top of page
Search

ဘုံရန်သူ မအလကို မျက်နှာမူတိုက်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 15, 2021
  • 1 min read

မနေ့က မာရှယ်လောလုပ်လို့ မာရှယ်လောဖြစ်သွားပြီ ဘာညာဆိုပြီး အကြောက်ပိုသူများအနေနဲ့ ယခုမြန်မာပြည်ဟာ မအလက ဥပဒေမရှိအုပ်ချုပ်နေလို့ ဘာပုဒ်မထုတ်ထုတ် မထူးပါလို့ ပြောပါရစေ။စိန်ပန်းမှာ သတ်သွားတာ မာရှယ်လောမလိုပါ။ ဥပဒေမဲ့ သတ်နေတာပါ။ ဒါ့ကြောင့် တိုင်းပြည်ဟာMartial Law ကြောင့် ပိုမထူးသွားပါ။ သန်းခေါင်ထက် ညဉ့်မနက်ပါ။ Martial Law ကြောင့် အမိန့်ပေးတာ စစ်တပ်ဆိုတာ ပိုထင်ရှားသွားပါတယ်။

နောက် စာရေးသူတို့ သတိထားရမှာက လူမျိုးရေးမုန်းတီးမှုကို ရှောင်ပါ။ တရုတ်လူမျိုးများစွာဟာ မအလကို တိုက်ခိုက်နေပါတယ်။ သေသွားတဲ့ ကျယ်စင်ဟာလဲ မြန်မာပြည်ဖွား တရုတ်လူမျိုးပါ။ မနေ့ကလှိုင်သာယာမှာ မီးရှို့တာက စရဖ မအလတပ်ကပါ။ ဒါ့ကြောင့် စစ်တပ်ဘဏ်နဲ့ စစ်တပ်ဝင်း မီးမလောင်ရင် ကျန်တာ မအလရှို့တာပါ။

အားလုံးသတိပြုရမှာက ဘုံရန်သူဟာ မအလပါ။ မအလဟာ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမဆို သူ့အာဏာကို အန်တုရင် အကုန်သတ်ပစ်နေတာပါ။ ယခုလဲ စရဖကိုယ်တိုင် တရုတ် ဗမာ အဓိဂရုဏ်းဖြစ်ဖို့ မအလအမိန့်နဲ့ လုပ်နေပါတယ်။ ဒါ့ကြောင့် ရန်သူကိုသာ ဦးတည်တိုက်ပြီး လူမျိုးရေး ဘာသာရေးကိုရှောင်ပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page