top of page
Search

ဘာ့ကြောင့် လက်နက်ကြီးလိုလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 15, 2021
  • 1 min read

ယခုအချိန် တူမီးတောင်မကိုင်နိုင်သေးတဲ့ PDF တွေရှိချိန်မှာ လက်နက်ကြီးအကြောင်း ကြိုရေးရတာ အကြောင်းရှိပါတယ်။ ယခုအချိန်မှာ PDF တွေဟာ ရေကြောင်းကို စပိတ်တိုက်လာနိုင်တာတွေ့ရသလို ရန်ကုန်-မန္တလေးလမ်းပေါ်မှာလဲ တိုက်လာနိုင်လို့ ဒီစာကို ရှေ့သုံးလေးလကို ကြိုတွေးပြီး ရေးထားတာပါ။

ပထမဆုံးက မြန်မာပြည်ထဲမှာ လူတိုင်းက မအလကို အသေချချင်နေကြပါတယ်၊ လူတိုင်းနီးပါးPDF ဖြစ်နေလို့ PDF တိုင်းကို လက်နက်ရအောင် NUG က ကြိုးပမ်းနေရပါတယ်။ ငွေတိုက်စာချုပ်ရောင်းလို့ အဆင်ပြေမယ့်အချိန် မအလရဲ့ စင်ကာပူသံရုံးက ကန့်ကွက်လို့ ဘဏ်တွေကို ပြန်စီမံရပါတယ်။ ဒါပေမယ့် ပိုက်ဆံတွေ စရနေလို့ လက်နက်ငယ်က အဆင်ပြေမှာပါ။

စာရေးသူတို့ ဖေဖော်ဝါရီ (၁) ရက်မှာ ဒီမိုအဖွဲ့တွေမှာ လက်နက်ကိုင်တပ်မရှိခဲ့ပါ။ ယခု တပ်ရှိလာပါပြီ။ သောင်းကနေ အချိန်မရွေး တစ်သန်းလောက်ဖြစ်သွားနိုင်တာပါ။ ယခုစာရေးသူတို့ PDF တွေဟာ မအလရဲ့ အုပ်ချုပ်ရေးကို ပျက်အောင် မြို့အများစုမှာ လုပ်နိုင်နေပါပြီ။ မအလအောက်က အုပ်ချုပ်ရေးမှူးမပြောနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မန္တလေးရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဘယ်စစ်သားမှ ယူနီဖောင်းဝတ်ပြီး လက်နက်မပါဘဲ အပြင်မထွက်ရဲတော့ပါ။ သူတို့ဟာမန္တလေးနဲ့ ရန်ကုန်မှာနေပေမယ့် သူတို့စိတ်က မြောက်ဦးနဲ့ ကိုးကန့်ကို ရောက်နေသလို ဖြစ်နေပါပြီ။ သူတို့ဟာ ယဉ်တန်းနဲ့သာ မြို့ကြီးတွေမှာ သွားလာရဲတဲ့အဆင့် ဖြစ်သွားခဲ့ပါပြီ။ ဒါက ဒီမိုအဖွဲ့ရဲ့ တိုးတက်မှုအောင်ပွဲပါ။

ဒါဆိုရင် နောက်အဆင့်ကဘာလဲ? ဆန္ဒမစောပါနဲ့လို့ ကြိုပြောထားပါရ​စေ။ ယခုသူတို့က မြို့တွေရွာတွေမှာ စစ်ကြောင်းထိုးရင် တပ်စွဲရပါတယ်။ စစ်ကြောင်းထိုးချိန် အပစ်ခံရ၊ တပ်စွဲချိန်အပစ်ခံရပြီး မအလတပ် သေနေပါတယ်။ ဒီနည်းဟာ မိမိလူအင်အား မထိခိုက်ဘဲ မိမိတို့ PDF တွေက တိုက်ရင်းလေ့ကျင့် လေ့ကျင့်ရင်း တိုက်သွားတဲ့ပုံစံပါ။ ဒီလိုလုပ်ရင်းနဲ့ သေသွားတဲ့ မအလတပ်ထံကလဲလက်နက်တွေရပါတယ်။

ဒီအဆင့်ကခိုင်လို့ နောက်အဆင့်တက်ရင် ရန်သူ့စခန်းကို သိမ်းရပါမယ်။ ဥပမာ မင်းတပ်ကိုကြည့်ရအောင်။ မင်းတပ်မှာ တပ်စွဲထားတဲ့ တပ်ရင်းကို တက်သိမ်းရပါမယ်။ သူ့စခန်းကို အမြှောက်နဲ့ထုတာတွေလုပ်ရပါမယ်။ ဒီအထိက ပြည်သူ့အားနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် မအလတပ်ဟာ သူရှုံးရင် မဲတတ်ပါတယ်။ သူ့ရဟတ်ယဉ်မလာနိုင်အောင် ရဟတ်ယဉ်ပစ် FN6 တွေ stinger တွေ လိုပါတယ်။ ရဟတ်ယဉ်တစ်စင်းလောက် ထိသွားရင် မအလသဘောပေါက်သွားမှာပါ။နောက်အမြောက်ကြီးတွေရှိခဲ့ရင် ရန်သူ့ကို မိမိစခန်းနား မကပ်နိုင်အောင် လုပ်ထားနိုင်မှာပါ။

ယခု NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက လစဉ်ဝင်ငွေရရှိအောင် လုပ်နေပါပြီ။ ပြည်ပက မြန်မာများက ဒေါလာ ၅၀ လောက် လစဉ်ဝိုင်းလှူကြရင် PDF တွေပိုပြီး ခေတ်မှီလက်နက်တွေ ရနိုင်မှာပါ။ ပြည်ပကို သိမ်မမျှော်ပါနဲ့။ ငွေရှိရင် လက်နက်ရှိပြီး တက်ကြွနေတဲ့ စိတ်ဓာတ်နဲ့ပေါင်းရင် မအလကိုတိုက်ထုတ်နိုင်မှာပါ။



 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page