top of page
Search

ဖိလေ ကြွလေ မအလရေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 5, 2021
  • 1 min read

အချို့က ဆန္ဒပြတာက ဒီမိုကရေစီရစေတယ်ပြောသလို အချို့က CDM က ဒီမိုကရေစီရစေမယ် အချို့ကတော့ လက်နက်ကိုင်တော်လှန်ရေးက ဒီမိုကရေစီရေစေမယ်လို့ ပြောကြမှာပါ။

ဒီနေရာမှာ ဖြစ်စဉ်တွေကို ပြန်ကြည့်ပါ။ ဆန္ဒပြပွဲတွေဟာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာလှုပ်ရှားမှု ပြရုပ်ပါ။ ဒါကို မအလက အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။ CDM ကလဲ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုပါ။ ဒါကိုလဲ မအလက အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်၊ ဒါ့ကြောင့် မင်းတပ်ကစလို့ လက်နက်ကိုင်တော်လှန်ခဲ့ပြီး တမူးမှသည် ဒီမောဆိုအထိ တော်လှန်နေဆဲပါ။

စာရေးသူတို့ဟာ ပန်းသီးတိုက်ပေါ်မှ ခုန်ချချိန် ငိုကျွေးခဲ့ပြီး ဒါတွေကို အားအဖြစ်ပြောင်းလဲခဲ့ကြပါတယ်။ ဗားကရာမှာ ပစ်နိုင်ရင် ပြည်သူတွေက အားတက်ကြရပါတယ်။ ဘယ်သူအဖမ်းခံရခံရ၊ ဘယ်သူအသတ်ခံရခံရ တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်မယ်ဆိုတဲ့ စနစ်နဲ့ ရှေ့ဆက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။မြန်မာပလာဇာမှာ ဆန္ဒပြသူတွေကို စစ်ခွေးဘောမ အစောင့်တွေက ရိုက်ဖမ်းချိန်မှာလဲ ပြည်သူတွေကမြန်မာပလာဇာကို သပိတ်မှောက်ပြီး တုန့်ပြန်ခဲ့ကြပါတယ်။ မနေ့မနက်က ဆန္ဒပြသူတွေကို ကားနဲ့တိုက်သတ်ချိန်မှာလဲ ညတွင်းချင်းရန်ကုန်က ပြည်သူတွေက သံပုံးတီးပြီး တုန့်ပြန်ခဲ့သလို သက်ဆိုင်ရာ PDF တွေကလဲ လိုအပ်သလို တုန့်ပြန်ခဲ့ပါတယ်။

ဒါကဘာကိုပြသလဲဆိုတော့ တော်လှန်ရေးမှာ ဆန္ဒပြပွဲမှသည် လက်နက်ကိုင်တော်လှန်ရေးအထိ အရာအားလုံးဟာ အရေးကြီးတယ်ဆိုတာပါ။ ဆန္ဒပြပွဲကနေ လူတွေကို ခွန်အားသစ်တွေပေါ်လာစေပြီးအကြောက်တရားကို ပယ်ဖျက်လာနိုင်စေခဲ့ပါတယ်။ ရန်ကုန်ဟာ သံပုံးမတီးတာ ကြာခဲ့ပါပြီ။ ယခု ရန်ကုန်ဟာ ပြန်လည်နိုးထလာခဲ့ပါပြီ။

ဒီတော်လှန်ရေးမှာ နိုင်ဖို့သေချာတာက စာရေးသူတို့လူမျိုးက ကောက်ရိုးမီးလို ထတောက်ပြီး ပြန်ငြိမ်သွားတတ်ပေမယ့် မအလတပ်က ခဏခဏ ပြန်ဆွပေးနေတာပါ။ မနေ့ကအဖြစ်က တော်လှန်ရေးကိုပေါ့ပျက်လာတဲ့လူအချို့ကို သွေးပြန်ပူသွားစေပါတယ်။ မအလတပ်ရဲ့ ယုတ်မာမှုကို ထပ်မီးမောင်းထိုးပြလိုက်ပါတယ်။ ထို့အတူ ဒီမိုကရေစီအရေး တွင်တွင်ပြောနေတဲ့ အနောက်နိုင်ငံတွေကိုလဲ လေနဲ့မဟုတ်ဘဲ ပြည်သူကို ဘယ်လိုကူညီမလဲဆိုတဲ့ မေးခွန်းကို ထုတ်သွားနိုင်ခဲ့ပါတယ်။ တိုက်ဆိုင်တာက ဒီနေ့ဟာ DASSK ကို အမိန့်ချမယ့်နေ့ပါ။ အောက်က ဒီမိုသီချင်းလေးထဲက စာသားလေးလို “တစ်ယောက်ထဲ ခံစားနေရမယ် အမေ့သားတွေသမီးတွေလက်တွေပြ ပခုံးပေါ်ထမ်းတင်ထားတဲ့ အမေ့စကားတွေ နားထဲကြားနေရ ဘယ်လိုအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ် စိတ်ကိုထားတစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကျရင် ပိတ်ထားတဲ့ တံခါးများပွင့်မှာပါ”။

DASSK အဖမ်းမခံရရင် နောက်ဆုံးပြောသွားတာက ကျွန်မတို့မှာ အားကိုးစရာဆိုလို့ ပြည်သူသာရှိပါတယ်ဆိုတာပါ။ ပြည်သူညီရင် ပိတ်ထားတဲ့ တံခါးများပွင့်မှာပါ။ ထိုတံခါးများကို ဘယ်နိုင်ငံကမှ လာဖွင့်ပေးမှာမဟုတ်ဘဲ ပြည်သူကသာ တွန်းဖွင့်ရမှာပါ။

Video Credit: Original uploader

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page