top of page
Search

ပြည်ထဲရေးဝန်ကြီး လစ်လပ်သွားတာ အစိုးရအတွက်ကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 3, 2020
  • 1 min read

ပြည်ထဲရေးဝန်ကြီးကို တပ်က ပြန်ခေါ်တယ်ဆိုပြီး သမ္မတကို ခွင့်မတောင်းဘဲ လုပ်ခဲ့ပါတယ်။ ပြီးမှသူက လစ်လပ်သွားတဲ့နေရာကို သူခန့်ချင်တဲ့လူ နာမည်တင်မယ်ပေါ့။ ဒါပေမယ့် သမ္မတက လက်မှတ်ဘာမှမထိုးသေးဘဲ နေနေလို့ တပ်ကနေ သတင်းဌာနတွေကိုပြောပြီး ဖိအားပေးတာဟာ ရိုးသားမှုရှိလားစဉ်းစားစရာပါ။ သမ္မတရုံးကတော့ ခြေဥအရလုပ်မယ်ပေါ့။

သမ္မတအနေနဲ့ ယခင်ရေးခဲ့သလို တပ်ချုပ်က ဖြုတ်တာကို အတည်ပြုလက်မှတ်မထိုးတာ၊ သူနာမည်တင်သွင်းသူကို အတည်မပြုတာတွေ လုပ်ထားသင့်ပါတယ်။ မေးခွန်းက ဒီလိုလုပ်လို့ရလား ဒီလိုလုပ်ရင် ဘာအကျိုးအပြစ်တွေရှိလဲ လေ့လာကြည့်ရအောင်။ ၂၀၀၈ ခြေဥမှာ သမ္မတသည် ပြည်ထဲရေးဝန်ကြီးကို တပ်ချုပ်က အဆိုပြုသူကို ခန့်ရမယ်လို့ပါပေမယ့် ရက်ပေါင်းဘယ်နှစ်ရက်အတွင်း ခန့်ရမယ်လို့ မပါပါ။ ဒါကြောင့် သမ္မတကြီးအနေနဲ့ ပြည်ထဲရေးဝန်ကြီးရာထူးကို လွှတ်တော်ကိုမတင်ဘဲလက်မှတ်မထိုးဘဲ နှစ်ပေါင်းများစွာ ထားလို့ရသလို ဖြစ်သွားပါတယ်။ ဒါကလဲ ၂၀၀၈ ခြေဥရဲ့ဟာကွက်လေးပါဘဲ။ တပ်ချုပ်အနေနဲ့ မကျေနပ်ရင် ခြေဥခုံရုံးကို သွားလျောက်ထားရုံပါ။ ဒါက ဥပဒေအရ တရားဝင် လုပ်လို့ရတာပါ။

ဒါဆို ပြည်ထဲရေးဝန်ကြီးရာထူးမှာ ဝန်ကြီးမရှိတာရဲ့ အကျိုးအပြစ်ကို လေ့လာရအောင်။ စာရေးသူအမြင်မှာတော့ ပြည်ထဲရေးဌာနမှာ ဝန်ကြီးရှိတာနဲ့ မရှိတာ ဘာမှသိပ်မထူးပါ။ သူရှိလဲ အောင်ဝင်းခိုင်မမိသလို ဝီရသူလဲ မမိပါ။ V အမှုတောင် အမှုမှန်မပေါ်သေးပါ။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီး လစ်လပ်လဲ အစိုးရအတွက် အရှုံးမရှိနိုင်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနဟာ ယခုထက်ပိုဆိုးသွားစရာ မရှိတော့ပါ။

ပြည်ထဲရေးဝန်ကြီးနေရာ လစ်လပ်ရင် အစိုးရအတွက် အမြတ်တောင်ထွက်နိုင်ပါတယ်။ ပထမအမြတ်က သမ္မတကတောင် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်ရိုက်စီမံခန့်ခွဲလို့ ရလာနိုင်ပါတယ်။ ဒုဝန်ကြီးကစိတ်ဆိုးပြီးထွက်သွားလဲ အတွင်းဝန်ကတဆင့် အုပ်ချုပ်ရုံပါ။ ဒါက ပထမအဆင့် အစိုးရအနေနဲ့ပြည်ထဲရေးဝန်ကြီးအသစ်ကို ချက်ချင်းမခန့်တာကရနိုင်တဲ့ အမြတ်ပါ။ရဲချုပ်တို့ အမြဲတမ်းအတွင်းဝန်တို့က သမ္မတကတိုက်ရိုက်ခန့်နိုင် ဖြုတ်နိုင်လို့ ပိုတောင်အကျိုးများနိုင်ပါတယ်။ သူတို့လဲ ဝန်ကြီးနေရာလစ်လပ်ပြီး သမ္မတက တိုက်ရိုက်အုပ်ချုပ်ရင် စာရေးသူတို့လူမျိုးက နီးရာဓား ကြောက်ပါတယ်။

ဒုတိယအမြတ်ကတော့ ကာလုံခေါ်ရင် ပြည်ထဲရေးဝန်ကြီးနေရာက လစ်လပ်နေလို့ အစည်းအဝေးတက်မယ့်လူ မရှိတာပါ။ ဒါဆိုရင် သူ့မဲအသာမရှိတော့ပါဘူး။ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတွေလဲ ယခုပုံစံအတိုင်း ထွက်သွားခဲ့ရင် ပိုတောင်ကောင်းသွားပါမယ်။ ဥပမာ ကာကွယ်ရေးဝန်ကြီးနေရာ လစ်လပ်နေလဲ အစိုးရအတွက် ဘာမှမဖြစ်ပါ။ ကာလုံမှာ နေရာသုံးနေရာ လစ်လပ်သွားရင် မဲပေးရင် နိုင်ပါပြီ။

ဒါကြောင့် သမ္မတကြီးအနေနဲ့ မိမိကြိုက်သူမတွေ့မချင်း သူ့လူကိုလက်မှတ်မထိုးဘဲထားပြီး သင်ခန်းစာပေးသင့်ပါတယ်။ ပြည်ထဲရေးဝန်ကြီးနေရာကို မခန့်ဘဲထားတာဟာ အစိုးရအတွက် အကျိုးများနိုင်ကြောင်း တင်ပြလိုက်ပါတယ်။ ဖြစ်နိုင်ရင် ၂၀၂၀ ရွေးကောက်ပွဲပြီးသည်အထိ မခန့်ဘဲထားရင်အကောင်းဆုံးပါ။ အဲ့ဒီဝန်ကြီးဌာနကို သမ္မတက တိုက်ရိုက်အုပ်ချုပ်လိုက်ပါ။ ခြေဥမှာ သမ္မတကတိုက်ရိုက် မအုပ်ချုပ်ရလို့ မပါပါ။


အရေးကြီးဆုံးက အစိုးရအနေနဲ့ တပ်ချုပ်က မိမိဖြုတ်လိုသူကိုဖြုတ် ခန့်လိုသူကို အလွယ်တကူပေးခန့်ရင် နောက်ပိုင်းပိုဆိုးလာပါမယ်။ ဒီပို့ကို တစ်နှစ်လောက် လစ်လပ်လုပ်လိုက်ရင် ကျောင်းမှန်ကန်မှန်သိသွားပါမယ်။


သမ္မတကြီးလဲ ဒီစာကို ဖတ်မိမယ်လို့ထင်ပါတယ်။ NLD က CEC တွေ၊ လွှတ်တော်အမတ်တွေလဲ ဒီစာကို ဖတ်မိမယ်လို့ ထင်ပါတယ်။ အစိုးရအနေနဲ့ စဉ်းစားနိုင်အောင်ပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page