top of page
Search

ပြဿနာများ၏နောက်ကွယ်ကလူ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 23, 2022
  • 1 min read


စာရေးသူက NLD အစိုးရလက်ထက်ကထဲက အသံထွက်တဲ့ကိစ္စတွေဆိုရင် ထိုနောက်မှာ ဘယ်သူရှိလဲဘာရည်ရွယ်ချက်နဲ့လုပ်လဲဆိုတာကို အစိုးရကို အပြစ်မတင်ခင်လေ့လာလေ့ရှိပါတယ်။

မနေ့က သင်းသင်းအိမ်ကို ဝင်စီးပါတယ်။ သင်းသင်းက ဒီမိုတွေနဲ့ ဝေးပါတယ်။ သင်းသင်းရဲ့ပြစ်မှုကမအလတို့မွေးထားတဲ့ ဝေဠုကျော်ကို တရားစွဲပြီး မအလဂွင်ကိုဖျက်လိုက်လို့ပါ။

စာရေးသူက ဝေဠုကျော်ကို မအလလူလို့ နဂိုထဲက ပြတ်ပြတ်သားသားမြင်ပါတယ်။ သူ့ကို ဦးကျော်သူအဖွဲ့နဲ့ စင်ပြိုင်ဖြစ်အောင် ဖွတ်တွေနဲ့ မအလက ထူထောင်ပေးတာပါ။ သူကရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အားပေးရာမှာ မအလလက်ပါးစေ စာရေးဆရာ ဝေဟင်အောင်၊ မဘသတို့နဲ့အတူပူးပေါင်းပါဝင်ပါတယ်။ ဝေဟင်အောင်ဟာ ရခိုင်အမျိုးသားရေးစာမျက်နှာကနေ တက်လာပေမယ့်သူက ရခိုင်တွေကို တကယ်ပြစ်မှုကျူးလွန်သတ်ဖြတ်နေတဲ့ တပ်ချုပ်မအလတပ်ကို အပြစ်မပြောရဲဘဲNLD ကိုသာဖောင်းထုသူပါ။ သူက AA ကိုတော့ ဖားထားရပါတယ်။ မဖားရင် သူဘယ်လမ်းသွားရမလဲဆိုတာ သူသိပါတယ်။

ဝေဠုကျော်ရဲ့ပြစ်မှုဟာ အနောက်နိုင်ငံတွေမှာဆိုရင် me too movement ကြောင့် သူ့ကို ရုပ်ရှင်လုပ်ငန်းတစ်ခုလုံးက အမျိုးသမီးကို မတရားကျင့်သူအဖြစ် သပိတ်မှောက်မှာပါ။ ဒါပေမယ့် တရားမရှိတဲ့တိုင်းပြည်မှာတော့ ယောင်္ကျားလေး ဘာညာဆိုပြီး ပြစ်မှုကလွတ်နေတာ တွေ့ရမှာပါ။

သင်းသင်းအိမ်ကို မအလတပ်က ဝေဠုကျော်အတွက် ဝင်စီးလိုက်တာကနေ မအလရဲ့ ညသန်းခေါင်ယံလူဖမ်းရာမှာပါတဲ့ စရဖအရပ်ဝတ်လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိုက်ရမ်းပုံတွေကို လူတွေက၂၂.၂.၂၀၂၂ ညမှာ ပြန်တွေ့လိုက်ရပြီး ငါတို့တော်လှန်ရေးက အပြီးတိုက်မှရမယ်ဆိုတာကိုကို သတိပြန်ပေးလိုက်သလိုသာ ဖြစ်သွားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ရန်သူမိတ်ဆွေ ခွဲခြားမြင်ပါ။ ရန်သူကို ရန်သူလိုပြတ်ပြတ်သားသား ဆက်ဆံပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page