top of page
Search

ပြည်သူကို အထင်မသေးပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 4, 2021
  • 1 min read

နွေဦးတော်လှန်ရေးအစမှာ အာဆီယံနှင့် တရုတ်နိုင်ငံတို့ဟာ မအလရဲ့တပ်ကိုအထင်ကြီးပြီး ပြည်သူကိုအထင်သေးခဲ့ပုံပါ။ သူတို့တွက်တာက မအလမှာ လက်နက်ရှိတယ်။ ပြည်သူမှာက လက်နက်မရှိဘူး။ထိုင်းနဲ့ ကမ္ဘောဒီးယားမှာလဲ ဒီလိုနဲ့ ပြီးသွားခဲ့လို့ မြန်မာပြည်လဲ သေနတ်နဲ့ ဖြဲခြောက်ရင် ငြိမ်သွားမယ်လို့ ထင်ခဲ့ပါတယ်။

ယခုအချိန်အထိ ပြည်သူတွေဟာ သေအောင်ပစ်နေတဲ့ကြားက လမ်းပေါ်ထွက်နေဆဲပါ။ လူသေတာများလာချိန်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေကအစ အလုပ်သမား လယ်သမားလက်လုပ်လက်စား အားလုံးက လက်နက်စွဲကိုင်ဖို့ စစ်သင်တန်းတက်လာတာ တွေ့ရပါတယ်။


ကလေးတဝိုက်နဲ့ မုံရွာဝန်းကျင်မှာ ဖြစ်နေတာတွေက


“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊

ပြည်သူ့ခွန်အား မကိုးစားလျှင်၊

ဓါးသွားလဲကြွေ၊ လှံလဲခွေအံ့ ။”


ဆိုတာကို ပြနေပါတယ်။


အဆိုပါဒေသခံတွေဟာ ဘာစစ်သင်တန်းမှ မတက်ထားပါ။ ဘာဗျူဟာမှ မသင်ထားပါ။ စစ်တပ်ကလဲညှာတိုက်နေတာ မဟုတ်ပါ။ ထုံးစံအတိုင်း အင်အားသုံးဖို့လုပ်တာပါဘဲ။ ဒါပေမယ့် ဒေသခံတွေရဲ့ယုံကြည်ချက် နာကျည်းချက်က ပြင်းပြလို့ အသေခံတိုက်ချိန်မှာ ဗျူဟာကျကျ ဖြတ်တိုက်ချိန်မှာစစ်မြေပြင်ဆေးရုံကို ဒဏ်ရာရသူများစွာ ရောက်လာခဲ့ပါပြီ။ သူတို့အသေအပျောက်များချိန်မှာ သူတို့က အဆိုပါဒေသခံတွေကို နယ်စပ်ကစစ်သင်တန်းတက် ပြန်လာသူတွေက တိုက်နေတယ် AA နဲ့ KIA က ဝင်ကူတယ်ဆိုပြီးတောင် သတင်းလိမ်ပို့ပါသေးတယ်။ ဒါဟာ တူမီးသေနတ်သာ ရှိပါသေးတယ်။M16 သာ သူတို့လက်ထဲရောက်သွားခဲ့ရင် နေပြည်တော်ဟာ မြေပြိုသလို ဖြစ်သွားမှာပါ။ သူတို့နဲ့ မအလတပ်သား ဘာကွာလဲဆိုတော့ စိတ်ဓတ်ကွာပါတယ်။


မအလဟာ အောက်က တအားထောက်ခံနေတယ်ဆိုတဲ့ ငပေါသတင်းပေးစကားတွေနဲ့ အာဏာသိမ်းအပြီးမှာ ပြည်သူက တအားမုန်းနေတယ်ဆိုတာ သိသင့်ပါပြီ။ မသိရင်လဲ ရူးနေလို့သာ ဖြစ်မှာပါ။ ယခုလဲ ဆယ်လီတစ်ယောက်က မိမိကို အပုတ်ချရင် ဖြစ်နိုင်ပေမယ် ဆယ်လီတိုင်းက မိမိမကောင်းကြောင်းပြောနေရင်တော့ မိမိက တကယ်မကောင်းတာသာ ဖြစ်မှာပါ။ ယခုဟာက ကျော်ကျော်နန္ဒမှသည် ဦးကျော်သူအထိ မအလကို မုန်းနေတာပါ။ သူများကို ၅၀၅ နဲ့ တရားမစွဲဘဲ မိမိကိုယ်ကို ရှက်တတ်ရင်သက်သေဖို့သာ ရှိမှာပါ။


ယခုလဲ မိမိတပ်က မောင်မောင်အေးနဲ့ မိုးမြင့်ထွန်းလို ငပေါတွေက စစ်မျက်နှာတိုင်းဖွင့်တိုက်ပြီး ရခိုင်မှာပါ ပြန်ထိုးစစ်ဆင်ကာ အကုန်ရှင်းဖို့ ပြင်နေပြန်ပါပြီ။ မိမိတပ်ကို ယုံရင်တော့ လုပ်လိုက်ပါ။ ဒါမှလဲမြန်မြန် ICC မှာ အဆုံးသတ်သွားမှာပါလို့ ပြောပါရစေ။ မဟုတ်ရင်လဲ ပြည်သူတွေရဲ့ ဖယ်ဒရယ်တပ်ကဝင်သိမ်းချိန်မှာ ပါသွားမှာပါ။ ပြည်သူကို အထင်မသေးပါနဲ့လို့သာ ကြိုပြောထားပါရစေ။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page