top of page
Search

ဘကျော်ဆွေကို ဝန်ကြီးနေရာပေးသင့်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 13, 2020
  • 1 min read

စာရေးသူက ဟိုခရိုနီနဲ့ အချိန်ကုန်နေချိန်မှာ နောက်ရေးသားသင့်သူက ဘကျော်ဆွေပါ။ သူဟာ တချိန်က တပ်ချုပ်ရာထူးပေးဖို့ ဘရွှေက စဉ်းစားခဲ့သူတွေထဲမှာ တစ်ဦးပါဝင်ခဲ့ပါတယ်။ သူဟာအနောက်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဦးစီးအရာရှိချုပ်ကြည်း၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ စစ်ဖက်ရေးရာ လုံခြုံရေးညွှန်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ရာထူးတွေကို ယူထားခဲ့သူပါ။ သူဟာ ပြည်ထဲရေးရာထူးရချိန်မှာ DASSK နဲ့ ရင်းနှီးခဲ့ပြီး ဦးကိုနီ လုပ်ကြံခံရအပြီးမှာ သူကိုယ်တိုင် ကာကွယ်မယ်ဆိုပြီးDASSK ရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးခဲ့သလို သူကိုယ်တိုင်ခရီးစဉ်မှာ လိုက်ပါရာကနေ သူမနဲ့ ရင်းနှီးခဲ့သူပါ။ သူ့ကိုဖြုတ်ဖို့ စရဖက V ကိစ္စနဲ့ လူတွေက ဖြုတ်အောင် ဒီမိုအချို့နဲ့ အော်ပေမယ့် DASSK က မဖြုတ်ဘဲ တင်းခံနေလို့ နောက်ပိုင်းမှာ သာဝက မျက်နှာပြောင်တိုက်ပြီး သက်ပြည့် ပင်စင်ပေးတာကို ခံရသူပါ။ ဒီလိုဲဖြစ်တာဟာ သူ့ကို အစိုးရအဖွဲ့သက်တမ်းပြီးအောင် ထားဖို့တောင်းဆိုတာကို ဂရုမစိုက်ဘဲသာဝက လုပ်ခဲ့တာပါ။

ယခု ၂၀၂၁ သက်တမ်းမှာ သူ့ကို ဝန်ကြီးတစ်နေရာ ခန့်သင့်လား? သူဟာ ယခုလက်ရှိ DASSK အနားမှာရှိနေသူ တပ်ကပြောင်းလာသူတွေထဲမှာ တပ်ထဲမှာ လုံခြုံရေးဆိုင်ရာ နေရာအကြီးဆုံး ယူခဲ့သူဖြစ်ပြီးသူကနေပြီး လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ သိကျွမ်းမှုတွေ ယူလာနိုင်ပါတယ်။ သူရဦးအောင်ကိုနဲ့ဦးမင်းသူဟာ ဗိုလ်မှူးကြီ.အဆင့်သာ လုပ်ခဲ့ပြီး စရဖလို အရေးကြီးတဲ့ လုံခြုံရေးဌာနမှာ လုပ်ခဲ့သူများမဟုတ်ပါ။ ဒါဆိုသူ့ကို ဝန်ကြီးခန့်သင့်လား? စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ မိုးကျဆိုရင် စာရေးသူကိုတောင် မခန့်သင့်ပါ။ စာရေးသူတို့ စဉ်းစားပုံက နိုင်ငံရေးသမားနဲ့မတူဘဲ ရန်သူကို ဘယ်သူချေမှုန်းရမလဲဆိုတဲ့ အမြင်ကနေ ကြည့်ပါတယ်။ ဦးအောင်ကိုလို အမာခံကလွဲရင် ကျန်သူများကို ဘာဝန်ကြီးရာထူးမှ မခန့်သင့်ပါ။ ဘကျော်ဆွေက လုံခြုံရေးဆိုင်ရာတွေ တတ်သိတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ DASSK က ခန့်လိုရင်တော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး(ပြည်တွင်း) ကို ဦးသောင်းထွန်းလို ဝန်ကြီးအဆင့် အဆောင်ယောင်သတ်မှတ်ပြီး ခန့်သင့်ပါတယ်။ ကမ္ဘာ့အခြေအနေ ကျွမ်းကျင်သူ၊ ကမ္ဘာ့သတင်းဌာနတွေနဲ့ ပေါက်ရောက်သူ၊ အမေရိကန် သမ္မတတွေနဲ့ ရင်းနှီးသူ၊ အင်္ဂလိပ်စကားကျွမ်းကျင်သူကိုတော့ အမျိုးသားလုံခြုံရေး အကြံပေး(ပြည်ပ) ခန့်သင့်ပါတယ်။ သူတို့နှစ်ယောက်ကသမ္မတနဲ့ DASSK ကို ပြည်တွင်းနဲ့ ပြည်ပ အကြံပေးနိုင်မှာပါ။

မိုးကျတွေကိုတော့ ဝန်ကြီးပြန်မခန့်သင့်ပါ။ ခန့်လိုရင် မိမိမဟာမိတ် တိုင်းရင်းသားတွေကို ပေါ်လစီတူရင် ဝန်ကြီးနေရာအချို့ ခန့်လိုက်ပါ။ နိုင်ငံရေးသမားများသာ ဝန်ကြီးဖြစ်ပါစေ။ ပညာရှင်တွေကိုလဲအကြံပေးအနေနဲ့ ဒုဝန်ကြီးအဆင့်၊ ဒါမှမဟုတ် အထူးအကြံပေးသာခန့်ပါ။ ယခု NLD က သွားနေတဲ့လမ်းကြောင်းက မှန်နေပါတယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page