top of page
Search

ဘောမတာလဲ ကြည့်မပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 31, 2021
  • 1 min read

အဘဘောမများက အာဏာမသိမ်းခင်က မဲစာရင်းသာ ပေးအစစ်ခံခဲ့ရင် အာဏာသိမ်းမှာ မဟုတ်ဘူးလို့ ကာကွယ်ပြောကြပါတယ်။ မအလဟာ အာဏာရူးလို့ကို အာဏာသိမ်းတာပါ။

ဒါနဲ့ လမ်းပေါ်မထွက်နဲ့ သူတို့အကွက်ထဲ ဝင်သွားမယ်ဆိုပြီး ဆန္ဒပြပွဲမဖြစ်အောင် ပြောကြပါတယ်။အာဏာကသိမ်းပြီးသွားလို့ ဘာအကွက်မှ မကျန်တော့ပါ။

ဆန္ဒပြတော့ လမ်းပေါ်ထွက် ဆန္ဒပြလို့ ပစ်တာပါဆိုပြီး အဘကို ကာကွယ်ပေးကြပါတယ်။ ယခုက အိမ်ထဲမှာနေလဲ အပစ်ခံရပြီး သေကြရတာပါဘဲ။

နောက်ရဲစခန်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေကို မဖျက်ဆီးနဲ့ သူတို့က စစ်အုပ်ချုပ်ရေးကြေငြာမယ် ဘာညာဆိုပြီး ခြောက်ကြပြန်ပါတယ်။ သူစတက်ကထဲက အုပ်ချုပ်နေတာ ဥပဒေမလိုက်နာတဲ့ မအလပါ။စစ်အုပ်ချုပ်ရေးပါဘဲ။

နောက် ရဲတွေသေရင် NLD အဖွဲ့ဝင်တွေကို အကွက်ဆင်အဖမ်းခံရလိမ့်မယ်ဆိုပြီး ခြောက်ကြပြန်ပါတယ်။ တကယ်က ဘယ်ရဲမှ မသေခင် ဆန္ဒမပြခင်ကထဲက သမ္မတ၊ DASSK နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်အားလုံးကို ဖမ်းထားတာပါ။

တရုတ်ဩဇာလဲ မခံလိုဘူး အမေရိကန်ကိုလဲ ကိုးကိုးကျွန်းမပေးလိုဘူးအော်ပေမယ့် အဘက ရုရှားကိုခေါ်ရင်တော့ ဝုတ်ဝုတ် ဝုတ်ဝုတ်နဲ့ ထောက်ခံနေတာ တွေ့ရပါတယ်။

အချို့က ဆန္ဒပြတာလဲမကောင်းဘူး CDM လဲမကောင်း လက်နက်ကိုင်တာလဲမကောင်း နိုင်ငံခြားတပ်လဲမကောင်းဘဲ အဘအုပ်ချုပ်တာသာ ကောင်းသူ အကြမ်းဖက်သမားများလဲ ရှိကြပါတယ်။

အရာအားလုံးဟာ ကြိုးစားမှ ရကြတာပါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဆန္ဒပြတာကို ပစ်ခတ်နှိမ်နင်းအပြီး ငြိမ်သွားလို့ ကုလလုံခြုံရေးကောင်စီမှာ တစ်ခါသာ ဆွေးနွေးခဲ့ပါတယ်။ ယခုမြန်မာ့ကိစ္စက နှစ်ခါဆွေးနွေးခဲ့ပြီး ဒီနေ့ မတ် ၃၁ မှာ တတိယအကြိမ် ထပ်ဆွေးနွေးမှာပါ။ ဒီဆွေးနွေးပွဲတွေဟာပြည်သူရဲ့ အသက်ပေးဆပ်ခဲ့မှုတွေကြောင့် ဖြစ်လာခဲ့ရတာပါ။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိမိမှန်မယ်ထင်တာကိုသာ ဆက်လုပ်ကြပါ။ မြေပြင်မှာ လက်တွေ့လုပ်ရတာ မလွယ်မှန်း သိပါတယ်။ ကိုမင်းကိုနိုင်နဲ့ CRPH စကားကိုသာ နားထောင်ပါ။ အဓိကက ရန်သူကိုအထိနာအောင်တိုက်ဖို့ပါ။ ယခုလိုဆန္ဒပြပွဲတွေ ဧပြီလ ၄ ရက်အထိ ဆက်ဖြစ်နေပြီး မအလကလဲ ဆက်ပစ်နေရင် သူဟာအနားကစစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန်ကို သွားစိန်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။ လစ်ဗျားမှာလဲ အစပိုင်းမှာ အမေရိကန်က ဝင်ပါဖို့အစီအစဉ်မရှိဘဲ နောက်ဆုံးအချိန်မှာ ကဒါဖီက ပစ်လွန်းအားကြီးလို့ အမေရိကန်က ဝင်ပါခဲ့ရကြောင်း အိုဘားမာက သူ့ရဲ့ စာအုပ် “A Promised Land” ထဲမှာ ဝင်ခံထားခဲ့ပါတယ်။နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page