကိုဗစ်မှာ တပ်မခေါ်ရင် သေမလိုဖြစ်ခဲ့ ရေးခဲ့ ပြောခဲ့ကြတာ မှတ်မိမှာပါ။

မြန်မာနိုင်ငံမှာ ပြည်သူရွေးကောက်ထားတဲ့ ရွေးကောက်ခံအမတ်တွေကတဆင့် ဖွဲ့ထားတဲ့ NUG အစိုးရရှိပါတယ်။ NUG အောက်ကတပ်တွေဟာ နောင်ချိုမှာ ဗျူဟာမှူးအထိကျအောင်တိုက်နိုင်ပေမယ့် သူ့တပ်ရင်းမှူးဟာ အင်တာဗျူးအကြီးကြီး မပေးပါ။ သတင်းသမားများက ဘယ်တပ်ရင်းမှူးမှ သေအောင်မတိုက်နိုင်တဲ့ NUG အမိန့်မနာခံတဲ့ တပ်တော်ကဗိုလ်တွေနဲ့ အချိန်ကုန်နေတာ တွေ့ရပါတယ်။

အားလုံးဒီအချိန်မှာ ဖယ်ဒရယ်ကအရေးကြီးသလို ရွေးကောက်ခံအစိုးရအမိန့်ကိုနာခံတဲ့ တပ်မတော်ဖြစ်ဖို့ဆိုတာ အသက်တမျှ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်တော့ မအလကို နောက်တပ်တော်နဲ့ အစားထိုးတာသာ ဖြစ်ပါလိမ့်မယ်လို့ ပြောပါရစေ။ အားလုံး NUG ကို ဝန်းရံပါ။ ထောက်ပံ့ပါ။

မင်းကဘာလို့ NUG လို့ပြောလဲဆိုတော့ NUG ဟာ ပြည်သူကတရားဝင်ရွေးထားတဲ့ အစိုးရမိုလို့ပါလို့ပြောပါရစေ။ NUG ကို လူအရမဟုတ်ဘဲ မူအရ ထောက်ခံတာပါ။ တတိယအင်အားစုဟာ ပြည်တွင်းကအာဏာလိုချင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး NUG ထံက အာဏာသိမ်းဖို့ လာမယ့် လပိုင်းတွေမှာ ကြိုးစိုးမှာပါ။ နောက်ဆုံး ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page