top of page
Search
  • Writer's pictureMyat Tun Oo
Unicode version
ဗိုလ်ချုပ်ညီညီဆွေကိုထောင်ချတာဘာလို့ထုတ်မပြောတာလဲ?
အားလုံးသိတဲ့အတိုင်းယခင်မြောက်ပိုင်းတိုင်းတိုင်းမှူးဗိုလ်ချုပ်ညီညီဆွေကိုဘယ်လိုအရေးယူထားလဲလို့မနေ့ကသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်ကမေးပါတယ်။စာရေးသူမေးခိုင်းထားတာကြာပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရခိုင်အကြောင်းဘာပြောတယ်ဆိုတာကိုအစည်းအဝေးမတက်ပေမယ့်လဲသိလေ့ရှိတဲ့ဗိုလ်ချုပ်ထွန်းထွန်းညီဟာဒီသတင်းကိုတော့အရေးယူပြီးပါပြီဆိုပြီးအသေအချာမဖြေသွားပါ။
သတင်းအရဗိုလ်ချူပ်ညီညီဆွေထောက်ဒဏ်၁၂နှစ်။သူ့G2အနှစ်၂၀ဗိုလ်မှူးကြီးလှိုင်ဝင်း၃နှစ်။ဗိုလ်မှူးချူပ်မောင်မောင်ဇံလည်းထောင်၅နှစ်ကျတယ်လို့သိရပါတယ်။သူတို့အမှုတွဲမှာစုစုပေါင်းလူဦးရေ၃၀ကျော်လောက်ထောင်ကျခဲ့ပါတယ်။သူတို့ကိုယခုလောလောဆယ်တောင်ငူထောင်ထဲမှာထိန်းသိမ်းထားပါတယ်။ပိုင်ဆိုင်မှုတွေလည်းသိမ်းစည်းခံရတယ်လို့သတင်းအရင်းအမြစ်သုံးခုထံကသိရပါတယ်။တစ်ယောက်ကFacebook မိတ်ဆွေဖြစ်ပြီးကျန်နှစ်ယောက်ကတော့အမည်မဖော်လိုတဲ့တပ်ကဖြစ်ပါတယ်။
ဘာလို့ဒါကိုတရားဝင်ထုတ်မပြောတာလဲ။မအလကတပ်ကိုအပြစ်ကင်းစင်တဲ့အဖွဲ့အဖြစ်လူတွေကိုမြင်စေချင်ပုံပါ။နောက်အချင်းချင်းသိက္ခာမချလိုတာလဲဖြစ်နိုင်ပါတယ်။
ဒါပေမယ့်အရေးကြီးဆုံးအချက်ကသူတို့ကိုအယူခံပြီးအင်ဒင်းကလိုလူတွေမသိချိန်မှာပြန်လွှတ်လို့ရအောင်လို့ပါ။နောက်ဆုံးကတော့ဒါပါဘဲ။ဥပဒေအရသမ္မတကသာဆုံးဖြတ်ရင်တော့ခိုးသူတွေကိုလွတ်ငြိမ်းချမ်းသာပေးမှာမဟုတ်ပါ။
အဘတို့ကတော့ဒီအကွက်ကိုဟပေးထားပါတယ်။ဗိုလ်ချုပ်ညီညီဆွေကိုလဲနောက်ပိုင်းပြန်လွတ်မှာပါ။
3,071 views0 comments
Recent Posts
See All
လူမျိုးရေးမပါစေနဲ့
စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ
bottom of page